Print

တက်စထရိုစတီရုန်း မြင့်မားစေသောအစာများ

  30-Oct-2016
Preview Image

** ကန်စွန်းဥနှင့် အာလူး **

အက်စထရိုစတီရုန်းဟော်မုန်း ထုတ်လုပ်ဖို့ ကာဗွန်ဟိုက်ဒရိတ်ရရျိဖို့ လိုအပ်ပါတယ်။ ကောက်နှံကွေကာတွေကနေ ကာဗွန်ဟိုက်ဒရိတ်ကို ရရိုနိုင်ပါတယ်ဆိုပေမယ့် ဂလူတန်နဲ့မတည့်တဲ့သူတွေမှာ ပြဿနာတချို့ရှိတတ်ပါတယ်။ ကန်စွန်းဥ၊ အာလူးတွေကနေရရှိတဲ့ ကာဗွန်ဟိုက်ဒရိတ်မှာ ဂလူတန်မပါ၀င်တဲ့ အပြင် တက်စထရိုစတီးရုန်း ထုတ်လုပ်ဖို့ လုံလောက်တဲ့ ကာဗွန်ဟိုက်ဒရိတ်ကို ရရှိနိုင်ပါတယ်။

 

**ကော်ဖီ **

ကော်ဖီသောက်သုံးတာက အာရုံကြောစနစ်ကို လှုံ့ဆော်ပေးလို့ တက်စထရိုစတီရုန်း ထုတ်လုပ်မှုကိုအားပေးပါတယ်။ ကော်ဖီမှာ အင်တီင်္အောက်ဆီးဒင့်တွေလည်း များစွာပါ၀င်လို့ မနက်စာစားတိုင်းမှာ ကော်ဖီတစ်ခွက်သောက်ဖြစ်အောင်သောက်ပါ။

 

** အစေ့အဆန် **

အစေ့အဆန်ထဲမှာပါ၀င်တဲ့ မရှိမဖြစ်အဆီတွေက တက်စထရိုစတီးရုန်းဟော်မုန်း ထုတ်လုပ်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ် ဒါအပြင် အင်တီအောက်ဆီးဒင့်ဖြစ်တဲ့ ဆီလီနီယမ်ပါ၀င်လို့ တက်စထရိုစတီးရုန်း ထုတ်လုပ်မှုကိုအားပေးပါတယ်။

 

** သံလွင်ဆီ **

သံလွင်ဆီက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဖြစ်ပြီး နှစ်ပတ်သုံးစွဲပါက တက်စထရိုစတီးရုန်းဟော်မုန်း ၁၇ ရာခိုင်နှုန်း တက်လာတယ်လို့ လေ့လာမှုမှာတွေ့ရပါတယ်။ အင်တီအောက်ဆီးဒင့်တွေလည်း များစွာပါ၀င်လို့ ခန္ဓာကိုယ်တွင်ရောင်ရမ်းမှုတွေကိုလျော့နည်းစေတဲ့ အာနိသင်ကိုကိုလည်း ရရျိနိုင်ပါတယ်။

 

** စပျစ်သီး **

စပျစ်သီးခြောက်ထဲမှာ အင်တီအောက်ဆီးဒင့်တွေဖြစ်တဲ့ ရက်စ်ဗာရက်ထရောတွေ များစွာပါ၀င်ပြီး တက်စထရိုစတီးရုန်း ထုတ်လုပ်မှုကိုမြင့်မားစေပါတယ်။ စပျစ်သီးခြောက်နေ့စဉ်ပုံမှန်စားသုံးပါက ကျားဟော်မုန်းအီစထရိုစတီရုန်းဟော်မုန်း မြင့်မားစေပြီး မဟော်မုန်းအီစထရိုဂျင် လျော့နည်းစေတယ်လို့ လေ့လာမှုတချို့မှာတွေ့ရှိခဲ့ရပါတယ်။

 

** ချင်း (ဂျင်း) **

ချင်း (ဂျင်း)ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် အိမ်တွင်းမီးဖိုချောင်မှာ မပါမဖြစ်အသုံးပြုတတ် ကြပါတယ်။ ချင်း(ဂျင်း) ကို ဖြည့်စွက်အစာအနေနဲ့စျေးကွက်ထဲကနေ ၀ယ်ယူသုံးစွဲနိုင်ပါတယ်။ ပုံမှန်သုံးစွဲပါက တက်စထရိုစတီးရုန်းပမာဏ ၁၇ ရာခိုင်နှုန်းမြင့်မားစေတယ်လို့ သုတေသနတချို့မှာတွေ့ရပါတယ်။

 

** အညိုရောင်ချောကလက် **

အညိုရောင်ချောကလက်ထဲမှာ ပါ၀င်တဲ့ကိုကိုးက တက်စထရိုစတီးရုန်းပမာဏကို မြင့်မားစေပါတယ်။ ဒါ့အပြင် နှလုံးနဲ့ သွေးကြောရောဂါတွေ၊ ဆီချိုသွေးချိုရောဂါနဲ့သွေးတိုးရောဂါဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။

 

** ဥအမျိုးမျိုး **

ဥအမျိုးမျိုးမှာ ပရိုတင်းဓာတ်ကြွယ်ဝစွာပါ၀င်ပြီး ခန္ဓာကိုယ်အတွက် လိုအပါတဲ့ အမိုင်နိုအက်စစ်ပမာဏ ကို ဖြည့်စွက်ပေးပါတယ်။ ဒါ့အပြင် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ အဆီဓာတ်တွေပါ၀င်လို့ တက်စထရိုစတီးရုန်း ထုတ်လုပ်မှုကို မြင့်မားစေပါတယ်။

 

** ထောပတ်သီး **

ထောပတ်သီးထဲမှာ ကောင်းတဲ့အဆီဓာတ်တွေ များစွာပါ၀င်ပြီး တက်စထရိုစတီးရုန်းထုတ်လုပ်မှုကို အားပေးပါတယ်။ ဒါ့အပြင် တက်စထရိုစတီးရုန်း ထုတ်လုပ်မှုကို မြင့်မားစေတဲ့ ဆီပျော်ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း များစွာပါ၀င်ပါတယ်။

 

** မှို **

မှိုမှာ ပိုလီဆက်ခရိုက်တွေ များစွာပါ၀င်ပြီး မဟော်မုန်းဖြစ်ပေါ်မှုကို ဆန့်ကျင်ပေးတယ်လို့ လေ့လာမှုများ စွာအရသိရပါတယ်။ တက်စထရိုစတီးရုန်းဟော်မုန်းကနေ အီစထရိုဂျင်ဟော်မုန်းအဖြစ် ပြောင်းလဲမှုကို ဟန့်တားပေးတဲ့ အင်ဇိုင်းကို တားဆီးပေး

ပါတယ်။

 

** ဒိန်ချဉ် **

ဒိန်ချဉ်ထဲမှာ အကျိုးပြုဘက်တီးရီးယားတွေ များစွာပါ၀င်လို့ တက်စထရိုစတီးရုန်း ထုတ်လုပ်မှုကို မြင့်မားစေပါတယ်။ ၂၀၁၄ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုအရ ဒိန်ချဉ်ကိုပုံမှန်စားသုံးပါက တက်စထရိုစတီးရုန်းဟော်မုန်းပမာဏ မြင့်မားစေတဲ့အပြင်ဝှေးစေ့အရွယ်အစားနဲ့ အလေးချိန်ကိုမြင့်မားစေတာ၊ အသက်ကြီးတာကြောင့်ဖြစ်တဲ့ဝှေးစေ့ကျုံ့တာကနေကာကွယ်တာ၊ သုတ်ကောင်အရေအတွက် မြင့်မားစေတာ စတဲ့ကောင်းကျိုးတွေကို ရရှိနိုင်ပါတယ်။

 

** သလဲသီး **

သလဲသီးဖျော်ရည်ကို နေ့စဉ်နှစ်ပတ်ဆက်တိုက်သောက်ပေးပါက သွေးဖိအားကို ပုံမှန်ဖြစ်စေပါတယ်။ သွေးတွင်း မကောင်းတဲ့အဆီဓာတ်တွေ ကိုလျော့နည်းစေပြီးသွေးလှည့်ပတ် စီးဆင်းမှုကို ကောင်းမွန်စေပါတယ်။ သလဲသီးမှာ ပါ၀င်တဲ့ဒြပ်ပေါင်း တချို့ က အီစထရိုဂျင် ဖြစ်ပေါ်မှုကို ဟန့်တားပေးပါတယ်။

 

** ကြက်သွန်နီ **

ကြက်သွန်နီထဲမှာ အင်တီအောက်ဆီးဒင့်တွေ၊ ဖိုက်တိုကယ်မီကယ်နဲ့ တက်စထရိုစတီးရုန်းဟော်မုန်းမြင့်မားစေတဲ့ ဒြပ်ပေါင်းတချို့ပါ၀င်ပါတယ်။ အစာစားတဲ့အခါ ကြက်သွန်နီကိုက်စားတတ်တဲ့ အမျိုးသားတွေမှာ ဟော်မုန်းပမာဏ ၃၀ ရာခိုင်နှုန်းမြင့်မားစေတယ်လို့ သုတေသနတွေမှာတွေ့ရတယ်။

 

** ကြက်သွန်ဖြူ **

ကြက်သွန်ဖြူစားသုံးတာက ပါးစပ်နံတယ်ဆိုပေမယ့် ကြက်သွန်ဖြူထဲကနေနိုက်ထရစ်အောက်ဆိုက်ရရှိနိုင်ပါတယ်။ ပရိုတင်းရရှိနိုင်လို့ တက်စထရိုစတီးရုန်း ထုတ်လုပ်မှုကို မြင့်မားစေပါတယ်။

 

** ကမာကောင် **

ကမာကောင်က တက်စထရိုစတီးရုန်း မြင့်မားစေတဲ့အစာပါ။ ကမာကောင်မှာ ဇင့်၊ မဂ္ဂနီဆီယမ်၊ ဆီလီနီယမ်၊ ကော့ပါးနဲ့ ဗီတာမင်ဒီများစွာပါ၀င်လို့ တက်စထရိုစတီးရုန်းဟော်မုန်းထုတ်လုပ်မှုကို မြင့်မားစေပါတယ်။

 

Ref:

အလင်း (ဆေးဝါး)

Arogyan Magazine

No.277, Pg.189-193,August.2015



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18