Print

ခြေဖနောင့်ကွဲခြင်းအတွက် ငှက်ပျောသီး

  30-Oct-2016
Preview Image

ငှက်ပျောသီးက အစိုဓာတ်ကို ထိန်းပေးလို့ ခြေဖနောင့်ကွဲအက်တာကို ဖယ်ရှားနိုင်ပါတယ်။ ငှက်ပျော သီးမှည့် နှစ်လုံးကို ခြေပြီးသန့်စင်ထားတဲ့ ခြေဖဝါးနဲခြေဖနောင့်ပေါ် လိမ်းပေးပါ။ ၁၀ မိနစ်ထားပြီးမှ ရေနဲ့သန့် စင်ဆေးကြောပါ။

 

ကြေးချွတ်အာနိသင်ရှိတယ်

ငှက်ပျောသီးမှာ အင်တီအောက်ဆီးဒင့်တွေ များစွာပါ၀င်လို့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် ဆဲလ်အသစ်ဖြစ်ပေါ်မှုကိုလည်း အားပေးပါတယ်။

နည်းလမ်း(၁) ။ ။ ငှက်ပျောသီးမှည့်ကို သကြားထမင်းစားဇွန်း တစ်ဇွန်းနှင့်ရောပြီး မျက်နှာပြင်အနှံ့ စက်ဝိုင်း ပုံစံ ပွတ်လိမ်းပေးပါ။ ငှက်ပျောသီးက ခြောက်သွေ့နေတဲ့ အရေပြားကို စိုပြေစေပြီး ဆဲလ်သေတွေကိုလည်း ဖယ်ရှားပေးပါတယ်။

နည်းလမ်း(၂)။ ။ ငှက်ပျောသီးမှည့်ကို အုတ်ဂျုံ ထမင်းစားဇွန်း ၂-၃ ဇွန်း၊ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်း၊ နို့ ထမင်းစားဇွန်း တစ်ဇွန်းတို့နှင့်ရောပြီး မျက်နှာပြင်အနှံ့ ပွတ်လိမ်းပေးပါ။ ၅ မိနစ်ထားပြီးမှာ ရေအေးနဲ့ သန့်စင် ဆေးကြောပါ။

နည်းလမ်း(၃)။ ။ ှုှက်ပျောသီးမှည့် တစ်ဝက်ကို အုန်းနို့ထမင်းစားဇွန်း တစ်ဇွန်း၊ ဆန်ထမင်းစားဇွန်း နှစ်ဇွန်း၊ တို့နဲ့ရောပြီး စက်ထဲထည့်မွှေပါ။ ရလာတဲ့ ခပ်ပျစ်ပျစ်အရည်ကို

မျက်နှာပေါ် ညင်သာစွာ ပွတ်လိမ်းပါ။ ၁၅ မိနစ် ထားပြီးမှ ရေနဲ့သန့်စင်ပေးပါ။

နည်းလမ်း(၄)။ ။ ငှက်ပျောသီးမှည့်နှစ်လုံးနှင့် စတော်ဘယ်ရီသီး ၄-၅လုံးကို စက်ထဲထည့်မွှေပြီး သကြား လက်ဖက်စားဇွန်း ၃ ဇွန်းနဲ့ ရော့ာ ခန္ဓာကိုယ်အနှံ့ ပွတ်လိမ်းပေးပါ။ ပြီးမှရေချိုးပါ။

 

Ref:

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Arogyam Magazin No.271,Pg.103-108,Ferbruary 2015

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18