Print

ဆေးပေါင်းခတဲ့ည” နှင့် "မဲဇလီဖူး ၏ ကျန်းမာရေးစွမ်းပကား

  30-Oct-2016
Preview Image

မဲဇလီဖူးသုပ်ကို ဆေးဖက်ဝင်တဲ့ အစာအဖြစ် ဆေးပေါင်းခတဲ့ တန်ဆောင် မုန်းလပြည့်နေ့မှာ စားလေ့ရှိကြပါတယ်။ မဲဇလီဖူးမှာရေဓာတ်၊ ဂလူကို့လ်ဆိုက်၊ ကတ်သတစ်အက်စစ်၊ အန်သရိုကွီနုန်း၊ ကမ်ဖီရောစတဲ့ ပစ္စည်းတွေ ပါဝင်တာကြောင့် ဆေးဖက်ဝင်တဲ့ အပင်ထွက်ပစ္စည်းအနေနဲ့ စားသုံးကြတာဖြစ်ပါတယ်။ မဲဇလီဖူးမှာ အောက်ပါ အကျိုးကျေးဇူးတွေ ရှိကြောင်းသိရပါတယ်။ အစာအိမ်အူလမ်းကြောင်းကိုကျန်းမာစေပါတယ်။ မဲဇလီဖူးကို ရောဂါကင်းရှင်းစေတဲ့ အစွမ်းရှိတယ်လို့ ဆိုကြပါတယ်။ အကြောင်းကတော့ အန်သရာကွီနုန်း ပမာဏ များစွာပါဝင်ပြီး ဝမ်းချုပ်တာ၊ သွေးထွက်တာနဲ့ အက်စစ်ဆန်တက်ပြီး ရင်ပူတာတို့လို အစာခြေအူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဆန့်ကျင်ရာမှာ အဓိက အသုံးဝင်ပါတယ် ဝမ်းမှန်မှန်သွားစေပါတယ်။မဲဇလီဖူးဟာ အူတွေကိုသန့်စင်စေပြီး အူမကြီးရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေတာကြောင့် ဝမ်းပျော့ပျော့သွားစေတဲ့ အာနိသင်ရှိပါတယ်။ ဒါ့အပြင် အူလမ်းကြောင်းရှိ တုတ်ကောင်တွေကို ဖယ်ရှားပေးတဲ့ အစွမ်းလည်းရှိပါတယ်။ ပျို့ချင်အန်ချင်တာကို သက်သာစေပါတယ်။ မဲဇလီဖူးကို အနည်းငယ်စားပေးရင် ပျို့ချင်အန်ချင်ဖြစ်တာကို သက်သာစေပါတယ်။ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေ ပါတယ်။မဲဇလီဖူးကို စားတာကြောင့် သရက်ရွက်ထဲမှ ဆဲလ်အသစ်များများဖြစ်အောင် လှုံ့ဆော်ပေးနိုင်တဲ့အတွက် ဆေးဖက်ဝင် အစွမ်းရှိတာပါ။ ရောဂါကိုတွန်းလန်နိုင််တဲ့ အစွမ်းရှိတာကို အသေးစိတ် လေ့လာမှုတွေ ဆက်လက်ပြုလုပ်နေကြပြီး ကာကွယ်ဆေးအဖြစ် တွဲဖက်သုံးဖို့ ဖြစ်နိုင်ခြေရှိ၊ မရှိစဉ်းစားနေကြပါတယ်။ ဓာတ်တိုးဆန့်ကျင်နိုင်တဲ့ အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိပါတယ်။ မဲဇလီဖူးမှာအစွမ်းထက် အင်တီအောက်ဆီးဒင့် ပါဝင်ပါတယ်။ ပိုလီဖီနောဓာတ် ပါဝင်မှုများပါတယ်။ ဒါကြောင့် ဖရီးရယ်ဒီကယ်ကြောင့် ဆဲလ်ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်သလို အသည်းမှာထိခိုက်မှု မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ လူတွေ မှာ ဘယ်လောက်အထိ အသုံးဝင်ထိရောက်မှု ရှိသလဲဆိုတာကိုနောက်ထပ် လေ့လာမှုတွေ ထပ်လုပ်ဖို့ လိုအပ်နေပါသေးတယ်။ ပိုးမွှားတွေကို တွန်းလှန်ပေးပါတယ် လေ့လာမှုတွေအရ မဲဇလီဖူးမှာ Staphylococcus aureus, Pseudomonas aeruginosaနဲ့ Proteus.vulgarisစတဲ့ ပိုးတွေကိုတွန်းလှန်ပေး နိုင်တဲ့ အစွမ်းရှိကြောင်း ဆိုပါတယ်။ ဒါပေမဲ့ ဖန်းဂပ်စ် မှိုတွေကိုတော့ တွန်းလှန်နိုင်တယ်လို့ မပြသထားပါဘူး။ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ မဲဇလီဖူးဟာ ဖရီးရယ်ဒီကယ် တွေကြောင့် ဆဲလ်ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးတဲ့ ဆေးဖက်ဝင် အပင်တစ် မျိုး ဖြစ်တဲ့အတွက် အူမကြီးကင်ဆာနဲ့ အစာဟောင်းအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေနိုင်ပါတယ်။

 

Ref:

ဦးဦးဓာတ်မီး

November 28, 2012

Source:

အေးချမ်းမွန်

မြဝတီ

Linn LattKyal Lay Myar



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18