Print

ဆရာမ နားကြားမှားလို့ပါ

  26-Mar-2018
Preview Image

ဆိုင်ကယ်မှောက်လို့ သတိမေ့နေတဲ့အတွက်

ဆေးရုံကအထူးကြပ်မတ်ကုသဆောင်မှာထားပြီး ကုသပေးနေတာပေါ့

ညပိုင်းရောက်တော့...

သူ့အခန်းထဲ သူနာပြုဆရာမတဦး ဝင်လာတော့

ဆရာမကိုမြင်တော့ သတိပြန်ရနေပြီဖြစ်တဲ့ လူနာက မေးတယ်... ...

"ဆရာမ... ¿#!£€®©%*#"


လူနာရဲ့ပါးစပ်မှာ အောက်စီဂျင်ခွက်တပ်ထားတော့ သူ့စကားသံက ဗလုံးဗထွေးနဲ့မို့ ဆရာမက သေချာမကြားဘူး။

ဒါနဲ့ ဆရာမက ပြန်မေးတယ်... ...


"ရှင်... ဘာပြောတာလဲ"


"ကျနော့်ဂွေးစိက မဲနေလား"


"ဟမ်... ဘာရယ်၊ ကျမက ရှင့်ကို ဆေးထိုးဆေးတိုက်ဖို့လာတာ၊ ရှင့်ဂွေးစိကို ကြည့်ဖို့လာတာ မဟုတ်ဘူး"


"မဟုတ်ဘူး ဆရာမ၊ ကျနော့်ဂွေးစိက မဲနေတာလား မေးတာ"


"ရှင် ဘယ်လိုလူလဲ၊ ရှင့်ဂွေးစိက မဲချင်မဲနေမှာပေါ့၊ ရှင် ဆိုင်ကယ်မှောက်တုန်းက ဆိုင်ကယ်မီးလောင်တယ်ဆိုတော့..."


"အာ...ဆရာမ ကျနော့် ဂွေးစိကို ကြည့်ပါ၊ မဲနေလားလို့..."


"ဟာ... အတော်ဆိုးတဲ့လူပဲ၊ ကဲ ကဲ ဒီလောက်တောင် သိချင်လည်း ကြည့်ပေးမယ်"


... ဆိုပြီး 

လူနာကျေနပ်အောင် လူနာရဲ့ ဝတ်စုံကိုလှန်

ဂွေးကျိကို ဓာတ်မီးနဲ့ထိုးပြီး သေချာကိုင်တွယ် စစ်ဆေးပေးလိုက်တယ်၊


"ရှင့် ဂွေးစိ မမဲဘူး၊ ပုံမှန်အရောင်ပဲ"


အဲဒီမှာ...

လူနာက သူ့မျက်နှာမှာ တပ်ထားတဲ့ အောက်စီဂျင်ခွက်ကို ဆွဲဖြုတ်ရင်းပြောတယ်... ...


"ကျနော့်မေးစိ လွဲနေသလားလို့ မေးတာ၊ ဘယ့်နှယ့် ဂွေးစိ မဲ မမဲ လှန်ကြည့်နေတာတုံး" တဲ့ ခ် ခ်


ခြာမက သေသေချာချာနားမထောင်ဘူးးးးး  :)  :)  :)


Credit : ဆေးလောကဟာသများ



Related Articles


Advertisment 18