Print

မူးလာပြန်ပြီ

  21-Mar-2017
Preview Image

လူတစ်ယောက်သည် အိမ်အနီးမှ အရက်ဆိုင်တစ်ဆိုင်တွင် အရက်တစ်ခွက်ပြီး တစ်ခွက်သောက်လိုက်သည်။ ထို့နောက် အိမ်ပြန်ရန်အထတွင် လဲကျသွား သည်။ နောက်တစ်ကြိမ် ကြိုးစားထသော်လည်း လဲကျသွားပြန်သဖြင့် မထူးပါဘူး ဆိုကာ လေးဖက်တွားပြီး အိမ်သို့ပြန်လိုက်သည်။ အိမ်အရောက် ကုတင်ပေါ်အထိ တွားတက်ပြီး မိန်းမဘေးတွင် အိပ်လိုက်စဉ် …

မိန်းမ   - “သေနာကြီး အရက်တွေနင်းကန်သောက်လာတယ်ပေါ့”

ခင်ပွန်း - “စွပ်စွပ်စွဲစွဲ ဘာကြောင့် ဒီလိုပြောတာလဲ”

မိန်းမ   - “ အခုနပဲ အရက်ဆိုင်က ဖုန်းဆက်တယ်၊ ရှင့်ချိုင်းထောက်နှစ်ခုလုံး မေ့ကျန်ခဲ့တယ်တဲ့”

 

Credit : မာဂျေ ဆေးလောကမှ ဟာသများ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18