Print

နာမှာလား ဟင်

  21-Mar-2017
Preview Image

ပုဂ္ဂလိက ဆေးရုံတစ်ရုံ၏ ခွဲစိတ်ခန်း အတွင်းတွင် နှလုံးခွဲရမည့် လူနာအား မေ့ဆေး ထိုးရန် ပြင်ဆင်နေစဉ် ...

လူနာ     ။ ။ဆရာ..ခွဲစိတ်ချိန်မှာ ကျွန်တော် နာနေမှာလားဟင်..

ဆရာဝန် ။ ။မပူပါနဲ့ခင်ဗျာ..ခွဲစိတ်နေစဉ် ခင်ဗျားနာမှာ မဟုတ်ပါဘူး..မေ့ဆေးကြောင့် သိတောင် သိမှာ မဟုတ်ပါဘူး...

လူနာ     ။ ။ဒါဆို သတိပြန်ရလာရင်ရော ဆရာ..နာနေမှာလား..

ဆရာဝန် ။ ။အဲဒီအချိန်မှာလဲ ..ခင်ဗျားနာမှာမဟုတ်ပါဘူး..ကျွန်တော် ခင်ဗျားကို အနာသက်သာတဲ့ ဆေးတွေ ပေးထားမှာပါ...

လူနာ     ။ ။ဒါဆို ကျွန်တော် လုံးဝ နာကျင်မှုမရှိဘဲ ရောဂါပျောက်သွားမှာပေါ့နော်...

ဆရာဝန် ။ ။အဲလိုတော့ မပြောနိုင်ဘူး..ခင်ဗျား နှလုံး နာမယ့် အချိန်တစ်ခုတော့ရှိတယ်..

လူနာ     ။ ။ဘယ်အချိန်လဲ ဆရာ..

ဆရာဝန် ။ ။ခင်ဗျား ဆေးဖိုး တွက်တဲ့ အချိန်ပေါ့..


Cerdit; တွေ့ရကြုံရဆေးလောက
 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18