Print

လူနာ ဂွစာ (၁၄)

  20-Mar-2017
Preview Image

ကိုဂွစာ သူ့ကို ကုသပေးနေကျ ဆရာဝန်ထံ ရောက်လာသည်... 

"ဟာ ဆရာ... ထမင်းစားတော့မလို့လား? အတော်ပဲ ကျွန်တော် မှိုဟင်း ချက်လာတယ်... တခါတည်း စားလိုက်ပါဆရာ..."

စားရင်းသောက်ရင်း ဆရာဝန်က 

"ကိုဂွစာရဲ့ မှိုဟင်းကတော့ ရှယ်ပဲဗျာ... ဈေးက ဝယ်လာတာလား?"

" မဟုတ်ဘူး ဆရာ... တောထဲက နှုတ်လာတာ..."

" သြော်... ဒါနဲ့ ခင်ဗျားပါ တခါတည်း ဝင်စားသွားပါလား..."

" မစားသေးပါဘူးဆရာရယ်... 

" ဘာဖြစ်လို့လဲ... အားမနာပါနဲ့ဗျ..."

" အားနာလို့ မဟုတ်ပါဘူးဆရာ... ဒါပေမယ့် ကျွန်တော် နာရီဝက်လောက် စောင့်ကြည့်ချင်သေးတယ်ခင်ဗျ..."

:D :D :D
 

Credit : ကြယ်မင်းတာရာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18