Print

ဒေါက်တာဂွစာ (၄၆)

  20-Mar-2017
Preview Image

စိတ်ရောဂါ အထူးကု ဒေါက်တာဂွကို ဂျာနယ်လစ်တစ်ယောက် အင်တာဗျူးနေသည်။

 

"ဆရာ့အနေနဲ့ ဆေးရုံတင်ရမယ့် လူနာကို စိတ်ရောဂါ ရှိမရှိ ဘယ်လိုစမ်းသပ်ပါသလဲ ဆရာ?"

 

"အင်း... ပထမဆုံး ရေချိုးကန်ရှိတဲ့ အခန်းထဲကို လက်ဖက်ရည်ဇွန်းရယ်၊ ဖလားရယ်၊ ရေပုံးတစ်ပုံးရယ်နဲ့ အတူ လူနာကို ထည့်လိုက်တယ်... အဲဒီနောက် ရေချိုးကန်ထဲက ရေကို အမြန်ဆုံး ကုန်အောင် လုပ်ခိုင်းလိုက်တယ်..."

 

"သြော်... သိပ်ပိုင်တဲ့ အကြံပါလား ဆရာရယ်... ပုံမှန် လူတစ်ယောက်ဆိုရင် ရေပုံးနဲ့ပဲ ခပ်ထုတ်မှာပေါ့..."

 

ဒီအခါ ဒေါက်တာဂွ ပြန်ပြောလိုက်တာက-
"မဟုတ်ဘူး... ပုံမှန်လူဆိုရင် ရေချိုးကန်ထဲက ဖော့ဆို့ကို ဖယ်ထုတ်လိုက်မှာပေါ့... အခု ခင်ဗျားအတွက် ကုတင်အမှတ် ၄၉ ကို ပြင်ဆင်ထားပါတယ်... ကြွပါခင်ဗျာ..." တဲ့...

:D :D :D

ကဲ... စာဖတ်သူထဲမှာရော ရေပုံးကို ရွေးမိတဲ့သူ ရှိကြလား... ရွေးမိခဲ့ရင်တော့ ကုတင်အမှတ် ၅၀ ကို ပြင်ဆင်ထားပါကြောင်း... :P :P :P

Credit : ကြယ်မင်းတာရာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18