Print

ဒေါက်တာဂွစာ (၄၄)

  20-Mar-2017
Preview Image

တိရစ္ဆာန် အထူးကု ဒေါက်တာဂွစာသည် အလွန်မေ့တတ်သူ ဖြစ်သည်။ တိရစ္ဆာန်များကို ခွဲစိတ်ပြီးလျှင် ဗိုက်ထဲ ဂွမ်းကျန်ခဲ့သည်နှင့် ကတ်ကြေး ကျန်ခဲ့သည်နှင့် မကြာခဏဆိုသလို ပြန်ခွဲရလေ့ရှိသည်။ ထို့ကြောင့် ယနေ့ ခွဲစိတ်မှုတွင် မည်သည့် ပစ္စည်းမှ မကျန်ရန် ဒေါက်တာဂွ အထူးသတိထားသည်။ ယနေ့ ဆင်ကြီးကို ခွဲစိတ်ရခြင်း ဖြစ်သည်။

 

ခွဲစိတ်အပြီးတွင် ဒေါက်တာဂွ ပစ္စည်းများကို သေချာ ရေတွက်သည်။ ဂွမ်းလုံးများ ကျန်မကျန် စစ်ဆေးသည်။ အားလုံး ပြည့်စုံတော့မှ ဆင်ကြီးကို အပြီးသတ် သေချာစွာ ချုပ်လိုက်လေသည်။ ထို့နောက် ကူညီပေးသည့် သူငယ်ချင်း ဆရာဝန်ကို ပြောသည်။

 

"ကဲ... အခုလို သေချာ စစ်ဆေးလိုက်တော့လည်း ဘာပစ္စည်းမှ မကျန်တော့ဘူးပဲ... အဆင်ပြေသား... အင်း ဒါနဲ့ ကျွန်တော်တို့ရဲ့ သူနာပြု ဆရာမလေးရောဗျ... ဟင်?"

:D :D :D

 

Credit : ကြယ်မင်းတာရာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18