Print

ဒေါက်တာဂွစာ (၄၃)

  20-Mar-2017
Preview Image

မေ့မျောနေရာမှ သတိပြန်ရလာသော လူနာနှင့် ဒေါက်တာဂွ စကားပြောနေသည်။

"ကျွန်တော် ဘယ်လိုလုပ် ဆေးရုံရောက်လာတာလဲ ဆရာ..."

"မနေ့က ခင်ဗျား စီးလာတဲ့ ဘတ်စ်ကားတိုက်မိပြီး ဆေးရုံရောက်လာတာပါ..."

"ဟုတ်ကဲ့... ကျွန်တော့် အခြေအနေလေး သိခွင့်ရမလား ဆရာ...?"

"အင်း... ကျွန်တော့်မှာ ခင်ဗျားကို ပြောစရာ သတင်းဆိုးနဲ့ သတင်းကောင်း ၂ ခုရှိတယ်... ဘယ်ဟာက စပြောစေချင်လဲ? "

"သတင်းဆိုးကနေသာ စပြောပါ ဆရာရယ်..."

"ခင်ဗျားရဲ့ ခြေထောက် ၂ ဖက်လုံး ကားတိုက်မှုကြောင့် ဆိုးဆိုးဝါးဝါး ပျက်စီးသွားတယ်... ဒါကြောင့် မလွှဲသာ မရှောင်သာဘဲ ခြေထောက် ၂ ဖက်လုံးကို ဖြတ်လိုက်ရတယ်..."

"အမလေး... ဆိုးလိုက်တဲ့ သတင်းပါလား!!! ဒါနဲ့ သတင်းကောင်းက ဘာပါလိမ့်?? "

"အဲ... သတင်းကောင်းကတော့ ခင်ဗျား ခြေရင်းက လူနာက ခင်ဗျားရဲ့ ဖိနပ် နှစ်ဖက်လုံးကို ဝယ်မယ်တဲ့ ဗျ..."

:D :D :D

 

Credit : ကြယ်မင်းတာရာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18