Print

ဒေါက်တာဂွစာ (၃၃)

  20-Mar-2017
Preview Image

မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာဂွထံ လူနာတစ်ယောက် လာပြသ သည်။ 

 

"ဆရာရေ... ကယ်ပါဦး... ဘယ်ကိုကြည့်ကြည့် မျက်စိထဲမှာ အမည်းကွက်တွေ ဝေဝေ ဝါးဝါးနဲ့ ပေါ်နေတယ်ဆရာ..."

 

လိုအပ်သော စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်ပြီးနောက်

 

"ခင်ဗျား မျက်လုံးကို ခွဲစိတ်ရလိမ့်မယ်..."

 

မျက်လုံး ခွဲပြီးနောက် တစ်ရက်တွင် ဒေါက်တာဂွ Round လှည့်သောအခါ လူနာအား

 

"ဘယ်လိုလဲ အခုလို ခွဲစိတ်လိုက်တော့ အဆင်ပြေသွားပြီမဟုတ်လား? "

 

"ဟုတ်ကဲ့... အခု အမည်းကွက်တွေကိုတော့ အရင်ကထက် ကြည်ကြည်လင်လင် မြင်ရပြီ ဆရာရေ... "

:D :D :D

 

Credit : ကြယ်မင်းတာရာ



Related Articles


Advertisment 18