Print

ဒေါက်တာဂွစာ (၂၈)

  20-Mar-2017
Preview Image

ဒေါက်တာဂွ။ ။ "ကျွန်တော့်မှာ သတင်းဆိုးနဲ့ ပိုဆိုးတဲ့ သတင်းဆိုး ၂ ခု ခင်ဗျားကို ပြောစရာရှိတယ်ဗျာ..."


လူနာ ။ ။ "ရင်တုန်လိုက်တာ ဆရာရယ်... သတင်းဆိုး ဆိုတာလေးကို အရင် ပြောပါဦး..."


ဒေါက်တာဂွ ။ ။ "စစ်ဆေးထားတဲ့ ဓါတ်ခွဲခန်း အဖြေတွေအရ ခင်ဗျား အသက်ရှင်ဖို့ ၂၄ နာရီပဲ ကျန်တော့တယ်..."


လူနာ ။ ။ "ဗျာ!!! အောင်မလေး ဆရာရယ်... ဆိုးလိုက်တဲ့ သတင်းပါလား... ဒီထက် ဆိုးစရာ သတင်းရှိနိုင်ပါတော့မလားဗျာ..."


ဒေါက်တာဂွ ။ ။ " ဟုတ်ကဲ့... ရှိပါတယ်... အဲဒါကတော့ ခင်ဗျားကို ဒီသတင်းပြောဖို့ မနေ့က ကျွန်တော်မေ့သွားတယ်..."
:D :D :D

 

Credit : ကြယ်မင်းတာရာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18