Print

ဒေါက်တာဂွစာ (၅)

  22-Feb-2017
Preview Image

မိမိကိုယ်ကို သေပြီဟု ယုံကြည်နေသော စိတ်ရောဂါရှင် လူနာကို ဒေါက်တာဂွ ကုသရန်ကြိုးစားနေသည်... လူနာကို မှန်ရှေ့တွင် ရပ်၍ မိမိကိုယ်ကိုကြည့်ပြီး
"သေတဲ့သူက သွေးမထွက်ဘူး... သေတဲ့သူက သွေးမထွက်ဘူး..." ဟူ၍ ထပ်ကာထပ်ကာ ရွတ်စေသည်...
လူနာ၏ စိတ်ထဲတွင် သေတဲ့သူသွေးမထွက်ဟူသော အတွေးစွဲလောက်သော အခါ အပ်ဖြင့် လူနာ၏ လက်ထိပ်ကို ဆတ်ကနဲ ထိုးလိုက်လေသည်... ထို့နောက် သွေးထွက်လာသော လက်ကို ပြကာ 
" ဒီမှာ တွေ့လား... သွေးထွက်တယ်..."
"ဟုတ်ကဲ့... သွေးထွက်နေတယ်..."
"ဟုတ်ပြီ... အဲဒီတော့ ခုနက မင်းရေရွတ်နေတဲ့ စကားအရနဲ့ အခု မြင်ရတဲ့ အမြင်အရ မင်းဘယ်လို ကောက်ချက်ချမလဲ? "
"သေတဲ့သူက သွေးမထွက်ဘူးလို့ ဆရာက ပြောတယ်လေ..."
"ဟုတ်ပြီ..."
"အခု ကျွန်တော်က သွေးထွက်နေတယ်..."
"ဟုတ်လာပြီ... အဲဒီတော့...??"
"အဲဒီတော့... သေတဲ့သူက သွေးထွက်တယ်ဆိုတာ ကျွန်တော် ဆရာ့ကို အခု သက်သေပြလိုက်နိုင်ပြီလေ..."



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18