Print

စပျစ်သီးသန္ဓေတည်ခြင်း (Hydatidiform Mole)

  15-Jul-2019
Preview Image

စပျစ်သီးသန္ဓေတည်ခြင်း (Hydatidiform Mole) ဆိုသည်မှာ အချင်းထဲရှိ ဆဲလ်များဖြစ်သော Trophoblast များ၏ မူမမှန်ကြီးထွားမှုကြောင့် ဖြစ်ပွားပါတယ်။

စပျစ်သီးသန္ဓေတည်ခြင်းကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ပြဿနာများစွာ ရှိပါတယ်။ ဒီပြဿနာတွေထဲမှာ စောစောကုသဖို့လိုတဲ့ ရှားပါးတဲ့ ကင်ဆာတစ်မျိုးလည်း ပါဝင်ပါသည်။


လက္ခဏာများ

စပျစ်သီးသန္ဓေဟာ အစောပိုင်းမှာတော့ ပုံမှန် သန္ဓေတည်သလိုပါပဲ။ ဒါပေမယ့် သူ့မှာ ထင်ရှားတဲ့ လက္ခဏာတွေရှိနိုင်ပါတယ်။ အဲ့ဒီလက္ခဏာတွေကတော့

·         ကိုယ်ဝန်ပထမ သုံးလအတွင်း အနီရောင်မှ အညိုပုတ်ရောင်သွေးများ ဆင်းခြင်း

·         အပြင်းအထန် မူးဝေအော့အန်ခြင်း

·         တခါတရံ မိန်းမကိုယ်ထဲမှ စပျစ်သီးလို အရည်အိတ်ကလေးများဆင်းခြင်း

·         ခါးကိုက်ခြင်း စတာတွေဖြစ်ပါတယ်။

အထက်ပါလက္ခဏာတွေ ခံစားနေရရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပါတယ်။ ဆရာဝန်က စမ်းသပ်စစ်ဆေးပြီးနောက်မှာ အောက်ပါလက္ခဏာများကိုလည်း တွေ့ရှိနိုင်ပါတယ်။

·         သားအိမ်အရွယ်အစား အလျင်အမြန်ကြီးထွားခြင်း

·         သွေးပေါင်တက်ခြင်း

·         အစောပိုင်းကိုယ်ဝန်ဆိပ်တက်လက္ခဏာများရှိခြင်း

·         သားဥအိမ်ရည်အိတ်တည်ခြင်း

·         သွေးအားနည်းခြင်း

·         သိုင်းရွိုက်လုပ်ဆောင်ချက်များတက်နေခြင်း စတာတွေ့ရပါတယ်။


ဖြစ်ရခြင်းအကြောင်းအရင်းများ

စပျစ်သီးသန္ဓေဖြစ်ရခြင်းအကြောင်းအရင်းက ပုံမှန် သန္ဓေမအောင်တဲ့ မမျိုးဥကြောင့်ဖြစ်ပါတယ်။ ပုံမှန်သန္ဓေဖြစ်တဲ့ မျိုးဥမှာလို အဖေနဲ့ အမေဘက်က မျိုးဗီဇ တစ်ဝက်ဆီမပါဝင်ဘဲ အဖေမျိုးဗီဇ ပဲ ပါလာလျှင်လည်းကောင်း၊ အမေမျိုးဗီဇ တဝက်နှင့် အဖေမျိုးဗီဇ အပြည့်ပါလာတာမျိုးကြောင့် စပျစ်သီးသန္ဓေတည်တတ်ပါတယ်။


အဖြစ်များသူများ

ပျမ်းမျှအားဖြင့် ကိုယ်ဝန်ဆောင်သည် တစ်ထောင်မှာ တစ်ယောက် စပျစ်သီးသန္ဓေတည်တတ်ပါတယ်။ ဖြစ်နိုင်ခြေများသူတွေကတော့

·         အသက် ၃၅နှစ် ထက်ကြီးပြီး အသက် ၂၀ အောက်ထက် ငယ်သောအမျိုးသမီးများ

·         ယခင်က စပျစ်သီးသန္ဓေတည်ဖူးသူများဖြစ်ပါတယ်။


နောက်ဆက်တွဲပြဿနာများ

စပျစ်သီးသန္ဓေကို ဖယ်ရှားပြီးနောက်ပိုင်းမှာ တစ်သျှူးအကြွင်းအကျန်တွေက သားအိမ်ထဲမှာ ကျန်ပြီး ဆက်ကြီးထွားနေနိုင်ပါတယ်။ ဒီအခြေအနေကို Persistant Gestational Trophoblastic Neoplasia (GTN) လို့ခေါ်ပါတယ်။ GTN ရဲ့လက္ခဏာတစ်ခုကတော့ ကိုယ်ဝန်ဟော်မုန်း HCG တက်နေခြင်းဖြစ်ပါတယ်။ သားအိမ်နံရံထဲ စပျစ်သီးသန္ဓေဆဲလ်များဝင်ရောက်နေခြင်းကြောင့် သွေးဆင်းနိုင်ပါတယ်။ GTN ဟာ အများအားဖြင့် ဓာတ်ရောင်ခြည်ပေးခြင်းဖြင့် ကုသပျောက်ကင်းနိုင်ပါတယ်။ သားအိမ်ထုတ်ခြင်းကလည်း တခြားကုသနည်းတစ်ခုဖြစ်ပါတယ်။

ရှားရှားပါးပါးအနေနဲ့ GTN ကနေ Choriocarcinoma လို့ခေါ်တဲ့ ကင်ဆာ တစ်မျိုးအဖြစ်ကူးပြောင်းသွားပြီး တခြားကိုယ်အင်္ဂါတွေကို ပျံ့နှံ့သွားနိုင်ပါတယ်။ Choriocarcinoma ကို ကင်ဆာဆေးတွေနဲ့ ကုသလို့ရပါတယ်။

Dr. Aung

 



Related Articles


Advertisment 18