Salpingitis (သားဥပြွန်ရောင်ခြင်း)
06-Dec-2017
သားဥပြွန်ရောင်ခြင်းဆိုသည်မှာ အများအားဖြင့် ရောဂါပိုးဝင်၍ ရောင်ရမ်းခြင်းဖြစ်ပြီး သွေးမဆုံးမီ အမျိုးသမီးများတွင် တွေ့ရအများဆုံးသော ရောဂါပိုးဝင်ခြင်းလည်း ဖြစ်ပါသည်။ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါပိုးများအပြင် အခြားသော ရောဂါပိုးများကြောင့်လည်း ဖြစ်နိုင်ပါသည်။ အချို့သော အမျိုးသမီးများတွင် လက္ခဏာမပြတတ်သော်လည်း ပြင်းထန်သော ဗိုက်အောင့်ခါးကိုက်ခြင်းများမှ အသက်အန္တရာယ်စိုးရိမ်ရသော ဖျားနာမှုများအထိ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ဆရာဝန်နှင့် သေချာစမ်းသပ်ကုသခြင်းများ ပြုလုပ်သင့်ပါသည်။
ပဋီဇီဝဆေးများ သောက်သုံးခြင်းဖြင့်လည်း ကုသနိုင်ပါသည်။ နောက်ဆက်တွဲ ဆိုးကျိုးများ အနေဖြင့် နာတာရှည်ဗိုက်အောင့် ခါးနာခြင်း၊ သားဥပြွန်နှင့် ဥအိမ်တွင်ပြည်တည်ခြင်း၊ ရေအိတ်တည်ခြင်း၊ ပေါက်ထွက်ခြင်း၊ သားသမီးမရနိုင်ခြင်း၊ နေရာလွဲသန္ဓေတည်ခြင်းစသည်တို့ထိ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သားဥပြွန်ရောင်ရမ်းခြင်းကို သံသယရှိပါက စောလျင်စွာစစ်ဆေးကုသမှု ခံယူသင့်ပါသည်။
Credit: Medscape
Dr. April
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

