Print

ကိုယ်ဝန်ဆောင်စဉ် ကိုယ်အပူချိန်တက်ခြင်း

  24-Feb-2017
Preview Image

လေ့လာဆည်းပူးခြင်းများအရ တွေ့ရှိချက်မှာ မိခင်၏ကိုယ်အပူချိန် မကျဘဲ ထိန်းထားလျှင် (ကိုယ်အပူချိန် ၁၀၂ ဒီဂရီဖာရင်ဟိုက်) ၃၈ ဒသမ ၉ ဒီဂရီ စင်တီဂရိတ် ၂၄ နာရီထက် ကြာမြင့်စွာ တက်နေခြင်းသည် သန္ဓေအောင်ပြီး ၄ ပတ်နှင့် ၁၄ ပတ် အတွင်း ဖြစ်ပွားပါက ဓမ္မာအတိုင်း မဟုတ်သော တိုးတက်ဖွံ့ဖြိုးမှုကို ဖြစ်စေသည်။ 

 

မိခင်သည် ရောဂါ ကူးစက်ခံရမှုကြောင့် အဖျားတက်ခြင်း (သို့) ရေနွေးချိုးခန်းသို့ မကြာခဏ သွားရောက်ခြင်းကြောင့် ဖြစ်ခြင်းသည် ကိုယ်ဝန်ဆောင် ပထမ သုံးလ အတွင်းဖြစ်သော် မွေးကင်းစ ကလေးများတွင် အချိုးမကျသောပုံပန်းဖြင့် မွေးဖွား နိုင်ရာ အောက်ပါများ ပါဝင်သည်။ 

 

(က) ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးကြန့်ကြာခြင်း။

 

(ခ) ဗဟိုနာဗ်ကြောအစုအဖွဲ့ ချွတ်ယွင်းချက်များ။ (ဥပမာ-စိတ်နှင့်ဆိုင်သော ချို့တဲ့ခြင်း၊ ဦးနှောက် သေးငယ်ခြင်း၊ ကြွက်သားများ လုပ်ဆောင်ချက် လျော့နည်းခြင်း၊ ဦးနှောက်ချို့ တဲ့ခြင်းနှင့် နောက်ကျောရိုး နာ့ဗ်ကြောပြွန် ချို့တဲ့ခြင်း၊ ဘေးအန္တရာယ် မြင့်မားခြင်း။

 

(ဂ) အချိုးမကျသော မျက်နှာပုံပန်းများ၊ မျက်နှာ အလယ်ပိုင်း အချိုးမကျ ပုံပန်းချို့ တဲ့နေခြင်း၊ နှုတ်ခမ်းကွဲနှင့် အာခေါင်ကွဲ၊ သေးငယ်သော မျက်စိ၊ မေးရိုး သေးငယ်ခြင်းနှင့် နားရွက် ချွတ်ယွင်းချက်များ။

 

(ဃ) သေးငယ်သောခြေ၊ လက် ချွတ်ယွင်းချက်၊ လက်ချောင်း၊ ခြေချောင်းများ ကပ်နေခြင်း။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာလဲ့လဲ့ဝင်း
Health for all magazine, February 2014, Pg.40



Related Articles


Advertisment 18