Print

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (...

  04-Sep-2020
Preview Image

၁။     (၃-၉-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁,၃၂၇) ခုနှင့်

- ဆေးသုတေသနဦးစီးဌာန (DMR) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁၄၀) ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ 

• COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၂၂) ဦးတွေ့ရှိပါသည်။

၂။    (၄-၉-၂၀၂၀) ရက်နေ့၊  နံနက် (၈:၀၀) နာရီအထိ  မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁,၁၃၃)ဦး ရှိပြီဖြစ်ပါသည်။

၃။  ဝေဘာဂီအထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အသက် (၄၆) နှစ် အရွယ် အရေပြားလေးဖက်နာရောဂါအခံရှိသူ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case – 1023) သည် နောက်ဆုံးအဆင့် ကျောက်ကပ်ပျက်စီးခြင်းနှင့် ရုတ်တရက် နှလုံးစည်းချက်မမှန်ဖြစ်ပြီး နှလုံးအမောဖောက်ခြင်းကြောင့် (၃-၉-၂၀၂၀) ရက်နေ့၊ ည (၁၀:၃၀) နာရီအချိန်တွင် သေဆုံးသွားပါ သည်။

၄။  သို့ဖြစ်ရာ (၄-၉-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာများအနက် သေဆုံးသူ (၇)ဦးရှိပြီဖြစ်ပါသည်။

၅။ (၃-၉-၂၀၂၀) ရက်နေ့အတွက်  COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများ အနေဖြင့် -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) မှ ဓာတ်ခွဲနမူနာ (၁,၈၅၈) ခု၊ 

- ဆေးသုတေသနဦးစီးဌာန(DMR) မှ ဓာတ်ခွဲနမူနာ (၂၈၅) ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) မှ ဓာတ်ခွဲနမူနာ (၁၈၁) ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၉၄) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၁၅၃) ခု၊

- နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၉) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မှ ဓာတ်ခွဲနမူနာ (၁၂) ခု၊

- ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ (၁) ခုနှင့်

- ပြည်သူ့ဆေးရုံကြီး၊ ပြင်ဦးလွင်မှ ဓာတ်ခွဲနမူနာ (၁)ခု၊

စုစုပေါင်း (၂,၅၉၄) ခုအား  စစ်ဆေးခဲ့ပါသည်။

၆။  ဓာတ်ခွဲအတည်ပြုလူနာသစ်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။

Credit : https://www.mohs.gov.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18