Print

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၂-...

  22-Aug-2020
Preview Image

၁။ (၂၁-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ ထပ်မံ စစ်ဆေးပြီးစီးခဲ့သော  ဓာတ်ခွဲနမူနာ (၆၄၅) ခုတွင်-

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၆) ဦး တွေ့ရှိရပါသည်။

၂။    (၂၂-၈-၂၀၂၀)ရက်နေ့၊  နံနက် (၈:၀၀) နာရီအထိ  မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၄၃၅) ဦး ရှိပါသည်။

၃။ (၂၁-၈-၂၀၂၀) ရက်နေ့အတွက် COVID-19  ဓာတ်ခွဲစစ်ဆေးမှုများ အနေဖြင့် - 

• အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ဓာတ်ခွဲနမူနာ (၁,၀၂၁ )ခု၊ 

• ဆေးသုတေသနဦးစီးဌာန(DMR) မှ ဓာတ်ခွဲနမူနာ (၂၅၆) ခု၊

• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၁၁၂) ခု၊

• ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၁၈၄) ခုနှင့်

• ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၃၆) ခု၊

• စုစုပေါင်း (၁,၆၀၉)ခုအား  စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။


Credit : www.mohs.gov.mm



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18