Print

COVID – 19 ကမ္ဘာ့ကပ်ရောဂါကို ကျော်လွှားနိုင်ရန် ကိုရီးယားနိုင်ငံ အခြေ...

  07-Jul-2020
Preview Image

COVID – 19 ကမ္ဘာ့ကပ်ရောဂါကို ကျော်လွှားနိုင်ရန်

ကိုရီးယားနိုင်ငံ အခြေပြု Good News Medical Volunteers မှ Trust Oo Company Limited နှင့် အင်တာဗျူး (ဂျူလိုင်လ ၇ ရက်၊ ၂၀၂၀ ခုနှစ်တွင် Korea နိုင်ငံ၏ Naver website ၌ ဖော်ပြထားသော ဆောင်းပါးကို ကိုရိးယား ဘာသာမှ မြန်မာ ဘာသာသို့ ဆီလျော်အောင် ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။)

 

Good News Medical Volunteers အမည်ဖြင့် ၂၀၀၈ ခုနှစ်တွင်  ကိုရီးယားနိုင်ငံ၌ စတင်တည်ထောင်ခဲ့သော Good News World သည် ယမန်နှစ်ကအထိ နှစ်ပေါင်း ၁၂ နှစ် အကြာ အာဖရိကနိုင်ငံအမျိုးမျိုးဆီသို့ ကျန်းမာရေးစေတနာ့ဝနထမ်းများကို စေလွှတ်၍ ကျန်းမာရေးဝန်ဆောင်မှုများကို ပေးခဲ့ပါသည်။ Good News World သည် အချိန်ကာလ ရှည်လျားစွာ ကျန်းမာရေးဝန်ဆောင်မှုများကိုပေးလာခဲ့သည်နှင့်အမျှ သက်ဆိုင်ရာ နိုင်ငံများတွင်လည်း ဒေသခံ ပရဟိတကျန်းမာရေးဝန်ထမ်းများသည် ပရဟိတအစုအဖွဲ့အများကို တည်ထောင်လာခဲ့ပါသည်။ ကိုရီးယားနိုင်ငံမှ ကျန်းမာရေးလုပ်သာများသာမက ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ နှင့် အခြား နိုင်ငံများမှ ကျန်းမာရေးလုပ်သားများသည်လည်း Good News World ၏ ကျန်းမာရေးဝန်ဆောင်မှုတွင် ပါဝင်လာပြီး မျှဝေမှုပေးသော  ပုဂ္ဂလိက ကျန်းမာရေးကွန်ရက် (Private Sharing Medical Network) ကို တည်ဆောက်ခဲ့သည်။

ယခုနှစ်တွင် COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာ့ပေါ်ရှိ နိုင်ငံတော်တော်များများတွင် နယ်စပ်များ နှင့် လေဆိပ်များ ပိတ်ဆို့လိုက်ခြင်းကြောင့် Good News World   ၂၀၂၀ ပြည်ပသို့ ပရဟိတ ကျန်းမာရေး ဝန်ထမ်များ စေလွှတ်မှု စီမံကိန်း (2020 Overseas Medical Volunteer Dispatch Project) ကို ယာယီဆိုင်ငံ့လိုက်ရပါသည်။ Good News World ၏ ရည်ရှည်ရပ်တည်ခဲ့သော လှုပ်ရှားမှုများကို ရပ်တန့်လိုက်ရခြင်းမှာ ဝမ်းနည်းစရာကောင်းလှပါသည်။ သို့သော်လည်း ဒေသခံတို့၏ အခြေအနေကို စဉ်းစားမိသော အခါတွင် ဝမ်းနည်းစိတ်မကောင်း ဖြစ်နေရုံမျှနှင့် မပြီးသေးပါ။ ထို့ကြောင့် နိုင်ငံတကာ ကျန်းမာရေး လုပ်သားများကို ၎င်းတို့၏ သက်ဆိုင်ရာ အလုပ်နေရာ အနေအထား အလိုက် ၎င်းတို့၏ ဆောင်ရွက်ချက်များ နှင့် COVID-19 ကမ္ဘာ့ကပ်ရောဂါကို ကျော်လျွှားနိုင်ရန် ၎င်းတို့မှ မည်သို့များ လုပ်ဆောင်နိုင်ပါသနည်း ဆိုသည်များနှင့် စပ်လျဉ်း၍ Good News Medical Volunteers မှ အင်တာဗျူးများ ပြုလုပ်မေးမြန်းခဲ့ပါသည်။ 


  Dr. Phyo Wai Htun  (Medical Department , Trust Oo Co., Ltd.)

ယခုလက်ရှိ COVID – 19 ကမ္ဘာ့ကပ်ရောဂါအချိန်ကာလမှာ ကမ္ဘာ့တစ်ဝန်းမှာကျွမ်းကျင်ဆေးပညာဝန်ထမ်းများ လိုအပ်ချက်အရမ်းများပြားနေပါတယ်။

ကျန်းမာရေးဝန်ဆောင်မှု အရင်းအမြစ်ကန့်သတ်ချက်ရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ကျန်းမာရေးဝန်ဆောင်မှုများကွာဟချက်ကို ပေါင်းကူးပေးခြင်းဟာ ဝေးလံခေါင်ဖျားတဲ့နေရာများမှာ ရှိတဲ့ လူနာများအပါအဝင် လူနာအားလုံးကို ကျန်းမာရေးစောင့်ရှောက်မှုသူများမှထိရောက်တဲ့ ကျန်းမာရေးဝန်ဆောင်မှုများ ပေးတဲ့နေရာမှာ အရေးကြီးတဲ့အခန်းကဏ္ဍ အနေနဲ့ ပါဝင်နေတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။မိုဘိုင်းဆက်သွယ်ရေးကိရိယာများဟာ အရမ်းအသုံးဝင်ပြီး လူတိုင်းနီးပါးသုံးစွဲနေနိုင်သော ပစ္စည်းကိရိယာများဖြစ်တာကြောင့် ကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့ ကျွမ်းကျင်နဲ့ နယ်ပယ်ကနေပြီး  Good News Medical Volunteers ရဲ့Covid – 19 တုံ့ပြန်မှု လှုပ်ရှားမှုများတွင် ပါဝင်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ထင်ပါတယ်


< အင်တာဗျူး မေးခွန်းများကို Trust Oo Co., Ltd. မှ ဒေါက်တာ ဖြိုးဝေထွန်းမှ ဖြေကြားပေးထားပါသည်။ >

 

သင်၏ မိခင်နိုင်ငံ သို့မဟုတ် အခြားဖွံ့ဖြိုးဆဲနိုင်ငံများအတွက် COVID – 19 ဆိုင်ရာ တုံ့ပြန်မှုအတွက် အကြံအစည်များ ရှိပါသလား။

          ကျွန်တော်ကတော့ Social Enterprise တစ်ခုဖြစ်သော Trust Oo Co., Ltd Medical Department တွင် In-charge of Medical Officers (IMO) ရာထူးဖြင့် တာဝန်ထမ်းဆောင်နေပါတယ်။ အထူးသဖြင့် Mobile ကိရိယာများ (ဥပမာ - မိုဘိုင်းဖုန်း၊ Tablet) များမှတဆင့် ကျန်းမာရေးဝန်ဆောင်မှုပေးသည့် အပိုင်းများတွင် တာဝန်ယူရပါတယ်။  ကျွန်တော်တို့ရဲ့ ကျန်းမာရေးဝန်ဆောင်မှုများဟာ မိုလ်ဘိုင်းဆက်သွယ်ရေးကိရိယာတွေကို အသုံးပြုတာဖြစ်တဲ့အတွက်ကြောင့် ပထဝီအနေအထားနေရာက အရေးမကြီးပါဘူး။ ဒါကြောင့်မို့လို့ ကျန်းမာရေးအကျိုးကျေးဇူးများကို မြန်မာနိုင်ငံတွင်သာမက အခြားသောအရှေ့တောင်အာရှနိုင်ငံများကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ကျန်းမာရေးဝန်ဆောင်မှုများကို ကျန်းမာရေးကုသမှုရရှိနိုင်ရန်ခက်ခဲသော နေရာများ (အထူးသဖြင့် ထိုင်း - မြန်မာ နယ်စပ်မှာရှိတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားများကို) ပေးစွမ်းနိုင်ပါတယ်။

ယခုကဲ့သို့ မိုလ်ဘိုင်းကိရိယာများမှတဆင့် ကျန်းမာရေးဝန်ဆောင်မှုများပေးခြင်းဟာ COVID – 19 ကို တုံ့ပြန်ရာမှာ များစွာအထောက်အကူပြုလုပ်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

          Trust Oo Co., Ltd ဟာ ၇၈၈၇ ကျန်းမာရေး Call Center ကို ၂၄ နာရီ၊ တစ်ပတ်လျှင် ရက် လည်ပတ်နေစေခြင်း၊  အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှုများကို အကောင်အထည်ဖော်ပေးခြင်း၊ မြန်မာနိုင်ငံ၏ အထွေထွေပြည်သူလူထုအတွက် ကျန်းမာရေးပညာပေးအကြောင်းအရာများ (Health education contents) များကို မြန်မာဘာသာဖြင့် ဖန်တီးပေးခြင်း စသော ဝန်ဆောင်မှုများကို ပေးပါတယ်။ မိုလ်ဘိုင်းကိရိယာများကို အသုံးပြု၍ ကျန်းမာရေးဝန်ဆောင်မှုများကို ပေးသော  Social Enterprise ဖြစ်ပါတယ်။


Picture 1 caption



Dr. Phyo Wai Htun သည် Social Media များမှတစ်ဆင့် COVID – 19 နှင့် အခြားကူးစက်ရောဂါများအကြောင်း ကျန်းမာရေးပညာပေးမျှဝေပေးပါသည်။


Q – Good News Medical Volunteer အသင်းဝင်များနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွင်း လက်တွဲစည်းလုံးမှုနှင့် ပတ်သက်ပြီး COVID – 19 နှင့် အခြားကူးစက်ရောဂါများကို ဖြေရှင်းရန် အကြံပြုချက်များ သို့မဟုတ် အကြံဉာဏ်များရှိပါသလား။

          နိုင်ငံတစ်ခုစီမှာရှိတဲ့ ဆေးပညာရှင်တွေရဲ့ ဗဟုသုတကို မျှဝေဖို့ဆိုတာ တကယ်အရေးကြီးတယ်လို့ ထင်ပါတယ်။ ကျွန်တော့်ရဲ့ အခြေအနေမှာဆိုရင်တော့ ကျွန်တော်ဟာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကုမ္ပဏီတစ်ခုမှာ ရှိနေတာကြောင့် COVID – 19 နှင့် တခြား ကူးစက်ရောဂါများကို တုံ့ပြန်ရန် နည်းလမ်းပေါင်းများစွာဖြင့် အလုပ်တွဲလုပ်နိုင်မယ်လို့ ထင်ပါတယ်။

          ယခုကဲ့သို့ COVID – 19 ကဲ့သို့သော ကူးစက်ရောဂါများ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက်ဆိုတာ သက်ဆိုင်ရာ ရောဂါက ဘယ်လိုကူးစက်ပျံ့နှံ့လဲဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူလူထုမှ ကျန်းမာရေးအသိပညာရှိနေဖို့က မရှိမဖြစ်လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ ယခုလို COVID – 19 ကမ္ဘာ့ကပ်ရောဂါကာလမှာ အခြေခံလူထုအဆင့် (Community level) မှာ အခြေခံပြည်သူကျန်းမာရေး ပညာပေးခြင်းဟာ အလွန်လိုအပ်ပါတယ်။ ဥပမာ - Social Distancing လို့ခေါ်တဲ့ လူတစ်ဦးနှင့်တစ်ဦး လိုအပ်တဲ့ အကွာအဝေးမှာ ခပ်ခွာခွာနေခြင်း၊ နှာခေါင်းစည်း (Mask) များတပ်ခြင်း၊ ချောင်းဆိုးရင်လည်း ကိုယ့်ဆီက ရောဂါပိုးမွှားတွေကို  တခြားသူများတွေဆီကို မကူးစက်စေဖို့ လိုအပ်မှန်ကန်သော ကာကွယ်နည်းများအသုံးပြုခြင်း (cough etiquette) လက်ဆေးခြင်းနှင့် တစ်ကိုယ်ရည်သန့်ရှင်းမှု စသည့်အခြေခံကြိုတင်ကာကွယ်မှုများရဲ့ အရေးပါမှုကို ကမ္ဘာ့နိုင်ငံသားတိုင်းက သိရှိနားလည်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကြိုတင်ကာကွယ်ရေး စီမံချက်များကို လူတိုင်းလိုက်နာစေရန်အတွက် အချို့နေရာဒေသများမှာ  လိုအပ်တဲ့ ဥပဒေများ ပြဌာန်းပေးဖို့လည်း လိုပါတယ်။ ဒါမှသာ ရောဂါကူးစက်မှုကို သုညအဆင့်အထိ ထိန်းချုပ်ဖိနှိပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ရောဂါကို စောလျဉ်စွာ သိရှိခြင်းနဲ့ ကုသခြင်း (Early detection and treatment) ဟာ တချို့ရောဂါများကို ထိရောက်စွာကုသနိုင်ဖို့အတွက် အရေးကြီးတဲ့အတွက်ကြောင့် ကူးစက်ရောဂါများကို သက်ဆိုင်ရာသို့ မှန်ကန်စွာသတင်းပို့ ရမယ့် နည်းလမ်းများကို ရပ်ကွက်လူထုအဆင့်ရှိ လူတိုင်းအား နားလည်လွယ်ကူသော နည်းလမ်းများနဲ့ သင်ကြားပေးထားရမှာဖြစ်ပါတယ်။ COVID-19 အရေးကိစ္စမှာ  ကျန်းမာရေးဝန်ဆောင်မှုများပေးသော ပုဂ္ဂလိက အဖွဲ့အစည်းများဟာ Good News Medical Volunteers အသင်းဝင်များနှင့် အတူလက်တွဲခြင်းဖြင့် လိုအပ်ချက်ရှိနေသော နေရာများမှာ ဆွေးနွေးတိုင်ပင် ပံ့ပိုးမှုများ ပြုလုပ်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။


Picture 2 caption


(ဝဲဘက်ပုံ) အိမ်တိုင်ရာရောက် ကာကွယ်ဆေးများ ထိုးပေးခြင်း

(ယာဘက်ပုံ) COVID – 19 နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ၏ TV ရုပ်သံ Channel တစ်ခုမှ ကျန်းမာရေးဗဟုသုတမျှဝေပေးခြင်း


Original Links >>>https://blog.naver.com/gmvoffice/222023754094 





Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18