Print

ကိုရိုနာဗိုင်းရပ်စ်အတွက် Surveillance Dashboard စာမျက်နှာကို ကျန်းမာရေ...

  15-Mar-2020
Preview Image

ရန်ကုန်  မတ် ၁၅


ကိုရိုနာဗိုင်းရပ်စ်(COVID-19)နှင့် ပတ်သက် သည့် သတင်းမှန်များကို အချိန်နှင့်တစ်ပြေးညီ update ပြုလုပ်၍ တင်ပေးနေသည့် Surveil-lance Dashboard ဝက်ဘ်စာမျက်နှာကို ကျန်းမာရေးဝန်ကြီးဌာနက လွှင့်တင်ထားပြီး ကျန်းမာရေးဝန်ကြီးဌာနဝက်ဘ်ဆိုက် http:// mohs.gov.mm မှတစ်ဆင့် Coronavirus Desease 2019 ခေါင်းစဉ်သို့ ဝင်ရောက်၍ဖြစ်စေ၊ http://mohs.gov.mm/Main/content/publication/2019-ncov ဝက်ဘ်ဆိုက်လိပ်စာသို့ တိုက်ရိုက် ဝင်ရောက်၍ဖြစ်စေ ကြည့်ရှုနိုင်ပြီ ဖြစ်သည်။


အဆိုပါ Surveillance Dashboard စာမျက်နှာတွင် မြန်မာနိုင်ငံရှိ ဆေးရုံပေါင်း ၄၅ ခု၌ တစ်ခုချင်းတွင် ရှိနေသော ကိုရိုနာ ဗိုင်းရပ်စ် စောင့်ကြည့်/သံသယလူနာ အရေ အတွက်များကို ဖော်ပြထားပြီး ဆေးရုံများရှိ လူနာအရေအတွက်ကို မြေပုံပေါ်တွင်ထောက်၍လည်း ကြည့်ရှုနိုင်သည်။ ထို့အပြင် အတည် ပြုပြီးသော ပိုးမတွေ့လူနာနှင့် ဓာတ်ခွဲအဖြေ စောင့်ဆိုင်းဆဲ လူနာအရေအတွက် စသည်တို့ ကိုလည်း ဖော်ပြထားရာ မတ် ၁၄ ရက် ည ၈ နာရီအထိ စောင့်ကြည့်လူနာ ၁၂၀၊ သံသယ လူနာ နှစ်ဦး၊ ဓာတ်ခွဲအတည်ပြု ပိုးမတွေ့လူနာ ၁၁၉ ဦး၊ ဓာတ်ခွဲအဖြေစောင့်ဆိုင်းဆဲ သုံးဦးရှိပြီး ပိုးတွေ့ကြောင်း ဓာတ်ခွဲအတည်ပြုလူနာ မရှိ ဟု ဖော်ပြထားသည်ကို တွေ့ရသည်။


ကျန်းမာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှ Coronavirus Desease 2019 ခေါင်းစဉ် အောက်၌ အဆိုပါ Surveillance Dashboard အပြင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် သတင်းမှန်များ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ ထုတ်ပြန်ချက်များ နှင့် ပြည်သူများ သိသင့်သော ရောဂါကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကိုလည်း ခေါင်းစဉ်ခွဲများ ဖြင့် အသေးစိတ် စုံလင်စွာ ဖော်ပြထားသလို ကမ္ဘာတစ်ဝန်း ရောဂါဖြစ်ပွားမှုအခြေအနေနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ် ပြန်ချက်များကို PDF ဖိုင် ဒေါင်းလုပ်ရယူနိုင်မည့် link များလည်း တင်ပေးထားသည်ကို တွေ့ရ သည်။


ပြည်သူများအတွက် ကျန်းမာရေးအသိ ပညာများ ခေါင်းစဉ်အောက်၌ ကောလာဟလ သတင်းမှားများနှင့် ပတ်သက်၍ ပြည်သူများအား အသိပေးနှိုးဆော်ခြင်း၊ COVID-19: ကိုရိုနာဗိုင်းရပ်စ်ရောဂါ မိမိကစ၍ ကာကွယ်ပါ၊ ရောဂါဖြစ်ပွားသောဒေသမှ ပြန်လာသူများ လိုက်နာရမည့်အချက်များ၊ ရောဂါဖြစ်ပွားသော ဒေသမှ ပြန်လာသူများ၏ အတူနေ မိသားစုဝင် များ လိုက်နာရန်၊ တေးသံရှင် မနော၏ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ(COVID-19) ကာကွယ်ရေး အသံလွှင့်ပြောကြားချက် အသံဖိုင်၊ ခရီးသွားများ အတွက် ကျန်းမာရေးဆိုင်ရာ သတိပေးချက်၊ COVID-19 ကျန်းမာရေးပညာပေး ရေဒီယိုအသံ လွှင့်ချက်များ (တိုင်းရင်းသားဘာသာစကား များ)အသံဖိုင်ကို Download ရယူနားဆင်ရန်၊ ရောဂါကာကွယ်နိုင်ရန် နှာခေါင်းစည်း အသုံးပြုခြင်းဆိုင်ရာ အကြံပြုချက်များ၊ ဘတ်စ် ကားများတွင် ကပ်ထားနိုင်ရန် ကျန်းမာရေး အသိပညာပေး စတစ်ကာ စသည့် ခေါင်းစဉ် ပေါင်း ၃၆ ခုဖြင့် သတင်းအချက်အလက်များ၊ အသိပေးချက်များ၊ ဒေါင်းလုပ်ရယူနိုင်သော အသံဖိုင်၊ ပိုစတာနှင့် စတစ်ကာများ တင်ပေးထားသည်ကို တွေ့ရသည်။


ကျန်းမာရေးဝန်ထမ်းများအတွက် လုပ်ငန်း လမ်းညွှန်များ ခေါင်းစဉ်အောက်၌ Management Protocol for COVID-19 Acute Res-piratory Disease, Clinical Management Guidelines for COVID-19, ဇီဝ ဘေးကင်းလုံခြုံမှုဆိုင်ရာ ကာကွယ်ရေးလုပ်ထုံးလုပ်နည်းများ၊ ပြည်သူလူထုအတွင်း ကျန်းမာရေးအသိ ပညာပေးခြင်းဆိုင်ရာ လမ်းညွှန်ချက်များ၊ ရောဂါ သံသယလူနာထံမှ ဓာတ်ခွဲနမူနာများ ရယူရန် လမ်းညွှန်ချက် စသည့် ခေါင်းစဉ် ၁၂ ခုကို တင်ပေးထားသည်။


သတင်းနှင့် ထုတ်ပြန်ချက်များ ခေါင်းစဉ်အောက်တွင် COVID-19 ရောဂါနှင့်ပတ်သက်၍ ရက်အလိုက် သတင်းထုတ်ပြန်ချက်၊ ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ ရက် အလိုက် သတင်းထုတ်ပြန်ချက် စသည့် ထုတ် ပြန်ချက်များနှင့်အတူ ရောဂါကာကွယ်ရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ၏ ဆောင်ရွက်မှု သတင်းများ၊ ရောဂါပိုးတွေ့ရှိပါက ကုသမှုပေးရန်အတွက် ဆေးရုံသုံးစက်ပစ္စည်း နှင့် ငွေများလှူဒါန်းသည့် သတင်းများ၊ ရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို အာဆီယံ အဖွဲ့ဝင်နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သတင်းများ၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီဖွဲ့စည်းခြင်း စသည့် သတင်းများကို လတ်တလော သတင်းများအနေဖြင့် ဖော်ပြ ထားသလို ပြီးခဲ့သည့် ဖေဖော်ဝါရီနှင့် ဇန်နဝါရီလ အတွင်းက သတင်းများကို ပြန်လည်ကြည့်ရှု နိုင်ရန်လည်း သီးသန့် ဖော်ပြထားသည်။


ထို့အပြင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီး၏ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်မှုများကိုလည်း အဆိုပါ ဝက်ဘ်စာမျက်နှာမှတစ်ဆင့် သီးခြား link တစ်ခုပေး၍ ဖော်ပြပေးထားပြီး ထို link မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုပါက တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုနှင့် နေပြည်တော်၌ ဒေသအလိုက် ဌာနဆိုင်ရာများ၏ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်မှုများနှင့် ပုဂ္ဂလိက လုပ်ငန်းများ၏ ရောဂါကာကွယ်ရေး ဆောင်ရွက်မှု သတင်းများစွာကို ဖတ်ရှုနိုင်မည်ဖြစ်သည်။


ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များ ခေါင်းစဉ်အောက်တွင်မူ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ထားသော ရောဂါဖြစ်ပွားမှုအခြေအနေ သတင်းပို့ချက်များ၊ ရောဂါ ကာကွယ်ရေးဆိုင်ရာ သတင်းနှင့် လမ်းညွှန်များ၊ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အမေးအဖြေများ စသည်တို့ကို ဖော်ပြထားသည်ကို တွေ့ရသည်။


လက်ရှိအချိန်တွင် ပြည်သူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ စိုးရိမ်ပူပင်မှုများ ရှိနေသလို လူမှုကွန်ရက်ပေါ်၌ လူအများ စိုးရိမ်ထိတ်လန့်စေရန် သတင်းမှားလွှင့်ခြင်း၊ ကောလာဟလလွှင့်ခြင်းများ ရှိနေပြီး ကြော်ငြာများနှင့် ချိတ်ဆက်ထားသည့် ဝက်ဘ်ဆိုက်များကလည်း ၎င်းတို့၏ဝက်ဘ်ဆိုက်သို့ ဝင်ရောက် သူများကာ ဝင်ငွေပိုမိုရရှိစေရန် သတင်းမှား ဖြန့်ခြင်းများကို ပြုလုပ်လျက်ရှိသည်။ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက် http://www.mohs.gov.mm/ နှင့် တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာ https://facebook.com/MinistryOfHealthAnd SportsMyanmar/ တို့မှ သတင်းများကိုသာ ဖတ်ရှု မျှဝေကြခြင်းဖြင့် သတင်းမှားများကို ရှောင်ရှားနိုင်ကြမည်ဖြစ်သည်။

Credit : သူရဖြိုး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်ကြားရေးဝန်ကြီးဌာန

နေပြည်တော်



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18