Print

CORONAVIRUS DISEASE (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ...

  28-Feb-2020
Preview Image

မြန်မာနိုင်ငံတွင် လက်ရှိအချိန်၌ COVID-19 ရောဂါဖြစ်ပွားသူလူနာ မတွေ့ရှိသေးသော်လည်း -


• ရောဂါစတင်ဖြစ်ပွားသော တရုတ်ပြည်သူ့သမ္မတနိုင်ငံအပြင် အီတလီ၊ အီရန်နှင့် အထူးသဖြင့် ကိုရီးယား သမ္မတနိုင်ငံတို့၌ အရှိန်အဟုန်ဖြင့် ရောဂါကူးစက်ဖြစ်ပွားလျက်ရှိသည်ကို တွေ့မြင်နေရပါသည်။

• အဆိုပါနိုင်ငံများမှ ခရီးသည်များသည် လေကြောင်းခရီးဖြင့် တိုက်ရိုက်သော်လည်းကောင်း အခြားနိုင်ငံများတွင် ရပ်နားဖြတ်သန်းပြီးသော်လည်းကောင်း မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်သည့် အခြေအနေများစွာရှိနေပါသည်။

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အပြည်ပြည်ဆိုင်ရာလေဆိပ်များ၌ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ အထူးအားဖြည့်၍ ဆောင်ရွက်လျက်ရှိပါသည်။

• အပြည်ပြည်ဆိုင်ရာဝင်ပေါက်များမှ သံသယလက္ခဏာရှိသူများမဝင်ရောက်နိုင်စေရန် ထိန်းချုပ်ဆောင်ရွက်နေ သကဲ့သို့ နိုင်ငံတကာခရီးသည်များ တည်းခိုနေထိုင်မည့်ဟိုတယ်၊ တည်းခိုခန်းနှင့် အိမ်များ၌ ရောဂါစောင့်ကြပ် ကြည့်ရှုရေး လုပ်ငန်းများဆောင်ရွက်မှုမှာ အရေးကြီးသည့်အချက်တစ်ချက် ဖြစ်ပါသည်။

• COVID-19 ရောဂါ လူနာများနှင့် အနီးကပ်ထိတွေ့ခဲ့ခြင်းမရှိသူ (သို့မဟုတ်) ရောဂါဖြစ်ပွားရာ ဒေသနိုင်ငံများသို့ လတ်တလောသွားရောက်ခဲ့သော ခရီးသွားရာဇဝင်မရှိသူများတွင်လည်း ရောဂါကူးစက်ဖြစ်ပွားမှုဖြစ်စဉ်များအား နိုင်ငံအချို့တွင် တွေ့ရှိနေရပါသည်။

• လူစုလူဝေးများပြားသော နေရာများတွင် COVID-19 ရောဂါဖြစ်ပွားသူ (သို့မဟုတ်) ရောဂါလက္ခဏာ မပြသသေးသော်လည်းရောဂါရှိသူ (Asymptomatic carrier) တစ်ဦးထံမှ အခြားသူများထံသို့ ရောဂါကူးစက် ပြန့်ပွားနိုင်ပါသည်။


မြန်မာနိုင်ငံတွင်လည်း ရောဂါဖြစ်ပွားသူအများအပြား ရုတ်တရက်တစ်ပြိုင်နက်တွေ့ရှိလာနိုင်ပြီး ပြည်သူများ အတွင်း၌ ကူးစက်ဖြစ်ပွားနိုင်ခြင်းတို့ကြောင့် ပြည်သူများနှင့် လူမှုရေးအဖွဲ့အစည်းများ အနေဖြင့် -


• ယခုကာလအတွင်း လူစုလူဝေးများပြားရာနေရာများနှင့် ပွဲလမ်းသဘင်များရှိရာနေရာများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြပါရန်၊

• အခြေအနေအကြောင်းကြောင်းကြောင့် မဖြစ်မနေကျင်းပရမည့် လူစုလူဝေးနှင့် ပွဲလမ်းသဘင်များကိုသာ ပြုလုပ်ကြပါရန်နှင့်

• အကယ်၍ ထိုသို့ မလွှဲမရှောင်သာကျင်းပရပါက တက်ရောက်သည့် လူအရေအတွက် နည်းနိုင်သမျှနည်းပါးစေရန်နှင့် ဖျားနာသူများနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါရှိသူများ မလာရောက်စေရေး အစီအမံများ တင်းကျပ်စွာ ပြုလုပ်ရမည့်အပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေး ကျန်းမာရေး အသိပညာပေးနှိုးဆော်ချက်များကိုလည်း တိကျစွာစနစ်တကျ လိုက်နာဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော် ပန်ကြားအပ်ပါသည်။


Credit : ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18