Print

ရန်ကုန်တိုင်းတွင် လူတစ်ဦးထပ်မံသေဆုံးပြီးနောက် တစ် နိုင်ငံလုံးတွင် ရာသီ...

  05-Jul-2019
Preview Image

ရန်ကုန်တိုင်းတွင် လူတစ်ဦးထပ်မံသေဆုံးပြီးနောက် တစ် နိုင်ငံလုံးတွင် ရာသီတုပ်ကွေး (H1N1)ကြောင့် သေဆုံးသူ ၃၁ ဦးအထိရှိလာကြောင်း ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနကယမန်နေ့တွင် သတင်းထုတ်ပြန် သည်။

ယမန်နေ့(ဇူလိုင် ၈ ရက်) အထိ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ရာသီတုပ်ကွေးရောဂါ သံသ ယလူနာ ၅၀၂ ဦးကို ဓာတ်ခွဲစစ် ဆေးရာ ပိုးတွေ့ရှိသူ ၁၈၀ ဦးရှိ ပြီး ၃၁ ဦးသေဆုံးခဲ့သည်။

ချင်းပြည်နယ်နှင့် ရှမ်းပြည် နယ်အရှေ့ပိုင်းတို့ကလွဲ၍ ကျန် တိုင်းနှင့်ပြည်နယ်များတွင် ယင်း ရောဂါပိုးတွေ့ရှိရပြီး ပိုးတွေ့ရှိ မှုနှင့် သေဆုံးမှုအများဆုံးသည် ရန်ကုန်တိုင်းမှဖြစ်သည်။

ရန်ကုန်တိုင်းတွင် ပိုးတွေ့ရှိ သူ ၁၀၈ ဦးရှိကာ ၂၅ ဦးသေဆုံး ခဲ့သည်။ ဇူလိုင် ၈ ရက်တွင် ထပ်မံသေဆုံးသူမှာတောင်ဒဂုံမြို့နယ်နေသူဖြစ်သည်။

သေဆုံးသူများသည် အ သက်ငယ်လွန်းသူများနှင့် ကြီး လွန်းသူများ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနှင့်အသက်ရှူလမ်း ကြောင်းရောဂါ   စသည့်နာတာ ရှည်ရောဂါအခံရှိသူများ ဖြစ် သည်။ ထို့ကြောင့် နာတာရှည် ရောဂါအခံရှိသူများ၊ ကလေးငယ် များနှင့် သက်ကြီးရွယ်အိုများ အထူးဂရုပြုနေထိုင်ရန် ဆရာဝန် ကြီးများက အကြံပြုထားသည်။

ရာသီတုပ်ကွေးရောဂါသည် ရောဂါပိုးကူးစက်ခံရသည့်အချိန် ကစတင်၍ တစ်ရက်မှလေးရက် အတွင်း ရောဂါလက္ခဏာများ စတင်ပေါ်ပေါက်လာနိုင်ပြီး လက္ခ ဏာများသည် အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ်နှင့်အထက်ဖျားခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည် ချောင်းနာခြင်း၊ ကိုယ်လက်ကိုက် ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးခွေ ခြင်းတို့ဖြစ်သည်။ ထို့ထက်ပြင်း ထန်လာပါက အဖျားကြီးလွန်း ခြင်း၊ ချောင်းအလွန်ဆိုးခြင်း၊ မောခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ အသက်ရှူ ခက်ခဲခြင်း၊ အသက်ရှူနှုန်းမြန် ဆန်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ သတိလစ်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး ယင်းသို့ဖြစ်ပေါ်ပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ သွား ရောက်ကုသမှုခံယူရန် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက နှိုးဆော်ထားသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18