Print

အိန္ဒိယ ဆရာဝန်တွေ TB ကုသမှုလစ်ဟင်း

  27-Sep-2018
Preview Image

အိန္ဒိယနိုင်ငံ ပုဂ္ဂလိကကဏ္ဍက ဆရာဝန်တွေဟာ TB အဆုတ်နာရောဂါလက္ခဏာတွေကို မတွေ့မမြင်တာမို့ လူနာတွေကို ထိထိရောက်ရောက် ပြည့်ပြည့်စုံစုံ မကုသနိုင်ကြဘူးလို့ မနေ့က ထုတ်ပြန်တဲ့ လေ့လာချက်သစ်တရပ်မှာ ဖော်ပြလိုက်ပါတယ်။


လေကနေကူးစက်တဲ့ TB ဟာ အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှားနဲ့ တခြားနိုင်ငံတွေမှာ အဓိကကျတဲ့ ပြည်သူ့ကျန်းမာရေး ပြဿနာတရပ်အဖြစ် ကျန်ရှိနေတုန်းပဲ ဖြစ်ပါတယ်။

၂၀၁၇ မှာ တီဘီရောဂါကြောင့် လူ ၁ ဒဿမ ၇ သန်းသေဆုံးရတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ပြောပါတယ်။

တီဘီရောဂါကင်းစင်ရေး ရန်ပုံငွေ မ တည်မယ့် ကမ္ဘာ့ကျန်းမာရေး ထိပ်သီးညီလာခံကို ကုလသမဂ္ဂမှာ ဒီနေ့ကျင်းပပါမယ်။

အနည်းဆုံးအနေနဲ့ အိန္ဒိယနိုင်ငံ မွန်ဘိုင်းနဲ့ အရှေ့ Patna မြို့မှာ Bill and Melinda Gates Foundation က မတည်တဲ့ ရန်ပုံငွေနဲ့ McGill တက္ကသိုလ်၊ ကမ္ဘာ့ဘဏ်နဲ့ John Hopkins တက္ကသိုလ်တွေက သုတေသီတွေက လေ့လာစူးစမ်းခဲ့ပြီး လေ့လာချက်ထုတ်ပြန်တာပါ။

RFA Burmesea


Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18