Print

ခန္တီးမြို့နယ် တိုက်တီးကျေးရွာသား ရာခိုင်နှုန်း ၅၀ ခန့် ရာသီတုပ်ကွေး ဖ...

  17-Aug-2018
Preview Image

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် တိုက်တီးကျေးရွာတွင် ရွာသူရွာသား ရာခိုင်နှုန်း ၅၀ ခန့် ရာသီတုပ်ကွေးဖျားနာမှု ဖြစ်ပွားခဲ့ပြီး ဆေးဝါးကုသရန် ကျန်းမာရေးအဖွဲ့ စေလွှတ်ပေးခဲ့ရကြောင်း သိရသည်။ တိုက်တီးကျေးရွာ အုပ်ချုပ်ရေးမှု၏ အကြောင်းကြားချက်အရ ခန္တီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှု ဦးခင်မောင်ဆင့်၏ ပြောကြားချက်အရ သိရသည်။


“ လွန်ခဲ့တဲ့ နှစ်ရက်လောက်က အဲဒီက အုပ်ချုပ်ရေးမှုကနေပြီး လူကြုံနဲ့ ကျွန်တော်တို့ကို လှမ်းပြီးအကြောင်းကြားတော့ သူတို့အကြောင်းကြားချက်ရပြီး နောက်ရက်မှာ ဒီကကျန်းမာရေးအဖွဲ့ စီစဉ်ပြီး လွှတ်ပေးလိုက်တာ။ ရွာလုံးကျွတ်ဖျားတာတော့ မဟုတ်ဘူး။ ရာခိုင်နှုန်း ၅၀ လောက် ဖျားနာကြာတာပေါ့။ ဟိုမှာက ကျန်းမာရေး ဆေးပေးခန်းနဲ့ ကုသပေးနိုင်တဲ့လူ မရှိဘူးလေ။ ခန္တီးဆေးရုံက ကျန်းမာရေးအဖွဲ့ ၁၈ ယောက်နဲ့ တပ်နယ်က ကျန်းမာရေးအဖွဲ့တွေ ရှစ်ယောက်လွှတ်ပေးလိုက်တာပေါ့။ ဆေးရုံက ကျန်းမာရေးအဖွဲ့င်္တေတော့ မနေ့ ည ၇ နာရီလောက်က ပြန်ရောက်လာပြီ။ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ဆးတပ်ဖွဲ့တွေတော့ အခြေအနေစောင့်ကြည့်ဖို့ ကျန်နေရစ်တယ် ” ဟု ဦးခင်မောင်ဆင့်က ပြောကြားသည်။


ရာသီတုပ်ကွေးဖျားနာမှုဖြစ်ပြီး လူအသေအပျောက် မရှိကြောင်းနှင့် တိုက်တီးကျေးရွာအနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် ကျန်းမာရေး အသိပညာပေးခြင်းများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။


“ ရိုးရိုးရာသီတုပ်ကွေးပါပဲ။ မိုးကလည်း အဆက်မပြတ်ရွာတော့ ဖျားတာနာတာ များတာပေါ့ဗျာ။ အခြေအနေကောင်းပါတယ် အသေအပျောက်လည်း မရှိပါဘူး။ အခုတော့ အားလုံးသက်သာသွားပါပြီ။ တိုက်တီးတစ်ရွာတည်းပါပဲ ကျန်တဲ့ရွာတွေမပါဘူး။ ဒါပေမဲ့ တိုက်တီးက ကျဲဆန်ဆိုတဲ့ရွာကို မနေ့ကသွားပြီး ဆေးဝါးစမ်းသပ်မှုတွေ လုပ်ပေး၊ ကျန်းမာရေးဟောပြောပွဲတွေ လုပ်ပေးခဲ့တယ် ”ဟု ဦးခင်မောင်ဆင့်က ဆိုသည်။


တိုက်တီးကျေးရွာသည် ခန္တီးမြို့မှ မိုင် ၅၀ ခန့်ကွာဝေးပြီး ချင်းတွင်းမြစ်အထက်ပိုင်းဒေသရှိ ကျေးရွာဖြစ်သည်။ ထိုကျေးရွာတွင် နာဂတိုင်းရင်းသားများနှင့် ရွေ့ပြောင်းအလုပ်သမားများ နေထိုင်ကြပြီး ရေကြောင်းခရီးဖြင့်သာ သွားလာ၍ရကာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသဖြစ်ကြောင်း သိရသည်။


Credit: Daily Eleven



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18