Print

မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးများအလှပဆုံးအပြုံးပိုင်ရှင်များ ဖ...

  24-Aug-2018
Preview Image

● လက်ရာအလွန်သေသပ်လှပစွာ ခွဲစိတ်ကုသပေးနိုင်သည့် အမေရိကန်မှ ဝါရင့်ကျွမ်းကျင် Plastic SurgeonTeam နှင့် အရည်အသွေးကောင်းမွန်စွာ လက်တွဲပံ့ပိုးပေးနိုင်သည့် ဝိတိုရိဆေးရုံတို့က ပူးပေါင်း၍ အခမဲ့ ခွဲစိတ်ကုသမှုများကို ဆောင်ရွက်ပေးသွားမှာပါ။

● ကျန်းမာရေးစစ်ဆေးမှုများ၊ ခွဲစိတ်ကုသစရိတ်များ၊ ဝိတိုရိယဆေးရုံရှိ ခွဲစိတ်ခန်းနှင့် အတွင်းလူနာခန်းမှကုသမှုစရိတ်များနှင့်အခြေခံဆေးဝါးများအားလုံးကို အခမဲ့အပြင် နယ်ဝေးမြို့မှကလေးများအတွက်ကလေးနှင့်အတူမိဘအုပ်ထိန်းသူတစ်ဦးအတွက် တည်းခိုစရာ နှင့် စားစရာများပါ စီစဉ်ပေးသွားပါမည်။

● ယခု အခမဲ့ ခွဲစိတ်ကုသပေးမည့်အစီအစဉ်သည်ဝိတိုရိယကျန်းမာရေးထောက်ပံ့ကူညီစောင့်ရှောက်မှုဖောင်ဒေးရှင်း နှင့် အမေရိကန်နိုင်ငံ Alliance for Smile Organization တို့ပူးပေါင်း၍ ၂၀၁၈ခုနှစ်၊အောက်တိုဘာလ (၂၃) ရက်မှ နိုဝင်ဘာ (၂) ရက်အတွင်းမှာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးများအတွက် ဆဌမအကြိမ်မြောက်ဖြစ်ပါတယ်။

● ခွဲစိတ်ကုသမှုခံယူလိုတဲ့ကလေးများရဲ့မိဘ/အုပ်ထိန်းသူများအနေဖြင့် ယခုမှစတင်၍စာရင်းပေးသွင်းနုိင်မှာဖြစ်ပြီး သြဂုတ်လ ၃၁ ရက်နောက်ဆုံးထားစာရင်းပေးသွင်းရမှာပါ။

● မိမိပတ်ဝန်းကျင်ရှိ ကလေးငယ်များအတွက် ယခုပို့စ်ကို ရှဲလ်ပေးခြင်း နှင့် ကော်မန့်တွင်မန်းရှင်းခေါ်ပေးခြင်းများဖြင့် သူတို့ကို အလှဆုံးအပြုံးလေးတွေ တပ်ဆင်ပေးကြပါစို့။

● အောက်ပါဖုန်းနံပါတ်များသို့ ဖုန်းဖြင့်သာဆက်သွယ်စာရင်းပေးသွင်းပါရန် ပန်ကြားအပ်ပါတယ်။ 

Hunt Line: 019666141
Hot Lines: 09783666141, 09783666142,
09783666143, 09783666144



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18