Print

တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးခု၌ ကုန်ကျစရိတ် သက်သာသော ကျောက်ကပ်သွေး သန...

  13-Mar-2018
Preview Image

 တိုင်းဒေသကြီးနှင့်    ပြည်နယ်ငါးခု၌ ကုန်ကျစရိတ် သက်သာသော အခမဲ့ကျောက် ကပ်သွေးသန့်စင်ဌာန ငါးခု ထပ်မံဖွင့်လှစ်မည် ဖြစ်ကြောင်း  ယမန်နေ့က  ရန်ကုန်မြို့၌ ကျင်းပသည့် မြန်မာကျောက်ကပ် ဖောင်ဒေးရှင်း တည်ထောင်မှု  အောင်မြင်ခြင်း အခမ်းအနားမှ သိရသည်။


 အဆိုပါဌာနငါးခုမှာ မန္တလေးတိုင်းဒေသကြီးရှိ ကျောက်ပန်းတောင်း ကျောက်ကပ်သွေး သန့်စင်ဌာန၊ ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်ကျောက်ကပ်သွေး သန့်စင်ဌာန၊ မွန် ပြည်နယ်ရှိ မော်လမြိုင်ကျောက်ကပ်သွေး သန့်စင်ဌာန၊  ကရင်ပြည်နယ်ရှိ  ဘားအံကျောက်ကပ် သွေးသန့်စင်ဌာနနှင့်    ကချင်ပြည်နယ်ရှိ  မြစ်ကြီးနား ကျောက်ကပ်သွေး သန့်စင်ဌာနတို့ ဖြစ်ကြောင်း သိရသည်။ ''အလှူရှင်များများရှိလာရင်   မြန်မာ နိုင်ငံ အနှံ့အပြားမှာရှိတဲ့     ကျောက်ကပ် ဝေဒနာရှင်တွေကို ကုန်ကျစရိတ် သက်သာစွာနဲ့ ကျောက်ကပ်သွေး သန့်စင်နိုင်အောင် ကြိုးစားမှာပါ။


 နေ့စဉ် လူဦးရေ ၁၂ဝ ကနေ ၁၅ဝ   အထိ   ကျောက်ကပ်သွေး သန့်စင်အောင်  အခမဲ့ လုပ်ပေးနေပါတယ်''   ဟု မြန်မာကျောက်ကပ် ဖောင်ဒေးရှင်း ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဝင်းနိုင် ကပြောသည်။ ထို့ပြင်   ကျောက်ကပ်ရောဂါ မဖြစ်ပွားစေရေးအတွက်  ပြည်သူလူထုကို  အသိ ပညာပေးမည်ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံး၌ ကျောက်ကပ်သွေး သန့်စင်ဌာနများ ဖွင့်လှစ်နိုင်ရန်နှင့် လိုအပ်သည့် စက်ကိရိယာများ ဝယ်ယူနိုင်ရန်    အလှူရှင်များ အနေဖြင့် ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။


 လက်ရှိတွင် မြန်မာကျောက်ကပ် ဖောင်ဒေးရှင်းအနေဖြင့် ပျဉ်းမနားမြို့၌ သံဃဘေသဇဌာန ဝိဟာရဆေးရုံ၊ ရန်ကုန်မြို့၌ သုခကျောက်ကပ်သွေး သန့်စင်ဌာန (နာရေး ကူညီမှုအသင်း)၊ ဇီဝိတဒါန သံဃာ့ဆေးရုံကြီး (ရန်ကုန်)၊ လားရှိုးမြို့၌ ဘာသာမရွေး နာရေးကူညီမှုအသင်း၊ မြင်းခြံမြို့၌ ဆန္ဒတော် ပြည့်အာယုပါလ၊ ပဲခူးမြို့၌ ဗိမာန်ရှင် လူမှုရေးနှင့် နာရေးကူညီမှု အသင်းတို့တွင် ကျောက်ကပ် သန့်စင်စက်၊   နည်းပညာနှင့် အတတ်ပညာများကို ကုန်ကျစရိတ် သက်သာစွာ     ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။    


Credit : မြဝတီ



Related Articles


Advertisment 18