Print

အမေရိကန်ပြည်ထောင်စုတလွှား တုပ်ကွေးလူနာ ၂၅ ရာခိုင်နှုန်းထိ မြင့်တက်

  03-Feb-2018
Preview Image

အမေရိကန်ပြည်ထောင်စုတလွှားမှာ တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိပြီး ဂျော်ဂျီယာပြည်နယ် ဆေးရုံတရုံမှာ တုပ်ကွေးလူနာ ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။


ဇန်နဝါရီ ၃၀ ရက်က အတ္တလန္တာမြို့ ဂရေဒီ အောက်မေ့ဖွယ်ဆေးရုံမှာ တိုးမြှင့်လာတဲ့ တုပ်ကွေးလူနာတွေကို ကုသဖို့  အရေးပေါ် ယာယီဆေးကုသဆောင်ကို ဖွင့်လှစ်ခဲ့ပါတယ်။


ဒေါက်တာ ဟန်နီးအက်တာလာက “ကျနော်တို့ အရင်က ဒါမျိုးလုပ်စရာ မလိုပါဘူး။ အရေးပေါ်ကုသဆောင်ကိုလာတဲ့ အရေအတွက်က သိပ်ကို မြင့်လာခဲ့တယ်။ အရေးပေါ်တင် မဟုတ်ပါဘူး။ ဆေးရုံတက်လူနာတွေလည်း များလာတယ်။ အဲဒီလို အရေအတွက်များလာတော့ လူကြီးတွေနဲ့တိုင်ပင်ပြီး ယာယီဆေးကုသဆောင်တွေ ထပ်တိုးဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။ ကျနော်တို့ လူနာတွေအတွက် အကောင်းဆုံးဖြစ်ဖို့ လိုအပ်ပါတယ်။


“ဒီနှစ်တုပ်ကွေးက အတော်လေး အန္တရာယ်များပါတယ်။ လူနာတွေ ရောက်လာကြတယ်။ ငယ်ရွယ်ပြီး ကျန်းမာသူတွေကတော့ အိမ်မှာ အနားယူ၊ ဆေးသောက်ပြီး တုပ်ကွေးပျောက်သွားတဲ့အထိ စောင့်နိုင်တယ်။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကတော့ တုပ်ကွေးကူးစက်ခံရဖို့  အန္တရာယ်အများဆုံး အခြေအနေမှာ ရှိပါတယ်” လို့ ပြောပါတယ်။


ဒီနှစ် တုပ်ကွေးရာသိီဟာ ၂၀၁၄၊ ၂၀၁၅ နောက်ပိုင်း အဆိုးရွားဆုံးထဲက တခုဖြစ်ပြီး လူ ၃၄ သန်း တုပ်ကွေးဖြစ်ပွားခဲ့ကာ ရ သိန်း ၁ သောင်း ဆေးရုံတက်ရောက်ခဲ့တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောကြားခဲ့ပါတယ်။


အဲဒီ ဂရေဒီ အောက်မေ့ဖွယ်ဆေးရုံမှာ ပုံမှန် တနေ့ကို လူနာ ၄၀၀ ကျော်သာရှိရာမှ ဇန်နဝါရီမှာတော့ တနေ့ကို လူနာ ၅၅၀ ကျော်အထိ တက်ရောက်ကုသခဲ့တယ်လို့ ဒေါက်တာ အက်တာလာက ပြောပါတယ်။


Credit : dvbnews



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18