Print

(၂၅)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ် ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင...

  15-Jan-2018
Preview Image

ရန်ကုန်    ဇန်နဝါရီ    ၁၃ (၂၅)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါအထူးကု ဆေးရုံကြီး(ခုတင်-၅ဝဝ) ဆင်ဖြူရှင် ခန်းမ၌ ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင်  သုတေသန စာတမ်းပေါင်း ရ၅ စောင်၊ သုတေသန လုပ်ဆောင်ချက်ပိုစတာ အခု ၁ဝဝ၊ Symposium  of  the  Conference wpfck?  Major   Symposiumတစ်ခု၊ Symposium ၁၂ ခု၊ Clinicopathological  ConFerence တစ်ခု၊ Clinical  Session တစ်ခု၊ Talk ၁၆ ခု၊ Building Share  Vision  in  Medicine တစ်ခု၊ Debate တစ်ခုတို့ကို ပြည်တွင်း/ပြည်ပမှ သုတေသီများ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ သုတေသီများနှင့် ဆေးဝန်ထမ်း တပ်ဖွဲ့မှ ပါရဂူ၊ ဆေးမှူးများ၊ သူနာပြုများက ဖတ်ကြားတင်သွင်း ဆွေးနွေးကြမည်ဖြစ်သည်။


 ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လိုပါက တပ်မတော်ဆေးတက္ကသိုလ် စာပေဌာန ဖုန်း-ဝ၃၁-၃၅ဝ၆၂၊ အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁ဝဝဝ)  ဖုန်း-ဝ၃၁-၃၅၂၄၇၊ အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ခုတင်-၁ဝဝဝ)ဖုန်း-ဝ၃၆-၅၁၁၁ဝ၊ အမှတ်(၂) တပ်မတော်ဆေးရုံ(ခုတင်-၅ဝဝ) ဖုန်း-၁၃၁-၃၁ဝ၂၆၊ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး(ခုတင်-၅ဝဝ)၊ ဖုန်း-ဝ၃၁-၃၅၂၇ဝ တို့သို့  ဆက်သွယ်၍ ဖေဖော်ဝါရီ ၁၇ ရက်မှ ၁၉ ရက်အထိ မှတ်ပုံတင်စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။ နှီးနှောဖလှယ်ပွဲသို့ ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုအရာရှိများ၊ သူနာပြုများနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ စိတ်ပါဝင်စားသူများလည်း တက်ရောက်နိုင်ကြောင်း သိရသည်။


Credit : မြဝတီ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18