Print

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး MPH နှင့် MHA ဘွ...

  15-Jan-2018
Preview Image

နေပြည်တော် ဇန်နဝါရီ ၃ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်း၌ ပြည်သူ့ကျန်းမာရေး တက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေး ပညာမဟာဘွဲ့ Master of Public Health (MPH) ဘွဲ့ရရှိခဲ့ကြသော ဆရာဝန် ၄၉ ဦးအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။ 


ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်သူ့ကျန်းမာရေး ကဏ္ဍကြီးတစ်ရပ်လုံး တိုးတက်ရန်အတွက် ဦးဆောင်မှုပေးရာတွင် ယခု MPH ဘွဲ့ရများသည် အနာဂတ်တွင် ဦးဆောင်မည့်သူများ ဖြစ်ကြကြောင်း၊ မိမိတို့၏ ပညာရပ်များ စဉ်ဆက်မပြတ် တိုးတက်စေရေး၊ ပြည်သူများ၏ ကျန်းမာရေးကို ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်မှုရှုထောင့်မှ စောင့်ရှောက်ပေးနိုင်ရေး၊ ကျင့်ဝတ်နှင့်အညီ နေထိုင်ပြုမှု ပြောဆိုလုပ်ကိုင်နိုင်ရေး တို့ကို အမြဲသတိပြု ဆောင်ရွက်စေလိုကြောင်းနှင့် MPH သင်တန်းအား ယခုထက်ပိုမိုကောင်းမွန်စွာ သင်ကြားပို့ချနိုင်ရေးအတွက် အကြံပြုချက်များ ပေးကြရန်လည်း ပြောကြားသည်။ 


အလားတူ နေ့လယ်ပိုင်းတွင် ပြည်သူ့ကျန်းမာရေး တက္ကသိုလ်မှ ဆေးပညာမဟာသိပ္ပံ (ဆေးရုံအုပ်ချုပ်မှုနှင့် ကျန်းမာရေး စီမံခန့်ခွဲမှုပညာ) Master of Hospital Administration (MHA) ဘွဲ့ရရှိခဲ့ကြသော ဆရာဝန် ၂၇ ဦးအား တွေ့ဆုံ၍ ကြိုဆိုဂုဏ်ပြု အမှာစကားပြောကြားရာတွင် ဆေးရုံအုပ်ကြီးများ၏ ကဏ္ဍသည် အလွန်အရေးပါကြောင်း၊ MHAသင်တန်းမှ အတွေ့အကြုံများကို အသုံးချ၍ ဆေးရုံများ၏ ဘက်စုံဝန်ဆောင်မှုများကို ယခုထက် ပိုမိုတိုးတက်စေရန် ဆောင်ရွက်ပြီး ဝန်ထမ်းများ သက်သာချောင်ချိရေးနှင့် လုပ်ငန်းခွင်တွင် ပျော်ရွှင်စွာ လုပ်ကိုင်နိုင်ရေးအတွက် အလေးထား ဆောင်ရွက်စေလိုကြောင်း၊ထို့ပြင် ဝန်ထမ်းများနှင့် မိသားစုသဖွယ် ရင်းရင်းနှီးနှီး ဆောင်ရွက်စေလိုကြောင်း၊ မိမိဆေးရုံကို သန့်ရှင်းသပ်ရပ်ကာ ပြည်သူများနှင့် လူနာများမှ ဆေးရုံဝန်ဆောင်မှုများ အပေါ် စိတ်ကျေနပ်မှုကို ရရှိစေပြီး ခေတ်မီဆေးရုံတစ်ရုံ အဖြစ် စဉ်ဆက်မပြတ် တိုးတက်စေရေး ကြိုးစားဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသည်။


တွေ့ဆုံပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ဝန်ထမ်းရေးရာ) ဒေါက်တာစိုးဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြောင်း သတင်းရရှိသည်။ 


Credit : မြဝတီ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18