Print

ယခုနှစ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များ ဆီးချို စစ်ဆေးနိုင်ရေး ဆောင်ရွက်ရ...

  14-Dec-2017
Preview Image

 ရန်ကုန်  ဒီဇင်ဘာ  ၁၃ မြန်မာနိုင်ငံအတွင်းရှိ   ကိုယ်ဝန်ဆောင် မိခင်များအား ဆီးချိုရောဂါ ရှိ၊ မရှိ စစ်ဆေးနိုင်ရေး ယခုနှစ်အတွင်း  ဆောင်ရွက်ရန် စီစဉ်ထားကြောင်း  ဆီးချိုသွေးချိုစီမံချက်မန်နေဂျာ ပါမောက္ခ ဦးကိုကိုထံမှ သိရသည်။ 


ယင်းကဲ့သို့    ဆီးချိုစစ်ဆေးနိုင်ရန် သားဖွားဆရာမများကို   ဆီးချိုသွေးချို စစ်ဆေးနိုင်မည့် ကိရိယာများ   ပံ့ပိုးပေးမည်ဖြစ်ပြီး  သင်တန်းများလည်း ပို့ချပေးလျက်ရှိသည်။ 


ယင်းသင်တန်းများပြီးပါက စတင် စစ်ဆေးနိုင်မည်ဖြစ်သည်။စစ်တမ်းများအရ ကိုယ်ဝန်ဆောင်မိခင်   ခုနစ်ဦးတွင် တစ်ဦးသည် ဆီးချိုရောဂါဖြစ်ပွားနေသည်ကို  တွေ့ရှိရပြီး ယင်းကဲ့သို့  ဆီးချိုသွေးချိုရောဂါရှိပါက  အသက်ဆုံးရှုံး ရသည်အထိ အန္တရာယ်ရှိနိုင်ကြောင်း သိရသည်။


 မြန်မာနိုင်ငံ၌ ကိုယ်ဝန်ဆောင်မိခင်များတွင် ဆီးချိုရောဂါဖြစ်ပွားမှုနှုန်း ၂ဝ  ရာခိုင်နှုန်းမှ ၄ဝ ရာခိုင်နှုန်းခန့်ရှိနေကြောင်း၊ ၂ဝ၁၄ ခုနှစ်က  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူသော  ဆီးချိုရောဂါစစ်တမ်းအရ အသက်  ၂၅ နှစ်မှ ၆၅ နှစ်ကြားတွင်  ၁ဝ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပွားပြီး အမျိုးသားများတွင်  ၉ ဒသမ ၁ ရာခိုင်နှုန်းဖြစ်ပွား၍ အမျိုးသမီးများတွင် ၁၁ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်ပွားကြောင်း သိရသည်။ 


ကိုယ်ဝန်ဆောင်မိခင်များတွင်  ဆီးချို ရောဂါဖြစ်ပွားပါက ဆီးချိုရောဂါဖြစ်ပွားနေသည်ကို  မသိရှိသောကြောင့်   လမစေ့မီ မွေးဖွားခြင်းနှင့်  ကလေးအသက်ဆုံးရှုံးခြင်းများ ဖြစ်တတ်ကြောင်း သိရသည်။    


Credit: မြဝတီ



Related Articles


Advertisment 18