Print

ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးထိုးပြီး သေဆုံးခဲ့သော ကလေးငယ်များ မူလရောဂါအ...

  25-Nov-2017
Preview Image

 ဧရာဝတီတိုင်းတွင် ကလေးနှစ်ဦး ဂျပန်ဦးနှောက် ရောင်ရောဂါ ကာကွယ်ဆေးထိုး ပြီး ရက်အနည်းငယ်အကြာတွင် သေဆုံးခဲ့ခြင်းသည် အခြားဗိုင်း ရပ်စ်ပိုးဝင်ပြီး အစာအိမ်နှင့် အူ လမ်းကြောင်း၊ နှလုံးနှင့် ကျောက် ကပ် ထိခိုက်ခြင်းကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။


 ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ ကလေးတစ်ဦး သည် ကာကွယ်ဆေးထိုးပြီး နှစ်ရက်အကြာတွင် သေဆုံးပြီး သာပေါင်းမြို့နယ်ရှိ ကလေးတစ်ဦး သည် ကာကွယ်ဆေးထိုးနှံပြီး သုံး ရက်အကြာ၌ သေဆုံးခဲ့သည်။


အဆိုပါ သေဆုံးမှုနှင့်ပတ် သက်ပြီး စစ်ဆေးခဲ့ရာ ကလေး ငယ်များတွင် အခြားဗိုင်းရပ်စ်ပိုး ဝင်ပြီး အစာအိမ်နှင့် အူလမ်း ကြောင်း၊ နှလုံးနှင့် ကျောက်ကပ် ထိခိုက်မှုကြောင့် သေဆုံးကြောင်း စစ်ဆေးတွေ့ရှိရကြောင်း ထုတ် ပြန်ထားသည်။


‘‘ကလေးတွေက ကာကွယ် ဆေးထိုးပြီး နှစ်ရက်နဲ့ သုံးရက်အ ကြာမှာ သေဆုံးတာပါ။ စစ်ဆေး ကြည့်တဲ့အခါ သူတို့မှာ ရောဂါ အခံတွေရှိတာကို သွားတွေ့ရ တယ်’’ဟု ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန၊ သဘာဝဘေး အန္တရာယ်နှင့် ကူးစက်ရောဂါကာ ကွယ်တိုက်ဖျက်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။


အဆိုပါ ကလေးနှစ်ဦးအ ပြင် ပင်လောင်းမြို့နယ်ရှိ အသက် (၁၃)နှစ်အရွယ် ကျောင်းသူတစ် ဦးသည် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံပြီး ခုနစ်နာရီခန့်အကြာတွင် သေဆုံး ခဲ့သည်။ အဆိုပါကလေးငယ်၌ လည်း ကာကွယ်ဆေးနှင့် ဓာတ် မတည့်လျှင် ဖြစ်ပေါ်တတ်သည့် ပြောင်းလဲမှုများ မတွေ့ရဘဲ ငယ်စဉ်ကတည်းက လေပြွန်ရောင် ရောဂါရှိခဲ့သည်ကို စစ်ဆေးတွေ့ ရှိကြောင်း ဆိုသည်။


‘‘တချို့အရာတွေက ကျန်း မာရေးဝန်ထမ်းတွေ စစ်ဆေးလို့ မပေါ်တဲ့ ရောဂါတွေရှိတယ်။ ရောဂါအခံရှိတာကိုတော့ ဒီအ တိုင်း ချက်ချင်းစစ်ဆေးလို့မပေါ် ဘူး။ နောက်တစ်ခါ စိတ်ပူတတ် တဲ့ မိဘတွေကိုတော့ ကလေးအ ထူးကုဆရာဝန်ကြီးတွေနဲ့ အရင် ဆုံးပြသထားဖို့လည်း အသိပေး သွားမယ်’’ဟု ဒေါက်တာသန်း ထွန်းအောင်ကပြောသည်။


Credit : 7 day daily


Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18