Print

နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးငယ်များကို ကိုရီးယားအထူးကုဆရာဝန်များက အခမဲ...

  23-Nov-2017
Preview Image

နှုတ်ခမ်းကွဲ အာခေါင်ကွဲကလေးငယ် ၁၁ ဦးကို ကိုရီးယားနိုင်ငံရဲ့ အထူးကုဆရာဝန်ကြီးတွေက လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံမှာ အခမဲ့ ခွဲစိတ်ကုသပေးခဲ့ပါတယ်။


ဒီခွဲစိတ်ကုသမှုကို နိုဝင်ဘာ ၂၀ ရက်နဲ့ ၂၁ ရက်နေ့ နှစ်ရက်ကြာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကိုရီးယားနိုင်ငံက Globle Image Care အဖွဲ့က တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။


ခွဲစိတ်ကုသဖို့အတွက် အသက်  ၁ နှစ်ကနေ ၁၉ နှစ်ထိ ကလေးငယ် ကျား ၁၁ ဦး၊ မ ၄ ဦး အားလုံးပေါင်း ၁၅ ဦး စာရင်းပေးသွင်းခဲ့ပေမယ့် ကလေးငယ် ၄ ဦးကတော့ ခွဲစိတ်ကုသမှုအတွက် အဆင်သင့်မဖြစ်သေးတာကြောင့် သာမာန်ဆေးကုသမှုပေးပြီး ပြန်လွှတ်ခဲ့ရတယ်လို့ လှိုင်သာယာမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦးက ဆိုပါတယ်။


ကိုရီးယားနိုင်ငံက မေ့ဆေးဆရာဝန်ကြီး ၁ ဦး၊ ပလက်စတစ်ဆာဂျီဆရာဝန် ၃ ဦးတို့က ခွဲစိတ်ကုသပေးခဲ့တာ ဖြစ်ပါတယ်။


Credit : DVB



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18