Print

ရှေးဦးသူနာပြုလုပ်ငန်းများကို တစ်အိမ်တစ်ယောက်နှုန်း သိထားရန်လိုအပ်

  26-Apr-2017
Preview Image

အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်သည့် ရှေးဦးသူနာပြုလုပ်ငန်းများကို တစ်အိမ်ထောင် တစ်ယောက်နှုန်း သိရှိထားရန်လိုအပ်ကြောင်း 

ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ သိရှိရသည်။

“အရေးပေါ်အခြေအနေမှာ ရှေးဦးသူနာပြုလုပ်ဆောင်တာတွေကို

ပြည်သူတွေ အားလုံးသိရှိထားသင့်တယ်။


ဆေးရုံ မသွားခင် အရေးပေါ်အခြေအနေမှာပါ။ အခု သိတဲ့သူတွေကို 

နည်းသေးတယ်။ အနည်းဆုံး တစ်အိမ် တစ်ယောက်သိရှိထားဖို့လိုတယ်။ ဒါကြောင့် အခုအခြေခံကျောင်းတွေမှာ တိုးမြှင့် လုပ်ဆောင်သွားမယ်။”ဟု ရန် ကုန်တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးမျိုးမင်းနောင် 

ကပြောသည် ။ အစိုးရဌာနများ၊ အရေးပေါ်ပရဟိအဖွဲ့အစည်းများအနေဖြင့်လည်း ကြက်ခြေနီတပ်ဖွဲ့ထံ ချိတ်ဆက်၍ သင်တန်း တက်ရောက်နိုင်မည်ဖြစ်ပြီး သက်ဆိုင်ရာရပ်ကွက်ဆင့်အလိုက်လည်း သင်တန်းတက်ရောက်လိုပါက ကြက်ခြေ နီရုံးသို့ဆက်သွယ်နိုင်ကြောင်း ဦးမျိုးမင်းနောင်ကပြောသည်။


အဆိုပါ ရှေးဦးသူနာပြုလုပ်ငန်းစဉ်များကို ပိုမိုသိရှိစေရန်အတွက်လည်း ၂၀၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းရှိ အခြေခံ ပညာကျောင်းပေါင်း(၁၂)ကျောင်းတွင် သင်တန်းပေးထားပြီးဖြစ်ကာ ပိုမိုကျယ်ပြန့်စေရေး အတွက်လည်း 

သင်တန်းတိုးချဲ့မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်၊။

“ကျွန်မတို့ငယ်ငယ်တုန်းကတော့ ကျောင်းတိုင်းမှာလိုက်သင်ပေးတာတွေရှိတယ်။ လူတိုင်း ရှေးဦးသူနာပြုလုပ် ငန်းစဉ်တွေကို သိထားသင့်တာပါ။ 

အရေးပေါ်အခြေအနေ ဆေးရုံ၊ ဆေးခန်း မရောက်ခင်မှာ အသက်ကယ်ဖို့ လုပ်နိုင်သလောက်လုပ်နိုင်မယ့်အရာတွေပါ။ ပြည်သူအားလုံး သိထားသင့်ပါတယ်။”ဟု လှိုင်သာယာမြို့နယ်နေ ဒေါ်စိုးမာလာကပြောသည် ၊ရှေးဦးသူနာပြု အတတ်ပညာမှာ ထိခိုက်ဒဏ်ရာရသူများကို ဆေးရုံသို့မပို့ဆောင်မီ ရှေ့ပြေးကျန်းမာရေးစောင့် ရှောက်မှုပေးခြင်းဖြစ်ပြီး သွေးထွက်မလွန်စေရန်လုပ်ဆောင်ခြင်း၊ အခြေခံပတ်တီးစည်းခြင်းအပြင် အခြားသော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆိုလိုခြင်းဖြစ်ကြောင်း သိရသည်။


ရန်ကုန်တိုင်းတွင်ကြက်ခြေနီသင်တန်းနှင့်ပတ်သက်၍ အခြေခံပညာအထက်တန်းကျောင်း(၇၀)ကျော်တွင် သင် တန်းပေးထားပြီးဖြစ်ကာ အလယ်တန်းကျောင်းများတွင်လည်း သင်တန်းများပေးအပ်ထားကြောင်း သိရသည်။


Credit: 

ရတနာပုံ သတင်းစာ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18