Print

ဌာနပေါင်းစုံ အဖွဲ့ စျေးကွက်ထဲထိ ဝင်စစ်ဖို့လို

  26-Apr-2017
Preview Image

ပါဝင်တဲ့ ပစ္စည်း အမျိုးအစားတွေ တိတိကျကျ ဖော်ပြဖို့လို

ဘေးဥပါဒ် အန္တရာယ် ဖြစ်စေတဲ့ အစားအသောက်နဲ့ ဆေးဝါးတွေ မြန်မာနိုင်ငံ စျေးကွက်ထဲ ရောက်မလာဖို့ အဆင့်ဆင့် ကြိုတင် ကာကွယ် တားဆီး သွားမယ်လို့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့က ပြောပါတယ်။


နယ်စပ်ကနေ ဝင်လာမယ့် ကုန်ပစ္စည်းတွေကို သေချာ စိစစ်မှာ ဖြစ်တဲ့ အပြင်၊ ရွေ့လျား အဖွဲ့ငယ်တွေ အသုံးပြုပြီး တော့လည်း စစ်ဆေး သွားမယ်လို့ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး အဖွဲ့ FDA ရဲ့ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာသန်းထွဋ် က ဘီဘီစီကို ပြောပါတယ်။


စျေးကွက်ထဲကိုလည်း ဌာနပေါင်းစုံ အဖွဲ့တွေ တစ်လ နှစ်ကြိမ် ဝင်စစ်ဖို့လည်း နေပြည်တော် အလုပ်ရုံ ဆွေးနွေးပွဲမှာ အကြံ ပြုခဲ့တယ် ဆိုပြီး ဒေါက်တာသန်းထွဋ် က ဆိုပါတယ်။


ပြည်တွင်း လုပ်ငန်းရှင် တွေ အနေနဲ့လည်း ကုန်ပစ္စည်း အမှတ်တံဆိပ်ကို မြန်မာလို ရေးသား ရမှာဖြစ်ပြီး၊ သက်တမ်း ကုန်ဆုံးတဲ့ နေ့စွဲနဲ့ ပါဝင်တဲ့ ပစ္စည်း အမျိုးအစားတွေကိုလည်း တိတိကျကျ ဖော်ပြဖို့ လိုအပ်တယ်လို့ ဒေါက်တာသန်းထွဋ် က ဆိုပါတယ်။


ဒါတွေဟာ ကုန်ပစ္စည်း အမှတ်တံဆိပ် ဥပဒေ အဖြစ် အတိအကျ ပြဌာန်း ထားပြီး ဖြစ်ပါတယ်။


ပြည်တွင်း စားသောက်ကုန် တွေကို အန္တရာယ် ကင်းရှင်းကြောင်း ခွင့်ပြုချက် ပေးဖို့ FDA က စိစစ်တဲ့ အခါမှာတော့ ပိုပြီး မြန်မြန်ဆန်ဆန် ဖြစ်ဖို့ ဆိုရင် ဝန်ထမ်း ဦးရေ တိုးချဲ့ဖို့ လိုနေသေးတယ် လို့ ဒေါက်တာသန်းထွဋ်က ဆိုပါတယ်။


စားသောက်ကုန်တွေမှာ ဆိုးဆေး အပါအဝင် မလိုလား အပ်တဲ့ ဓာတုပစ္စည်းတွေ ထည့်သွင်း ထားတဲ့ ပြဿနာမျိုး ရှိနေတဲ့ အတွက် FDA အနေနဲ့ စားသုံးရန် မသင့် ကုန်ပစ္စည်းတွေ ဆိုပြီး အခါအားလျော်စွာ အများ ပြည်သူကို ထုတ်ပြန် ကြေညာ ပေးနေရပါတယ်။


Credit : သစ်ထူးလွင်

BBC Burmese



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18