Print

FlatFeet (ခြေဖဝါးအခုံးပျောက်၍ ခြေထောက်ပြားခြင်း )

  16-Aug-2018
Preview Image

ခြေဖဝါးအခုံးများ ပျောက် (သို့မဟုတ်) ပြားပြီး မတ်တပ်ရပ်သောအခါ ခြေဖဝါးတစ်ခုလုံး အောက်ခြေကြမ်းပြင်ကို ထိနေခြင်းကို “FlatFeet”  ဟုခေါ်သည်။ ခြေဖဝါးများ၏ အခုံးများသည် ငယ်စဉ်ကလေးဘဝကတည်းက ကောင်းစွာ မဖွံ့ဖြိုး၍ဖြစ်စေ၊ ထိခိုက်ဒဏ်ရာရခြင်းကြောင့်ဖြစ်စေ၊ အသက်ကြီးလာခြင်းကြောင့်ဖြစ်စေ ခြေဖဝါးအခုံးများပျောက်ပြီး ခြေထောက်ပြားခြင်းဖြစ်နိုင်ပါသည်။  ပုံမှန်အားဖြင့် ခြေထောက်တွင် နာကျင်ကိုက်ခဲခြင်း မရှိပါ။  

လက္ခဏာများ

- များသောအားဖြင့် လက္ခဏာ မရှိပါ။

- သို့သော် တစ်ချို့သော သူများတွင် ခြေဖနောင့်နှင့် ခြေဖဝါးတွင် နာကျင်ကိုက်ခဲခြင်းကို ခံစားရတတ်ပါသည်။ လှုပ်ရှားမှုများလျှင် ပိုနာတတ်ပါသည်။

- ခြေကျင်းဝတ် အနီးတစ်ဝိုက်တွင်လည်း ရောင်လာတတ်ပါသည်။


ဖြစ်ပွားရသော အကြောင်းအရင်းများ

- ခြေဖဝါးအခုံးများ ကောင်းစွာ မဖွံ့ဖြိုးခြင်း

- ခြေဖဝါး နှင့် ခြေကျင်းဝတ်အရွတ်တို့ ထိခိုက်ဒဏ်ရာရရှိခြင်း


ဖြစ်နိုင်ချေ များသူများ

- အဝလွန်သူများ

- ခြေဖဝါး (သို့မဟုတ်) ခြေကျင်းဝတ်တွင် ထိခိုက်ဒဏ်ရာ ရရှိထားသူများ

- သွေးလေးဖက်နာရောဂါရှိသူများ

- အသက်အရွယ်ကြီးသူများ

- သွေးချိုဆီးချိုရောဂါရှိသူများ


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

- ခြေဖဝါးတွင် နာကျင်မှု ခံစားနေရလျှင် ဆရာဝန်နှင့် ပြသင့်ပါသည်။


 စစ်ဆေးမှုများ

- ဓာတ်မှန်ရိုက်ခြင်း

- အရွတ်ကို အာထရာဆောင်း ရိုက်ခြင်း

- ကွန်ပျူတာဓာတ်မှန် ရိုက်ခြင်း

- သံလိုက်ဓာတ်မှန် ရိုက်ခြင်း


ကုသခြင်း

- မနာလျှင် ကုသစရာ မလိုပါ။

- နာလျှင် - အနားယူပါ

- အဝလွန်နေလျှင် ဝိတ်ချပါ။

-အကိုက်အခဲပျောက်ဆေးများ သောက်ပေးနိုင်ပါသည်။

-အရမ်းနာနေလျှင် ဆရာဝန်မှ အောက်ပါတို့ကို ညွှန်ကြားနိုင်ပါသည်။

-ခြေဖဝါးအခုံးကို ထောက်ပံ့ပေးသော ပတ်တီးဖြင့် စည်းထားခြင်း

-ပြင်းပြင်းထန်ထန်မဟုတ်ပဲ ပေါ့ပါးသော လေ့ကျင့်ခန်းကိုပြုလုပ်ခြင်း (အကြောဆန့်လေ့ကျင့်ခန်းများ)

-ခြေဖဝါးအခုံး ထောက်ပံ့ပေးရန် သီးသန့်ထုတ်ထားသော ဖိနပ်စီးခြင်း

-ခြေဖဝါးပြားခြင်းသည် အရွတ်ဒဏ်ရာကြောင့်ဆိုလျှင် ခွဲစိတ်ကုသမှုကို ခံယူသင့်ပါသည်။

Dr. Rainnie

Credit to: Mayoclinics




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18