Print

Q Fever

  16-Aug-2018
Preview Image

Q  Fever ဆိုသည်မှာ ရောဂါကူးစက်ခံနေရသော တိရစ္ဆာန်များ (သိုး၊ ကျွဲ၊ နွားများ၊ ဆိတ်) မှတစ်ဆင့် လူ့ခန္ဓာကိုယ်ထဲသို့ ကူးစက်ဝင်ရောက်လာသော ဘက်တီးရီးယားရောဂါတစ်မျိုးဖြစ်သည်။

လက္ခဏာများ

Q fever ၏ အဓိက ရောဂါလက္ခဏာများမှာ 

- ကိုယ်ပူကြီးခြင်း၊

- ခေါင်းပြင်းထန်စွာ ကိုက်ခြင်း၊

- ကြွက်သားနှင့်အဆစ်များ နာကျင်ကိုက်ခဲခြင်း၊

- ချွေးပျံခြင်း၊

- လည်ချောင်းနာခြင်း နှင့် 

- ကိုယ်အလေးချိန်ကျသွားခြင်း တို့ဖြစ်သည်။

များသောအားဖြင့် ရောဂါပိုးရှိသူများတွင် တုပ်ကွေးလက္ခဏာများသာ ပြတတ်ပြီး ၂ ပတ်အတွင်း ပျောက်သွားလေ့ရှိသည်။ ၆လ ထက် ပိုကြာပါက Chronic Q fever (နာတာရှည် Q fever) ဟုခေါ်သည်။သို့သော် တစ်ချို့လက္ခဏာများသည် လအတန်ကြာ ကြာတတ်ပြီး ခန္ဓာကိုယ်၏ တခြားနေရာဖြစ်သော နှလုံးကို ထိပါက အသက်အန္တရာယ် ထိခိုက်နိုင်သည်။ 


ဖြစ်ပွားရသော အကြောင်းရင်းများ

- ရောဂါပိုး ကူးစက်ခံရသော တိရစ္ဆာန်မှ ထွက်သော အမှုန်များ ရှူမိခြင်း

- ရောဂါပိုးရှိသော မြေဆီလွှာ၊ ဖုန်မှုန့်နှင့်ကောက်ရိုးများမှ ထွက်သော ဖုန်မှုန့်များ ရှူရှိုက်မိခြင်း

- မျက်လုံး/ အရေပြား ပြတ်ရှရာမှ ပိုးဝင်နိုင်ခြင်း

- ရောဂါပိုး ကူးစက်ခံထားရသော တိရစ္ဆာန်၏ နို့ကို သောက်မိခြင်း

- လိင်ဆက်ဆံရာမှ ကူးစက်ခြင်း 

- မိခင်မှ သန္ဓေသားသို့ကူးစက်ခြင်း တို့ဖြစ်သည်။


နောက်ဆက်တွဲ ပြဿနာများ

       Q fever ၏ နောက်ဆက်တွဲ လက္ခဏာများမှာ 

- နှလုံးရောင်ခြင်း၊

- Pneumonia ခေါ် အဆုတ်ရောင်ရောဂါ ဖြစ်ခြင်း၊

- အသည်းရောင်ခြင်း၊

- ဦးနှောက် အမြှေးပါးရောင်ခြင်း နှင့် 

ကိုယ်ဝန်ဆောင်စဉ် Q fever ရပါက 

- လမစေ့/ ပေါင်မစေ့ မွေးဖွားခြင်း၊

- ကလေး ပျက်ကျခြင်းနှင့် အသေမွေး ခြင်းတို့ ဖြစ်နိုင်သည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

ထိုရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပြီး ရောဂါလက္ခဏာများ ကြာရှည်စွာ ဖြစ်နေခြင်း၊ ပိုဆိုးလာခြင်းနှင့်ကိုယ်ဝန်ဆောင်စဉ် ဆိုပါက ဆေးရုံဆေးခန်းသို့စောစီးစွာ သွားရောက်သင့်သည်။


စစ်ဆေးမှုများ

ရောဂါ အခြေအနေ၊ တိရစ္ဆာန်များနှင့် ထိတွေ့မှုရှိမရှိ မေးမြန်းခြင်း၊ စမ်းသပ်ခြင်း နှင့် သွေးစစ်ခြင်းများ ပြုလုပ်ခြင်းဖြင့် ရောဂါရှိမရှိ သိနိုင်သည်။


ကုသခြင်း

Q fever ဖြစ်လာပါက ဆေးကုသမှှု မခံယူဘဲ ပြန်ကောင်းနိုင်သော်လည်း အချို့မှာမူ ပဋိဇီဝဆေးများ သောက်သည့်တိုင်အောင် မသက်သာဘဲ ရှိနေတတ်သည်။ နာတာရှည် Q fever ဖြစ်ပါက ကုသရန် ခက်ခဲပြီး အနည်းဆုံး ၁၈လအထိ ပိုးသတ်ဆေးများ သောက်ရန်လိုအပ်သည်။ နောက်ဆက်တွဲ ရောဂါဖြစ်သော နှလုံးရောင်ခြင်း ဖြစ်ပါက ဆေးရုံတက်၍ ကုသမှု ခံယူရန် လိုအပ်သည်။


ကာကွယ်ခြင်း

Q fever ကို ကာကွယ်ရန် အလို့ငှာ တိရစ္ဆာန်များနှင့် ထိတွေ့မှုရှိပါက

- လက်ကို သေချာ စင်ကြယ်အောင် ဆေးကြောရန်

- ဒဏ်ရာများ ရရှိပါက သန့်ရှင်းအောင် လုပ်၍ ဖုံးအုပ်ထားရန်

- ရေစိုခံ လက်အိတ်များ၊ရေကာ/လေကာ မျက်မှန်များ တပ်ဆင်ရန်

- ပိုးမွှားများ ရှိနိုင်သော နေရာတွင် အစာစားခြင်းမှ ရှောင်ကြဉ်ရန်

- တိရစ္ဆာန် အညစ်အကြေးများကို စနစ်တကျ စွန့်ပစ်ရန် လိုအပ်ပါသည်။


Ref: NHS Choices, UK



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18