Print

အမျိုးသမီးများနှင့်မြုံခြင်း ပြဿနာ

  16-Aug-2018
Preview Image

မြုံခြင်း၏အဓိပ္ပါယ်မှာ အမျိုးသားနှင့်အမျိူးသမီးနှစ်ဦးအတူတူနေသည့်ကြားမှ တစ်နှစ်အထိသားသမီးရတနာမထွန်းကားခြင်းကိုဆိုလိုပါသည်။လေ့လာတွေ့ရှိချက်များအရ စုံတွဲများ၏ ၁၀-၁၈%သည်မျိုးဆက်မပြန့်ပွားနိုင်ကြောင်းတွေ့ရှိရသည်။အမျိုးသမီးများ၏မျိုးဆက်မပွားနိုင်ခြင်းအကြောင်းရင်းများပေါ်မူတည်၍ကုသခြင်းမှာလဲကွဲပြားခြားနားတတ်ကြပါသည်။သို့သော် ၉၅ရာခိုင်နှုန်းသော စုံတွဲတို့သည် မည်သည့်ကုသမှုမှမခံယူဘဲ ၂ နှစ်အထိကြိုးစားပြီးမှ ကလေးရသွားတတ်ကြောင်းကိုလည်း လေ့လာတွေ့ရှိရပါသည်။


လက္ခဏာများ

လက္ခဏာအနေနှင့်သားသမီးမထွန်းကားခြင်းပဲဖြစ်ပါတယ်။ရာသီသွေး ၂၁ ရက်နှင့်ထက်စောလာတတ်သူများ၊၃၅ ရက်နှင့်ထက်နောက်ကျသောသူများ၊ရာသီပုံမှန်လာလေ့မရှိသူများ၊ရာသီသွေးလုံးဝမလာသောသူများကို သားဥကြွေခြင်းမရှိဟု ယေဘူယျအားဖြင့် သတ်မှတ်နိုင်ကြပါသည်။သို့သော်တိတိကျကျသိစေရန်စစ်ဆေးမှုများထပ်မံပြုလုပ်ရန်လိုအပ်ပါသည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

မျိုးဆက်ပွားနိုင်ရန်အောက်ပါအချက်များသည် အရေးကြီးသောအချက်များဖြစ်သည်။

၁။ သားဥအိမ်မှလစဉ်ပုံမှန်သားဥထုတ်ကာ သားဥကြွေဖို့လိုအပ်ပါတယ်။

၂။ အမျိုးသား၏သုတ်ရည်ထဲတွင် သုတ်ပိုးရှိမရှိ၊သုတ်ပိုးအရေအတွက်နှင့် ပုံသဏ္ဍာန် ပုံမှန်ဟုတ်မဟုတ်သည်လည်း အရေးကြီးပါသည်။

၃။ အမျိုးသားနှင့်အမျိုးသမီး ပုံမှန်အတူတူနေရန်လည်းလိုအပ်ပါတယ်။

၄။ မျိုးဥပြွန်လမ်းကြောင်းပွင့်မပွင့်၊ သားအိမ်၏ပုံမှန်အနေမထားရှိမရှိခြင်းသည်လည်း

    အရေးကြီးပါသည်။


သားဥအိမ်ပြဿနာ

ကလေးမရခြင်းအကြောင်းရင်း၏လေးပုံတစ်ပုံသည် သားဥအိမ်ပြဿနာကြောင့်ဖြစ်သည်။ထို့ပြင် သားဥအိမ်မှသားဥထွက်စေရန်လိုအပ်သောဟော်မုန်းမရှိလျှင်လည်း မျိုးမပွားနိုင်ပါ။

- သားဥအိမ်တွင် ရေအိတ်ငယ်လေးများစွာဖြစ်ပေါ်နေခြင်း (PCOS)

- ဦးနှောက်မှသားဥအိမ်ကိုလှုံ့ဆော်ပေးမည့် ဟော်မုန်းဓာတ်မထုတ်နိုင်ခြင်း၊ထို့ပြင်

  လေ့ကျင့်ခန်းအလွန်အကျွံလုပ်သူများ၊စိတ်ဖိစီးမှုများသူများ၊      အရမ်းပိန်လွန်းဝလွန်းသူများသည်ဟော်မုန်းအပြောင်းအလဲကိုဖြစ်စေတတ်ပါသည်။

- Premature ovarian failure အရွယ်မတိုင်မီသွေးဆုံးခြင်း     (ထိုရောဂါသည်မိမိခန္ဓာကိုယ်မှခုခံအားကမိမိ၏သားဥအိမ်ကိုပြန်တိုက်ခြင်း နှင့် ကင်ဆာဆေးသွင်း ကုသမှုခံယူခြင်းတို့ကြောင့်ဖြစ်တတ်ပါသည်။

- Prolactin ဟုခေါ်သောနို့ထွက်စေသည့်ဟော်မုန်းအထွက်များခြင်း၊  - ထိုဟော်မုန်းသည် မဟော်မုန်းဖြစ်သော oestrogen     ကိုဆန့်ကျင်သောကြောင့်ဖြစ်သည်။ 


မျိုးဥပြွန်လမ်းကြောင်း ပြဿနာ

ပုံမှန်အားဖြင့် သားဥအိမ်မှထုတ်လိုက်သော မမျိုးဥနှင့်သုတ်ပိုးသည် မျိုးဥပြွန်လမ်းကြောင်းအတွင်းတွင် ပေါင်းစပ်ကာ သန္ဓေသားသွေးလုံးလေးဖြစ်ပေါ်ပြီး

သားအိမ်အတွင်းနံရံတွင်တွယ်၍တဖြည်းဖြည်းကြီးထွားလာခြင်းဖြစ်သည်။ မျိုးဥပြွန်လမ်းကြောင်းပိတ်ဆို့နေပါက သန္ဓေအောင်မည်မဟုတ်ပေ။

မျိုးဥပြွန် ပြဿနာများကတော့ 

- သားအိမ်ရောင်ခြင်းမှတစ်ဆင့်မျိုးဥပြွန်သို့ပိုးဝင်ခြင်း

- အရင်ကဝမ်းဗိုက်ခွဲစိတ်ဖူးသူများ ဥပမာ နေရာလွဲမှားသန္ဓေသားအားခွဲထားဖူးခြင်း

- ဝမ်းဗိုက်တီဘီရောဂါမှတစ်ဆင့် မျိုးဥပြွန်သို့ပျံ့နှံ့သွားခြင်း

- ဆီးပူညောင်းကျရောဂါ၊ လိင်မှတစ်ဆင့်ကူးစက်သောရောဂါများမှ

  မျိုးဥပြွန်သို့ရောက်ကာ ထိခိုက်စေခြင်းတို့ပဲဖြစ်ပါတယ်။


သားအိမ်နှင့်သားအိမ်ခေါင်း ပြဿနာ

- သားအိမ်အသားလုံးဖြစ်ခြင်း

- သားအိမ်သွေးလုံးရှိခြင်း (endometriosis) 

- သားအိမ်ပုံသဏ္ဍန်မှာ ပုံမှန်မဟုတ်ခြင်း

- သားအိမ်ခေါင်းကျဉ်းခြင်း

- သားအိမ်ခေါင်းမှအချွဲအထုတ်နည်း၍သုတ်ပိုးမှာ  အပေါ်သို့အလွယ်တကူမရောက်နိုင်ခြင်း 


တစ်ခါတစ်ရံမှာတော့ မျိုးမပွားနိုင်ခြင်းရဲ့အကြောင်းရင်းကိုရှာမတွေ့နိုင်ပါ။အမျိုးသားရောအမျိုးသမီးပါ မျိုးပွားခြင်းဆိုင်ရာ အားနည်းချက်မရှိဘဲ ကလေးမရပဲဖြစ်တတ်ကြပါတယ်။တချို့ကတော့ အချိန်ကာလတခုအကြာစောင့်ဆိုင်းပြီးအခါမှာ ရသွားတတ်ကြပါတယ်။မျိုးမပွားနိုင်ခြင်းဆိုင်ရာအကြောင်းရင်း ရှိပါက ကုသမှုခံယူဖို့လိုအပ်ပါသည်။


ဖြစ်နိုင်ချေများသူများ

- အသက် ၃၀ နှင့်အထက်အမျိုးသမီးများ

- ဆေးလိပ်သောက်သုံးသူများ

- ပိန်လွန်း ဝလွန်းသူများ

- လိင်မှတစ်ဆင့်ကူးစက်သောရောဂါဖြစ်ဖူးသူများ ဥပမာ ဆီးပူညောင်းကျရောဂါ

- နေ့စဉ်အရက်သောက်သုံးသူများ


နောက်ဆက်တွဲ ပြဿနာများ

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

- အသက် ၃၅ နှစ်အရွယ် အနည်းဆုံးတစ်နှစ် ကလေးရအောင် ကြိုးစားသော်လည်း သားသမီး မထွန်းကားသူများ

- အသက် ၃၅ နှင့် ၄၀ ကြား၊ ခြောက်လကျော်အထိ ကြိုးစားသော်လည်း သားသမီး မထွန်းကားသူများ

- အသက် ၄၀ ကျော်အရွယ် အမျိုးသမီး 

  အထက်ဖော်ပြပါ အချက်သုံးချက်နှင့်တိုက်ဆိုင်ပါက သားဖွားမီးယပ်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန်လိုအပ်ပါသည်။


စစ်ဆေးမှုများ

- သားဥကြွေမကြွေ သိရှိစေရန် LH ဟော်မုန်းစစ်ဆေးခြင်း

- သားဥကြွေပြီးနောက် ဖြစ်ပေါ်သောဟော်မုန်းပမာဏကိုစစ်ဆေးခြင်း(သွေးစစ်ခြင်း) 

- သားအိမ်ပုံစံနှင့်မျိုးဥပြွန်လမ်းကြောင်း ပွင့်မပွင့်ဆေးထိုး၍ ဓာတ်မှန်ရိုက်ခြင်း

- သားဥအိမ်မှထုတ်သည့်မမျိုးဥ၏ပမာဏနှင့်မျိုးပွားနိုင်ခြင်းရှိမရှိစစ်ဆေးခြင်း

- ဦးနှောက်နှင့်သိုင်းရွက်ဂလင်းမှ ဟော်မုန်းပုံမှန်ထုတ်မထုတ်စစ်ဆေးခြင်း

- ဝမ်းဗိုက်အာထရာဆောင်းရိုက်ခြင်း

- သားအိမ်နှင့်မျိုးဥပြွန်လမ်းကြောင်းပွင့်မပွင့် မှန်ပြောင်းကြည့်၍စစ်ဆေးခြင်း

- အမြုံဗီဇပါမပါ မျိုးရိုးဗီဇစစ်ဆေးခြင်း

- ဝမ်းဗိုက်အတွင်းသို့အပေါက်ငယ်လေးဖောက်၍ျမှန်ပြောင်းဖြင့်စစ်ဆေးခြင်း


ကုသခြင်း

- မျိုးဥကြွေစေရန်အားပေးသောဆေးများဖြင့်ကုသခြင်း

- ဦးနှောက်မှဟော်မုန်းထွက်စေရန်အားပေးသောဆေးများ

- သားအိမ်ပုံသဏ္ဍန်မမှန်ခြင်း၊သားအိမ်အလုံးများ၊သားအိမ်နံရံတွင်ဖြစ်သောအလုံးငယ်လေးများ၊သားအိမ်အမြှေးပါးရောင်၍ကပ်နေခြင်းများကို ဝမ်းဗိုက်အတွင်းကြည့် မှန်ပြောင်းဖြင့်သော်လည်းကောင်း၊သားအိမ်အတွင်းကြည့်

  မှန်ပြောင်းဖြင့်သော်လည်းကောင်း ဖယ်ရှားနိုင်ပါသည်။

- မျိုးဥပြွန်လမ်းကြောင်းပိတ်နေပါက လမ်းကြောင်းချဲ့ခြင်း

- အမျိုးသမီးသားဥကြွေချိန်တွင် အမျိုးသား၏သုတ်ပိုးကို သားအိမ်ထဲသို့ ထည့်သွင်းကာသန္ဓေအောင်စေခြင်း

- ဖန်ပြွန်သန္ဓေသား နည်းလမ်းများဖြင့် ကုသနိုင်ပါသည်။


ကာကွယ်ခြင်း

- ပုံမှန်ကိုယ်အလေးချိန်ရရှိစေရန် တစ်ပတ်ကိုအနည်းဆုံးငါးနာရီ       ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်း

- ဆေးလိပ်သောက်သုံးမှုကိုရှောင်ကြဉ်ခြင်း

- အရက်သောက်သုံးမှုကိုရှောင်ရှားခြင်း

- စိတ်ဖိစီးမှုများ လျှော့ချပေးခြင်း

- ကဖင်းဓာတ်ပါသော ကော်ဖီများ၊အချိုရည်များသောက်သုံးခြင်းကိုရှောင်ကြဉ်ခြင်း

  တို့ပြုလုပ်နိုင်ပါသည်။

- ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများကို စားသုံးပါ။


Ref: Mayo Clinics

Credit: Dr Toe




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18