Print

Churg-Strauss syndrome ( ချားစတော့ ဆင်ဒရုန်း (သို့) သွေးကြောရောင်ရောဂါ...

  16-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

Churg-Strauss syndrome ဆိုသည်မှာ သွေးကြောများရောင်ရမ်းရာမှ ကိုယ်ခန္ဓာမှ သွေးလိုအပ်သောအစိတ်အပိုင်းများသို့ သွေးလုံလောက်စွာ မပို့ပေးနိုင်ခြင်းဖြစ်သည်။ eosinophilic granulomatosis with polyangiitis ဟုလည်း ခေါ်ကြသည်။

ပန်းနာရင်ကျပ်ရောဂါသည် Churg-Strauss syndrome ရောဂါစု တွင်အများဆုံးတွေ့ရှိရသော လက္ခဏာတစ်ခုဖြစ်သည်။ ထို့ပြင် ထိုရောဂါစုသည် အနီကွက်များဖြစ်ခြင်း၊ ရာသီအကူးပြောင်းဖျားနာခြင်း၊ အူလမ်းကြောင်းသွေးထွက်ခြင်း၊ ခြေလက်များနာကျင်ခြင်း၊ ထုံကျဉ်ခြင်းများဖြစ်စေတတ်သည်။

Churg-Strauss syndrome ရောဂါစုမှာ ရှားပါးသောရောဂါဖြစ်ပြီး ကုသမှုနည်းလမ်းများလည်း ရှာဖွေဖော်ထုတ်နေဆဲဖြစ်သည်။ ရောဂါကို ထိန်းချုပ်နိုင်ရန် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပြီးကုသနိုင်သည်။

 

လက္ခဏာများ

Churg-Strauss syndrome ၏ လက္ခဏာများအနေဖြင့် ရောဂါပြင်းထန်ပြီး အသက်သေဆုံးသည်အထိဖြစ်နိုင်သလို လက္ခဏာပြရုံမျှလည်းဖြစ်နိုင်သည်။အများအားဖြင့် အဆင့်၃ဆင့်ဖြင့် ဖြစ်ပေါ်လေ့ရှိသည်။

 

အဆင့်(၁) အလက်ဂျီ - ဓာတ်မတည့်သောအဆင့်

- ပန်းနာရင်ကျပ် asthma ၊ ဓာတ်မတည့်သည့်အခါနှာရည်ယိုခြင်း Hay fever (allergic rhinitis) ၊ ထိပ်ကပ်နာ sinusitis စသည့် ရောဂါတို့၏ လက္ခဏာများတွေ့ရှိရသည်။

 

အဆင့်(၂) သွေးထဲတွင် Eosinophil များသည့်အဆင့်

- အဖျားတက်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ညဘက်ချွေးစေးပြန်ခြင်း၊ အဆစ်အမြစ်နာကျင်ခြင်း၊ ပန်းနာရင်ကျပ်ဖြစ်ခြင်း၊ နှုန်းချိခြင်း၊ ချောင်းဆိုးခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းထဲသွေးပါခြင်း

 

အဆင့်(၃)

- သွေးကြောများရောင်ရမ်းခြင်း ( အရေပြား၊ နှလုံး၊ အာရုံကြောစနစ်၊ ကြွက်သား၊ အရိုးနှင့် အစာခြေအဖွဲ့အစည်းအပါအဝင် တစ်ကိုယ်လုံးကို ထိခိုက်စေနိုင်သည် )

- ကိုယ်အလေးချိန်သိသိသာသာကျသွားခြင်း

- မလှုပ်ချင်မကိုင်ချင် နှုန်းချိနေခြင်း၊ အားနည်းခြင်း

- အကျိတ်များကြီးခြင်း

- အရေပြားအနီကွက်များထွက်ခြင်း

- အဆစ်အမြစ်များရောင်ရမ်းခြင်း

- အပြင်းအထန်ဗိုက်အောင့်ခြင်း

- ပျို့ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း

- ချောင်းဆိုးခြင်း

- နှလုံးစည်းချက်မမှန်ခြင်း

- ခြေဖျားလက်ဖျားနာကျင်ခြင်း၊ ထုံခြင်း

- ဆီးထဲတွင်သွေးပါခြင်း

- အသက်ရှူမဝခြင်း

 

ဖြစ်ပွားရသော အကြောင်းရင်းများ

ဖြစ်ပွားရခြင်းအကြောင်းမှာ တိတိကျကျမသိရှိရပေ။ ဖြစ်နိုင်ခြေများသည်မှာ ပြင်ပအခြေအနေများမှ ကိုယ်ခန္ဓာ၏ ခုခံအားစနစ်ကို အလွန်အမင်းလှုံ့ဆော်သောအခါ ဖြစ်ပေါ်လာတတ်သည်။ ပုံမှန်တုန့်ပြန်ရမည်ထက် ပိုမိုတုန့်ပြန်ကာ ကိုယ်ခန္ဓာ၏ ကလက်စည်းများကို ရောင်ရမ်းပျက်စီးစေသည်။ အောက်ပါအခြေအနေများကြောင့်လည်းဖြစ်နိုင်သည်။တစ်ခုခုနှင့်ဓာတ်မတည့်ခြင်း

- အချို့သော ဆေးဝါးများ

- ဘက်တီးရီးယားနှင့်ဗိုင်းရပ်စ်ပိုး ဝင်ရောက်မှုများ

- ဓာတ်မတည့်သည့်ရောဂါများတွင်သုံးသောဆေးများ အမျိုးအစားပြောင်းချိန်

သို့သော်လည်း ဖြစ်ရသောအကြောင်းရင်းမှာတိတိကျကျရယ်ဟု မရှိပေ။

 

ဖြစ်နိုင်ချေများသူများ

(၁) အသက်အပိုင်းအခြား - အသက်၃ဝမှ ၅ဝကြား

(၂) ပန်းနာရင်ကျပ် သို့ နှာခေါင်းနှင့်ပတ်သက်သော ရောဂါရှိသူများ

 

နောက်ဆက်တွဲ ပြဿနာများ

အရေပြား၊ အဆုတ်၊ အစာအိမ်အူလမ်းကြောင်း၊ ကျောက်ကပ်၊ ကြွက်သား၊ အရိုးအဆစ်၊ နှလုံး အပါအဝင် တစ်ကိုယ်လုံးကို ထိခိုက်စေနိုင်သည်။ဆေးကုသမှုမခံယူပါက အသက်ဆုံးရှုံးသည်အထိဖြစ်စေနိုင်သည်။

(၁) အာရုံကြောများကို ထိခိုက်ခြင်း - ထုံကျင်ခြင်း၊ ပူလောင်ခြင်းနှင့် မလှုပ်မရှားနိုင်သည်အထိဖြစ်စေနိုင်သည်။

(၂) ရောင်ရမ်းခြင်းကြောင့် အရေပြားတွင် အမာရွတ်ကျန်ခြင်း

(၃) နှလုံးရောဂါများ - နှလုံးအပြင်ဆုံးအလွှာရောင်ခြင်း၊ နှလုံးကြွက်သားရောင်ခြင်း၊ နှလုံးလုပ်ဆောင်ရည်ကျဆင်းခြင်းများ

(၄) ကျောက်ကပ်ပျက်စီးခြင်း - တစ်ကိုယ်လုံး၏ ဇီဝကမ္မ အညစ်အကြေးများ မစွန့်ပစ်နိုင်ကာ သွေးထဲတွင်စုပုံလာတတ်သည်။

 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

အသက်ရှူရခက်ခဲခြင်း၊ ရက်ကြာရှည်စွာနှာစေးခြင်း၊ အထူးသဖြင့် မျက်နှာနာကျင်ခြင်းများကဲ့သို့ အန္တရာယ်ရှိသောလက္ခဏာများဖြစ်လျှင်ဆရာဝန်နှင့်ပြသသင့်သည်။အကယ်၍ ပန်းနာရင်ကျပ်(သို့) ဓာတ်မတည့်သည့်အခါနှာရည်ယိုခြင်း Hay fever (allergic rhinitis) ဖြစ်ခြင်းများ ပိုမိုကာဆိုးရွားပါကလည်း ဆရာဝန်နှင့်ပြသသင့်သည်။

 

စစ်ဆေးမှုများ

ရောဂါအတိအကျသိရှိရန် စစ်မေးမှု အတိအကျဟူ၍မရှိပေ။ ရောဂါလက္ခဏာများအရလည်း အခြားရောဂါများနှင့်ဆင်တူသောကြောင့် အသုံးမဝင်လှပေ။ American College of Rheumatology အရ အောက်ပါအချက် ၆ချက်ဖြင့် သတ်မှတ်နိုင်သည်။

(၁) နာတာရှည် ပန်းနာရင်ကျပ်ရောဂါ

(၂) သွေးထဲတွင် eosinophil ဆဲလ်သည် ပုံမှန်ရှိသည့်ပမာဏထပ် ပိုများခြင်း

(၃) အာရုံကြောများထိခိုက်ခြင်း

(၄) ရင်ဘတ်ဓာတ်မှန်တွင် pulmonary infiltrates များကို တွေ့ရှိရခြင်း

(၅) ထိပ်ကပ်နာ နှာခေါင်းပြဿနာများရှိခြင်း

(၆) သွေးကြောအပြင်ဘက်တွင်ပင် eosinophil ဆဲလ်ကို တွေ့ရှိရခြင်း (အရေပြား သို့ နှာခေါင်းထဲမှ အသားပိုမှ အသားစယူစစ်ဆေးသည် )

 

အောက်ပါစစ်ဆေးမှုများသည်လည်း ရောဂါရှာဖွေရာတွင် အနည်းငယ်မျှ အထောက်အကူပြုသည်။

- သွေးစစ်ဆေးခြင်း

- ဓာတ်မှန် X ray ၊ ကွန်ပြူတာဓာတ်မှန် CT ၊ သံလိုက်ဓာတ်မှန် MRI

- ဖြစ်သည့်နေရာတွင်အသားစယူခြင်း

 

ကုသခြင်း

ဆရာဝန်နှင့်သေချာပြသ၍ ကုသသင့်သည်။

(၁) စတီးရွိုက်ဆေးဖြင့် ကုသခြင်း ( ဘေးထွက်ဆိုးကျိုးအနေဖြင့် အရိုးပွခြင်း၊ သွေးတွင်းအချိုဓာတ်များစေခြင်း၊ အဝလွန်ခြင်း၊ ဆေးကုသမှုခက်ခဲခြင်း )

(၂) ကိုယ်ခံအားကို ချပေးသည့် ဆေးများ  immunosuppressive drugs

(၃) ကိုယ်ခန္ဓာ၏ ခုခံအားစနစ်ကို ပြင်ပမှထည့်ခြင်း Immunoglobulin

(၄) ခုခံအားစနစ်ကို ကောင်းမွန်စေသည့်ဆေးများ

ဆေးကုသမှုခံယူရာတွင် ရောဂါလက္ခဏာသက်သာရုံသာဖြစ်ပြီး လုံးဝအပြီးပျောက်သည်ဟူ၍မရှိပေ။

 

Ref: Mayo clinic

Translated by Dr.YadanarPhooWaiAung



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18