Print

Chronic constipation(နာတာရှည်ဝမ်းချုပ်ခြင်း)

  16-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

 နာတာရှည်ဝမ်းချုပ်ခြင်းသည် အူလမ်းကြောင်း လှုပ်ရှားမှု မူမမှန်ခြင်းကြောင့် ရက်သတ္တပတ်ပေါင်းများစွာ ဝမ်းသွားရခက်ခဲနေခြင်းကို ခေါ်သည်။ အကြမ်းအားဖြင့် ၁ ပတ်တွင် ဝမ်း ၃ ကြိမ်သာသွားလျှင် ဝမ်းချုပ်သည် ဟုခေါ်နိုင်သည်။


လက္ခဏာများ

၁။၁ ပတ်တွင် ဝမ်း၃ကြိမ်အောက်သွားခြင်း

၂။စမြင်းတုံးကြီး၍မာခြင်း

၃။ဝမ်းသွားသည့်အခါ ညှစ်၍ သွားရခြင်း

၄။စအိုဝလမ်းကြောင်း ပိတ်နေသကဲ့သို့ခံစားရခြင်း

၅။ဝမ်းကျန်သကဲ့သို့ခံစားရခြင်း (သို့မဟုတ်) ဝမ်းသွား၍ မဝသလိုုခံစားရခြင်း

၆။ဝမ်းသွားသည့်အခါ ဝမ်းမထွက်သောကြောင့် စအိုဝကို လက်ဖြင့်ဖိပြီးသွားရခြင်း (သို့မဟုတ်) အစာဟောင်းအိမ်ထဲသို့ လက်နှိုက်၍ သွားရခြင်း

အထက်ဖော်ပြပါ အချက်များမှ ၂ ခု သို့မဟုတ် ၂ခုထက်ပိုသော လက္ခဏာများကို ၃လထက်ပို၍ ခံစားနေရလျှင် သင်သည် နာတာရှည်ဝမ်းချုပ်နေပြီဖြစ်သည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

ဝမ်းချုပ်ခြင်းသည် အူလမ်းကြောင်း တစ်လျှောက် အစာများ၏လှုပ်ရှားမှုနှေးကွေးနေသည့်အခါ၊ အစာဟောင်းအိမ်ရှိ အစာဟောင်းများကို ကုန်စင်အောင် မစွန့်ပစ်နိုင်သည့်အခါတွင် ဝမ်းများမာ၍ ခြောက်လာသောကြောင့် ဖြစ်သည်။ ဖြစ်စေနိုင်သော အကြောင်းအရင်းများမှာ

(၁) အူမကြီးနှင့် အစာဟောင်းအိမ်ကို ပိတ်စေသောအကြောင်းအရာများ

၁။စအိုဝကွဲခြင်း

၂။အူပိတ်ခြင်း

၃။အူလမ်းကြောင်းကျဉ်းခြင်း

၄။ဝမ်းဗိုက်အတွင်းရှိ အခြားသောကင်ဆာများမှ အူလမ်းကြောင်းအားဖိထားခြင်း

၅။အစာဟောင်းအိမ်ကင်ဆာ

၆။အူကျွံခြင်း

(၂) အူမကြီးနှင့်အစာဟောင်းအိမ်ကို ထောက်ပံ့သော အာရုံကြောများကို ထိခိုက်စေသော အကြောင်းအရာများ

၁။အကြောင်းအမျိုးမျိုးကြောင့့် အာရုံကြောအားနည်းခြင်း

၂။ပါကင်ဆန်ရောဂါ

၃။အာရုံကြောမကြီးထိခိုက်မိခြင်း

၄။လေဖြတ်ခြင်း

(၃) ဝမ်းသွားခြင်းကို အထောက်အကူပြုသောတင်ပဆုံကြွက်သားများကို ထိခိုက်စေသော အကြောင်းအရာများ

၁။တင်ပဆုံကြွက်သားများ တောင့်တင်းခြင်း

၂။တင်ပဆုံကြွက်သားများ ကျုံ့ဆန့်မှု ပုံမမှန်ခြင်း

၃။ကြွက်သားများအားနည်းခြင်း

(၄) ဝမ်းသွားခြင်းကို အထောက်အကူပြုသည့် ဟော်မုန်းများမူမမှန်သည့်ရောဂါများ

၁။ဆီးချိုရောဂါ

၂။သိုင်းရွိုက်ဟော်မုန်းများသည့်ရောဂါ

၃။သိုင်းရွိုက်ဟော်မုန်းနည်းသည့်ရောဂါ

၄။ကိုယ်ဝန်ဆောင်ခြင်း


ဖြစ်နိုင်ချေများသူများ

၁။အသက်ကြီးသူများ

၂။အမျိုးသမီးများ

၃။ရေဓါတ်ခန်းခြောက်ခြင်း

၄။စားသုံးသည့်အစားအစာထဲတွင် အမျှင်ဓါတ်ပါဝင်မှုနည်းပါးခြင်း

၅။ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း

၆။ဆေးဝါးများသောက်သုံးခြင်း(ဥပမာ စိတ်ြငိမ်ဆေးများ၊ မုူးယစ်ဆေးဝါးများ၊ သွေးထိန်းဆေးများ)

၇။စိတ်ကျန်းမာရေးချို့တဲ့သူများ


နောက်ဆက်တွဲ ပြဿနာများ

၁။လိပ်ခေါင်းရောဂါဖြစ်ခြင်း( ဝမ်းသွားလျှင်ညှစ်၍သွားရသောကြောင့် စအိုဝရှိသွေးပြန်ကြောများဖောင်းလာသောကြောင့်ဖြစ်သည်။)

၂။စအိုဝကွဲခြင်း( မာ၍ ကြီးသော စမြင်းတုံးများ စအိုကိုဖြတ်၍သွားသောအခါတွင်စအိုဝရှိကြွက်သွားများ ပြဲထွက်သွားသောကြောင့် ဖြစ်သည်။)

၃။အစာဟောင်းများကြောင့် အူပိတ်ခြင်း

၄။အူကျွံခြင်း



ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

အကြောင်းအရင်း ရေရေရာရာမသိဘဲ ဝမ်းသွားခြင်း မူမမှန်ဖြစ်နေလျှင် ဆရာဝန်နှင့် တိုင်ပင်သင့်သည်။


စစ်ဆေးမှုများ

၁။သွေးစစ်ခြင်း-- ဥပမာ သွေးတွင်း သိုင်းရွိုက်ဟော်မုန်းပမာဏ စစ်ဆေးခြင်း၊ သွေးတွင်းသကြားဓါတ်စစ်ဆေးခြင်း

၂။အူမကြီးအောက်ပိုင်းအား မှန်ပြောင်းကြည့်၍ ရောဂါရှာဖွေခြင်း

၃။အူမကြီး မှန်ပြောင်းကြည့်ခြင်း

၄။စအိုကျုံ့ကြွက်သားများ ကောင်းမကောင်းကို အဖျားတွင် ပူဖောင်းတပ်ဆင်ထာသော မှန်ပြောင်းထည့်၍ စစ်ဆေးခြင်း

၅။အစာဟောင်းအိမ်တွင် ဝမ်းကျန်မကျန် ဓါတ်မှန်ရိုက်၍ စစ်ဆေးခြင်း

၆။သံလိုက်ဓါတ်မှန်ရိုက်ခြင်း


ကုသခြင်း

(၁) အစားအသောက် နှင့် အနေအထိုင်ပြောင်းလဲခြင်း

၁။အမျှင်ဓါတ်ပါသော အစားအစာ များများစားပေးခြင်း ( အသီးအရွက် ၊ အသီးဖျော်ရည် များကို တဖြည်းဖြည်းတိုး၍စားပေးပါ)

၂။ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း ( ၁ပတ်တွင် ၅ရက်ခန့်ကို သင့်တော်သော ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေးပါ)

၃။သင့်ဝမ်းပုံမမှန်မှုကို လစ်လျူမရှုပါနှင့်

(၂)ဆေးဝါးများဖြင့်ကုသခြင်း

၁။အမျှင်ဓါတ်ပါသော ဆေးများသည် စမြင်းတုံးအရွယ်အစားကို ကြီးစေသည်။

၂။အူလမ်းကြောင်းလှုပ်ရှားမှုကို လှုံ့ဆော်ပေးသောဆေးများ

၃။အူမကြီးအတွင်းရေဓါတ်ဖြည့်ပေးသော ဆေးများ

၄။ဝမ်းသွားရလွယ်ကူစေသော အဆီဓါတ်ပါသည့်ဆေးများ

၅။ဝမ်းကိုပျော့ပျောင်းစေသည့်ဆေးများ

၆။ဝမ်းချုဆေးရည်များ

(၃) တင်ပဆုံကြွက်သားလေ့ကျင့်ခန်းလုပ်ပေးခြင်း--စအိုဝကို ဝမ်းသွားသကဲ့သို့ ကျ့ုံဆန့်ပြုလုပ်ပေးခြင်း

(၄)ခွဲစိတ်ကုသခြင်း (ဝမ်းချုပ်ခြင်း၏နောက်ဆက်တွဲဆိုးကျိုုးများဖြစ်သော အူပိတ်ခြင်း၊ အူကျွံခြင်း၊ စအိုဝကွဲခြင်း နှင့် အူလမ်းကြောင်းကျဉ်းခြင်းတို့ကို ခွဲစိတ်ကုသခြင်း)


ကာကွယ်ခြင်း

၁။အမျှင်ဓါတ်ပါသော အစားအစာများများစားပါ

၂။ရေများများသောက်ပါ

၃။သင့်တော်သော ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ

၄။ဆေးဝါးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်ပါ

၅။ဝမ်းမှန်မှန်သွားသည့် အလေ့အကျင့် လုပ်ပေးပါ

၆။ဝမ်းချုပ်ခြင်းကို ဖြစ်စေသော ရောဂါများရှိလျှင် စောစီးစွာကုသပါ


Translated by Dr Khin JyuJyu Ko

Ref: Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18