Print

စအိုကင်ဆာ (Anal Cancer)

  13-Aug-2018
Preview Image


စအိုကင်ဆာသည် အဖြစ်နည်းသော ကင်ဆာအမျိုးအစားဖြစ်ပြီး ဝမ်းသွားလျှင်သွေးပါခြင်း၊စအိုဝနာကျင်ခြင်းစသော လက္ခဏာများနဲ့အစပျိုးတတ်ကြပါတယ်။

လက္ခဏာများ

- စအိုမှ သွေးယိုသွေးထွက်ခြင်း

- စအိုနာကျင်ခြင်း

- စအိုလမ်းကြောင်းတွင်း အလုံး၊အဖုဖြစ်ပေါ်ခြင်း

- စအိုဝန်းကျင် ယားယံခြင်း စသောလက္ခဏာများဖြစ်ပေါ်လာတတ်ပါတယ်။


ဖြစ်ပွားရသော အကြောင်းရင်းများ

- ဗီဇပြောင်းလဲခြင်း

- ကြွက်နို့ဖြစ်စေသော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။


ဖြစ်နိုင်ချေများသူများ

- အသက် ၅၀ နှင့်အထက်ကျော်သူများ

- အပျော်အပါးလိုက်စားသူများ

- (စအို) လိင်ဆက်ဆံခြင်း

- ဆေးလိပ်သောက်သူများ

- လိင်အင်္ဂါကြွက်နို့ နှင့် သားအိမ်ခေါင်းကင်ဆာရောဂါရှိသူများ

- ခုခံအားကျဆင်းသောရောဂါရှိသူများ၊ခုခံအားကျစေသော ဆေးများသောက်သုံးနေရသူများ

- ခန္ဓာကိုယ်အစိတ်အပိုင်းအစားထိုးထားသောသူများ


နောက်ဆက်တွဲ ပြဿနာများ

စအိုမှတစ်ဆင့် ဘေးနားမှာရှိသော ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများသို့ပျံ့နှံ့ရုံသာမက ကြာလျှင် အသည်းနှင့် အဆုတ်ကိုပါ ပျံ့နှံ့နိုင်ပါသည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

အထက်ဖော်ပြပါ လက္ခဏာများဖြစ်ပေါ်ခံစားရပါက စအိုကင်ဆာရှိမရှိ ဆရာဝန်နှင့်သွားရောက်စမ်းသပ်ပြသသင့်ပါတယ်။


စစ်ဆေးမှုများ

- ဆရာဝန်မှစမ်းသပ်စစ်ဆေးခြင်း

- စအိုတွင်းသို့ မှန်ပြောင်းဖြင့်ကြည့်ရှုစစ်ဆေးခြင်း

- အာထရာဆောင်း ရိုက်ခြင်း

- အသားစယူ၍စစ်ဆေးခြင်း

- ကွန်ပျူတာဓာတ်မှန်၊သံလိုက်ဓာတ်မှန်တို့ဖြင့် ကင်ဆာပျံ့နှံ့မှုအဆင့်များကို ရှာဖွေနိုင်ခြင်း


ကုသခြင်း

- ကင်ဆာဆေးသွင်းကုသခြင်း

- ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း

- ခွဲစိတ်ကုသခြင်း


ကာကွယ်ခြင်း

- လိင်အပျော်အပါးလိုက်စားခြင်းကို ရှောင်ကြဉ်ပါ။

- သားအိမ်ခေါင်းကာကွယ်ဆေးကို အမျိုးသမီးများထိုးထားသင့်ပါတယ်။

- ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။


စအိုကင်ဆာ အဆင့်လေးဆင့်

    Stage I. Anal cancer is 2 centimeters (about 3/4 inch) or less — about the size of a peanut or smaller.

    Stage II. Anal cancer is larger than 2 centimeters (about 3/4 inch), but has not spread beyond the anal canal.

    Stage IIIA. Anal cancer is any size and has spread either to lymph nodes near the rectum or to nearby areas, such as the bladder, urethra or vagina.

    Stage IIIB. Anal cancer is any size and has spread to nearby areas and lymph nodes, or it has spread to other lymph nodes in the pelvis.

    Stage IV. Anal cancer has spread to parts of the body away from the pelvis.


Ref: Mayo clinics

Writer: Dr Toe Me Me Hnin




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18