Print

Agoraphobia (လူတောထဲဝင်ဆန့်ရန် ကြောက်ရွံ့ခြင်း)

  13-Aug-2018
Preview Image

အကျဉ်းရှင်းလင်းချက်

 လူစုဝေးရာအရပ် ၊ လူတောထဲရောက်သည့်အခါ စိတ်လှုပ်ရှားမှုဖြစ်လာပြီး ကြောက်ရွံ့လာသည်။ စိတ်လှုပ်ရှားမှုဆိုးလာသည့်အခါ  လွတ်မြောက်ရန် ကြိုးပမ်းသော်လည်း မလွယ်ကူပေ။ ထို့သို့နောက်တစ်ခါဖြစ်မည်ကို စိုးရိမ်ပူပန်သောကြောင့် လူတောထဲ သွားရန် ကြောက်ရွံ့လာသည်။ 


လက္ခဏာများ

- တစ်ယောက်တည်းနေတတ်လာခြင်း

- စိတ်လှုပ်ရှားမှုဖြစ်လာလျှင် နှလုံးခုန်နှုန်းမြန်လာခြင်း ၊ အသက်ရှုကျပ်လာခြင်း၊ မူးဝေခြင်း ၊ ရင်ဘတ်အောင့်ခြင်း၊ ချွေးစေးပြန်လာခြင်း ၊ မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်ခြင်း ၊  

ရင်ပြည့်လာခြင်းတို့ ခံစားရနိုင်ပါသည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

- ကျန်းမာရေး အခြေအနေ ၊ မျိုးရိုးဗီဇ ၊ ပတ်ဝန်းကျင် အခြေအနေ ၊ စိတ်ဖိစီးမှုများသော သင်ကြားမှုစနစ်တို့သည် ထိုရောဂါကိုဖြစ်လာနိုင်စေပါသည်။


ဖြစ်နိုင်ချေများသူများ

- များသောအားဖြင့် အသက် ၃၅နှစ်အောက်တွင် အဖြစ်များသော်လည်း အသက်ကြီးသောသူများတွင်လည်း တွေ့ရတတ်သည်း။ 

- အမျိုးသမီးများသည် အမျိုးသားများထက် ပို၍အဖြစ်များသည်။

- အခြားအကြောက်လွန်ရောဂါရှိသော သူများ ၊ ဘဝတွင် ဆိုးရွားသော အခြေအနေကို ကြုံတွေ့ခဲ့ရသောသူများ ၊ ဆွေမျိုးသားချင်းထဲတွင် ထိုရောဂါရှိသူများတွင် အဖြစ်များသည်။


နောက်ဆက်တွဲ ပြဿနာများ

- စိတ်ဓာတ်ကျခြင်း

- အရက်သေစာများ၊ မူးယစ်ဆေးဝါးများ သုံးစွဲခြင်း

- စိတ်ရောဂါခံစားလာရခြင်း


စစ်ဆေးမှုများ

- ရောဂါ လက္ခဏာများ

- စိတ်ကျန်းမာရေး အထူးကုများနှင့် ဆွေးနွေးတိုင်ပင်ခြင်း

- ထိုရောဂါကို ဖြစ်ပေါ်စေသည့် အခြားအကြောင်းအရင်းကို ရှာဖွေဖော်ထုတ်ရန် စစ်ဆေးမှုများပြုလုပ်ခြင်း


ကုသခြင်း

- နှစ်သိမ့်ဆွေးနွေး၍ ကုသပေးခြင်း

- ဆေးဖြင့်ကုသပေးခြင်း  (စိတ်ကျမှုကို ကုသပေးသည့်ဆေးများ ၊ စိတ်ငြိမ်ဆေးများ) 

- တိုင်းရင်းဆေးဝါးများဖြင့် ကုသပေးခြင်း


ကာကွယ်ခြင်း

- ထိုရောဂါမဖြစ်အောင် ကာကွယ်ရန် တိကျသေချာသော နည်းလမ်းမရှိပါ။ မိမိကြောက်သော နေရာများသို့ ခဏခဏသွားပေးခြင်းသည် ကြောက်ရွံ့မှုကို လျှော့ချပေးနိုင်သည်။ မိမိတစ်ယောက်တည်းသွားရမှာ ခက်ခဲနေလျှင် မိသားစုဝင်များ၊ သူငယ်ချင်းများနှင့်အတူ သွားရောက်ပါ။ 


Ref: Mayo Clinic

By Dr May Hnin Phyu



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18