Print

Typhoid Fever (အူရောင် ငန်းဖျားရောဂါ)

  21-Nov-2016
Preview Image

အူရောင်ငန်းဖျားရောဂါသည် Salmonella typhi ခေါ် ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားပြီး ကိုယ်ခန္ဓာအနှံ့ ပျံ့နှံ့ကာ ကိုယ်တွင်းကလီစာများစွာကို ထိခိုက်စေနိုင်သည်။ ရောဂါဖြစ်ပွားပြီး ထိရောက်စွာ ကုသမှု မခံယူလျှင် အသက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်ပွားတတ်သော ရောဂါတစ်ခုဖြစ်သည်။ အူရောင်ငန်းဖျားရောဂါသည် ကူးစက်လွယ်သော ရောဂါတစ်ခုဖြစ်သည်။ 

လက္ခဏာများ
တွေ့ရများသော လက္ခဏာများမှာ-
- 39-40\' C (103-104\' F) အထိ ဖျားခြင်း
- ခေါင်းကိုက်ခြင်း
- ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
- ဗိုက်အောင့်ခြင်း
- အစားအသောက် ပျက်ခြင်း
- ဝမ်းချုပ်ခြင်း (သို့) ဝမ်းလျှောခြင်း
- ကိုယ်ခန္ဓာ အပေါ်ပိုင်းတွင် အနီစက်ကလေးများ ပေါ်ခြင်း
- ပင်ပန်းနွမ်းနယ်နေတတ်ခြင်း
စသည်တို့ ဖြစ်ကြသည်။


ဖြစ်ပွားရသော အကြောင်းရင်းများ
ရောဂါဖြစ်ပွားသူ၏ ဝမ်းတွင် Salmonella typhi ရောဂါပိုးများပါဝင်ပြီး ထိုဝမ်းအညစ်အကြေးနှင့် ထိတွေ့ထားသော ရေ၊ အစားအသောက် မှတဆင့် ရောဂါကူးစက် ဖြစ်ပွားနိုင်သည်။ 
- ရောဂါပိုးရှိသူ အသုံးပြုထားသော အိမ်သာကို အသုံးပြုအပြီး ရောဂါပိုးထိတွေ့ထားသော လက်ကို မဆေးကြောမီ ပါးစပ်နှင့် ထိမိခြင်း
- ပိုးရှိသော ပင်လယ်အစားအစာများကို စားသုံးမိခြင်း
- ပိုးရှိသော အသီးအရွက်များကို အစိမ်းစားမိခြင်း
- ပိုးရှိသူနှင့် Oral Sex လိင်ဆက်ဆံခြင်း
စသည်တို့မှ တဆင့် ရောဂါကူးစက် ဖြစ်ပွားကြသည်။

နောက်ဆက်တွဲ ပြဿနာများ
အဖြစ်အများဆုံးသော နောက်ဆက်တွဲ ပြဿနာများမှာ-
* အစာအိမ်၊ အူလမ်းကြောင်းအတွင်း သွေးယိုခြင်း 
- ဖြူဖျော့သွားခြင်း
- နှလုံးခုန်မမှန်ခြင်း
- သွေးအန်ခြင်း
- ဝမ်းမည်းမည်း သွားခြင်း စသည်တို့ တွေ့ရှိရတတ်သည်။

* အစာအိမ်၊ အူလမ်းကြောင်း ပေါက်ပြဲကာ ပိုးများ အနီးဝန်းကျင်သို့ ပျံ့နှံ့ခြင်း

စစ်ဆေးမှုများ
- ဆီးစစ်ခြင်း
- ဝမ်းစစ်ဆေးခြင်း
- သွေးစစ်ဆေးခြင်း


ကုသခြင်း
အူရောင်ငန်းဖျားရောဂါ ဖြစ်ပွားလျှင် ကုသမှု အမြန်ရယူသင့်သည်။ Antibiotics ပိုးသတ်ဆေးကို အသုံးပြုပြီး ကုသကြသည်။ ရောဂါ အစောပိုင်းတွင် သိရှိပါက ပိုးသတ်ဆေးကို ၁ ပတ်မှ ၂ ပတ်အထိသောက်ကာ ကုသပျောက်ကင်းနိုင်သည်။ ရောဂါ ပြင်းထန်လျှင်မူ ဆေးရုံသို့ တက်ရောက် ကုသရန် လိုအပ်နိုင်သည်။ ဆေးရုံတွင် ပိုးသတ်ဆေးကို အကြောတွင်း ထိုးသွင်းကုသမှု ပြုလုပ်ကြရတတ်သည်။ တခါတရံ ရောဂါနောက်ဆက်တွဲ ပြဿနာများဝင်ရောက်ကာ အူလမ်းကြောင်း ပေါက်ပြဲပါက ခွဲစိတ်မှု ခံယူရမည် ဖြစ်သည်။


ကာကွယ်ခြင်း

- အစာမစားမီတိုင်း၊ အိမ်သာမှ ထွက်တိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောခြင်း
- အစားအစာများကို သန့်ရှင်းအောင် ဆေးကြော၊ ချက်ပြုတ်ပြီးမှ စားခြင်း
- ကာကွယ်ဆေးထိုးခြင်း



Ref: NHS Choices, UK



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18