Print

Pre eclampsia (ကိုယ်ဝန်ဆိပ်တက်ခြင်း)

  12-May-2017
Preview Image

အကျဉ်းရှင်းလင်းချက်

ကိုယ်ဝန်ဆိပ်တက်ခြင်းသည် ကိုယ်ဝန်ဆောင်နေစဉ်ကာလအတွင်းသွေးတိုးခြင်းကြောင့် ဖြစ်လာသည့် နောက်ဆက်တွဲဆိုးကျိုးဖြစ်သည်။မူလကသွေးပေါင်ချိန်ပုံမှန်အတိုင်းရှိသောအမျိုးသမီးတစ်ဦး ကိုယ်ဝန်၅လကျော်(၂ဝပတ်) မှ သွေးပေါင်တက်လာလျှင် ကိုယ်ဝန်ဆိပ်တက်ခြင်းဖြစ်နိုင်သည်။

 

မကုသဘဲထားပါက မိခင်ရော ကလေးပါ သေစေနိုင်တဲ့အထိနောက်ဆက်တွဲဆိုးကျိုးများရနိုင်ပါတယ်။ကလေးကို မွေးထုတ်လိုက်မှသာ သွေးတိုးတာသက်သာသွားမှာဖြစ်ပါတယ်။

  

လက္ခဏာများ

- သွေးပေါင်တက်ခြင်း(သွေးပေါင်တက်ခြင်းသည် ပထမဆုံးသော လက္ခဏာဖြစ်သည်။ကိုယ်ဝန်ဆောင်နေသည့်ကာလတွင်သွေးပေါင်သည် တဖြည်းဖြည်းချင်းတိုးလာတတ်သည်။ဒါကြောင့်သွေးပေါင်ကို ကိုယ်ဝန်ဆောင်စဉ်ကာလတွင် တောက်လျှောက်တိုင်းထားရန်လိုအပ်သည်။ အနည်းဆုံး နှစ်ကြိမ်တိုင်းပြီး သွေးပေါင် ၁၄၀/၉၀ နှင့်အထက်ရှိနေပါက ပုံမမှန်ဖြစ်နေခြင်းဖြစ်သည်။ကိုယ်ဝန်ဆိပ်တက်သည့် လက္ခဏာများပေါ်လာနိုင်သည်။)


အခြားလက္ခဏာများမှာ -

= ဆီးတွင်အသားဓာတ်များပါခြင်း(ဆီးတွင် အနည်များပါခြင်း)

= ခေါင်းအဆမတန်ကိုက်ခြင်း

= အမြင်ဝါးခြင်းအလင်းရောင်စူးစူးမကြည့်နိုင်ခြင်း၊ ရုတ်တရက်အမြင်အာရုံဆုံးရှုံးနိုင်ခြင်း

= ဗိုက်အပေါ်ပိုင်းအောင့်ခြင်း

= ပျို ့အန်ခြင်း

= ဆီးနည်းသွားခြင်း

= သွေးထဲတွင် သွေးခဲစေသော သွေးဥမွှားများ နည်းသွားခြင်း

= အသည်းပျက်စီးခြင်း

= အဆုတ်ထဲတွင် ရေများဝင်လာသောကြောင့် အသက်ရှူကျပ်ခြင်း၊မောခြင်း

= မျက်နှာနှင့် ခြေလက်များဖောရောင်လာခြင်း


ဖြစ်ပွားရသော အကြောင်းရင်းများ

ဖြစ်ပွားရသည့်အကြောင်းရင်းကို အတိအကျမသိပေ။သို ့သော်ပညာရှင်များက အချင်းကြောင့်ဖြစ်သည်ဟု ယူဆကြသည်။ကိုယ်ဝန်ဆိပ်တက်သည့် အမျိုးသမီးများ၏ အချင်းတွင် သွေးကြောများကောင်းစွာ မဖွံ ့ဖြိုးတာကို တွေ ့ရတတ်သည်။အဆိုပါသွေးကြောများသည် ပုံမှန်ထက်ကျဉ်းမြောင်းနေတတ်ပြီး အချင်းမှတဆင့်ကလေးဆီသို ့သွေးရောက်ရှိမှုကို နည်းစေသည်။

     

ထိုသို ့ပုံမမှန်ခြင်းကိုဖြစ်စေနိုင်သည့်အကြောင်းရာများမှာ-

- သားအိမ်သို ့သွေးထောက်ပ့့ံမှု လုံလောက်စွာမရခြင်း

- သွေးကြောများပျက်စီးခြင်း

- ကိုယ်ခန္ဓာ၏ ခုခံအားဓာတ်ပုံမမှန်ခြင်း

- မျိုးရိုးဗီဇပုံမမှန်ခြင်း


ကိုယ်ဝန်ဆောင်စဉ်သွေးတိုးခြင်းကိုဖြစ်စေသော အခြားအကြောင်းရာများမှာ -

- ကိုယ်ဝန် ၅လ (၂ဝပတ်)ကျော်မှသွေးတိုးလာခြင်း 

- ကိုယ်ဝန်မဆောင်ခင်ကတည်းက သွေးတိုးရှိနေခြင်း

- ကိုယ်ဝန်မဆောင်ခင်ကတည်းက သွေးတိုးရှိနေသူများတွင် သွေးပေါင်ထပ်တိုးပြီး ကိုယ်ဝန်ဆိပ်တက်သည်အထိဖြစ််ခြင်း


ဖြစ်နိုင်ချေများသူများ

- အရင်ကိုယ်ဝန်တွင် ကိုယ်ဝန်ဆိပ်တက်ဖူးသည့် ရောဂါရာဇဝင်ရှိခြင်း

- သက်ဦးကိုယ်ဝန်ဆောင်ခြင်း

- နောက်အိမ်ထောင်၏ ပထမဆုံးကိုယ်ဝန်ကိုဆောင်ခြင်း

- အသက်၄ဝကျော်မှကိုယ်ဝန်ဆောင်ခြင်း

- အဝလွန်ခြင်း

- အမွှာကိုယ်ဝန်ဆောင်ခြင်း

- ကလေး၁ယောက်နှင့်၁ယောက် ၁ဝနှစ်ခန် ့ခြားပြီးမှ ကိုယ်ဝန်ဆောင်ခြင်း

- သွေးတိုးအခံရှိခြင်း၊ခေါင်းတစ်ခြမ်းကိုက်ခြင်း၊ဆီးချိုရှိခြင်း၊ကျောက်ကပ်ရောဂါ၊ အရေပြားလေးဖက်နာရောဂါများရှိခြင်း


နောက်ဆက်တွဲ ပြဿနာများ

- ကိုယ်ဝန်ဆိပ်တက်ခြင်းသည် ကိုယ်ဝန်လနုစဉ်မှာဖြစ်လေလေ သန္ဓေသားကို ထိခိုက်မှုပိုများလေလေဖြစ်သည်။ ကိုယ်ဝန်ဆိပ်တက်ခြင်းသည် ကလေးကို မွေးထုတ်လိုက်မှသာပျောက်ကင်းသွားမည်ဖြစ်သည်။

- အချင်းမှတစ်ဆင့် ကလေးဆီသို ့သွေးရောက်ရှိမှုနည်းခြင်း၊ သန္ဓေသားမှာ ပေါင်မပြည့်ခြင်း၊ ဝမ်းဗိုက်တွင်းသန္ဓေသားသေဆုံးခြင်း၊ပေါင်မပြည့်သောကလေးမွေးဖွားခြင်း၊ကလေးအသေမွေးခြင်း

- အချင်းကွာခြင်း

- HELLP ရောဂါစု- သွေးနီဥများပေါက်ခြင်း၊ အသည်းအင်ဇိုင်းများတက်ခြင်း၊ သွေးဥမွှားပမာဏလျော့ကျခြင်း(ရောဂါလက္ခဏာများမှာ- ပျို ့အန်ခြင်း၊ခေါင်းကိုက်ခြင်း၊ ညာဘက်ဝမ်းဗိုက်အပေါ်ပိုင်းအောင့်ခြင်း)

- တက်ခြင်း (ကိုယ်ဝန်ဆိပ်တက်ခြင်း တစ်နည်းအားဖြင့် ကိုယ်ဝန်ဆောင်စဉ်သွေးတိုးခြင်းကို မထိန်းချုပ်နိုင်လျှင် လူနာမှာ ဝမ်းဗိုက်ညာဘက် အပေါ်ပိုင်းပြင်းထန်စွာအောင့်ခြင်း၊ ခေါင်းအလွန်ကိုက်ခြင်း၊အမြင်ဝါးလာခြင်း၊ စိတ်ဂယောင်ခြောက်ခြားဖြစ်လာခြင်း၊ ဂယောင်ဂတမ်းများပြောခြင်း၊နောက်ဆုံးတွင် တက်သွားသည်အထိဖြစ်နိုင်ပါတယ်။ ထိုအခြေအနေရောက်လာပြီဆိုရင်တော့ ကလေးလစေ့သည် ဖြစ်စေ၊မစေ့သည်ဖြစ်စေ ကလေးကို မွေးထုတ်ပစ်ရမှာဖြစ်ပါတယ်)

- နှလုံးရောဂါဖြစ်နိုင်ချေများခြင်း


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

ကိုယ်ဝန်စဆောင်စဉ်ကတည်းကပင် ကိုယ်ဝန်ကိုသေချာအပ်နှံပြီး သွေးပေါင်ကို တောက်လျှောက် တိုင်းတာနိုင်လျှင်အကောင်းဆုံးဖြစ်ပါတယ်။ ခေါင်းအပြင်းအထန်ကိုက်ခြင်း၊ အမြင်ဝါးခြင်း၊ ဝမ်းဗိုက်အောင့်ခြင်း၊ အသက်ရှူရခက်ခဲခြင်းများရှိလာလျှင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားရမှာဖြစ်ပါတယ်။


စစ်ဆေးမှုများ

- သွေးစစ်ခြင်း( အသည်း၊ကျောက်ကပ်နှင့် သွေးဥမွှားပမာဏကောင်းမကောင်းကို အဓိကထားစစ်ဆေးခြင်း)

- ဆီးစစ်ခြင်း( ဆီးထဲရှိ အသားဓာတ်ကို စစ်ဆေးခြင်း)

- အာထရာဆောင်းရိုက်ခြင်း


ကုသခြင်း

- ကိုယ်ဝန်ဆိပ်တက်ခြင်းကို အရှင်းပျောက်ကင်းအောင် ကုသနိုင်သောတစ်ခုတည်းသောနည်းလမ်းမှာ ကလေးကို မွေးထုတ်လိုက်ခြင်းပင်ဖြစ်ပါတယ်။

- အကယ်၍ ကိုယ်ဝန်လနုသေးရင်တော့ ကလေးကို မွေးထုတ်လိုက်ခြင်းသည် အကောင်းဆုံးနည်းလမ်းမဟုတ်တော့ပါ။

၁။သွေးပေါင်ထိန်းဆေးများဖြင့်ကုသခြင်း

၂။စတီးရွိုက်များဖြင့်ကုသခြင်း(အဆိုပါဆေးများသည် လမစေ့သောကလေးများတွင် အဆုတ်၏လုပ်ဆောင်ရည် ပြည့်ဝစေရန်ကူညီပေးခြင်း၊  HELLP ရောဂါစုဖြစ်လာသည့်အချိ်န်တွင် အသည်းနှင့် သွေးဥမွှားတို ့၏ လုပ်ဆောင်ရည်ကို ခဏာတာတက်အောင်လုပ်ဆောင်ပေးပါတယ်။)

၃။အတက်ကျဆေးများဖြင့်ကုသခြင်း

၄။ကုတင်ပေါ်တွင်သာနားနေပါ။

၅။ကလေးမွေးဖွားခြင်း


ကာကွယ်ခြင်း

- ဆားလျှော့စားပါ။

- တိရိစ္ဆာန်အဆီများလျှော့စားပါ။

- ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝသော အစားအသောက်များများစားပါ။

- သင့်တော်သော ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။

- ကိုယ်အလေးချိန်လျှော့ချပါ။ကိုယ်ခန္ဓာ အလေးချိန်ကို ရှိသင့်သည့််အနေအထားတွင်းရောက်အောင် ထိန်းထားပါ။

- ကိုယ်ဝန်ဆောင်မည်ဟု စိတ်ကူးကတည်းကပင် မိမိတွင်သွေးတိုးရှိမရှိကို စမ်းသပ်စစ်ဆေးထားသင့်သည်။

- ကိုယ်ဝန်ဆောင်သည့်အချိ်န်တွင် ကိုယ်ဝန်မှန်မှန်အပ်ခြင်း၊သွေးပေါင်ချိ်န်တိုင်းခြင်းများကို ပုံမှန်လုပ်ဆောင်ထားသင့်ပါတယ်။


Translated by Dr.Khin JyuJyu Ko

Ref: Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18