Print

Intestinal obstruction (အူပိတ်ခြင်း)

  09-May-2017
Preview Image

အကျဉ်းရှင်းလင်းချက်

          အူပိတ်ခြင်းဆိုသည်မှာ အူသိမ် (သို့)အူမကြီးပိုင်းတွင် အစာ(သို့)ရေဖြတ်သန်းသွားနိုင်ခြင်းမရှိတော့ပဲ့ ပိတ်ဆို့နေခြင်းကိုခေါ်သည်။ အများအားဖြင့် အမျှင်တစ်ရှုးများကြောင့်ဖြစ်စေ၊ ပိုးဝင်ယောင်ခြင်းကြောင့်ဖြစ်စေ ၊ အူကျခြင်း၊အူမကြီးကင်ဆာကြောင့်ြ့ဖစ်စေ ဖြစ်လေ့ရှိတတ်သည် ။ 


လက္ခဏာများ

ဗိုက်မအီမလည်ဖြစ်ခြင်း၊ ဗိုက်နာခြင်း

ခံတွင်းပျက်ခြင်း

၀မ်းချုပ်ခြင်း ၊ အန်ခြင်း 

လေမလည်ခြင်း 

ဗိုက်ဖောင်းလာခြင်း တို့့ဖြစ်တတ်သည် 


ဖြစ်ပွားရသော အကြောင်းရင်းများ

လူကြီးများတွင် အဖြစ်အများဆုံးအကြောင်းအရင်းမှာ အူကပ်ခြင်း(ဗိုက်ခွဲပြီးနောက်ပိုင်းတွင် အမျှင်တစ်သျှူးများကြောင့်) နှင့် အူမကြီးကင်ဆာ တို့ကြောင့်ဖြစ်ပြီး ကလေးများတွင်တော့ အူထပ်ခြင်းကြောင့်အဖြစ်များပြီး အူကျခြင်း၊ အူယောင်ခြင်း၊ ပိုးဝင်ခြင်း ၊ အူလိမ်ခြင်း၊ ဆမြင်းတုန်းများကြောင့် ဖြစ်ပွားရတတ်သည် ။ 


ဖြစ်နိုင်ချေများသူများ

၀မ်းဗိုက် ခွဲစိတ်မှုလုပ်ထားဖူးသူများ

အူယောင်ရောဂါရှိသူများ

၀မ်းဗိုက်တွင်းအင်္ဂါတစ်ခုခု ကင်ဆာရောဂါရှိနေသူများ၊ ဓာတ်ကင်နေရသူများ


နောက်ဆက်တွဲ ပြဿနာများ

မကုသပဲထားလျှင် အသက်အန္တရာယ်ထိခိုက်မှုမျိုးပါဖြစ်နိုင်သည် 

အူပိတ်ခြင်း ဖိမိသောကြောင့်အူကိုသွားသော သွေးကြောများပိတ်မိပြီးအူပုတ်ခြင်း အူပေါက်ခြင်းများဖြစ်တတ်ပြီး ပိုးဝင်ပျံ့နှံ့လျှင်သေစေနိုင်ပါသည် ။ 


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

စစ်ဆေးမှုများ

ဆရာဝန်စမ်းသပ်စစ်ဆေးခြင်း

ရင်ဘတ်ဓာတ်မှန်၊ ကွန်ပျူတာဓာတ်မှန် ၊ အာထရာဆောင်း များဖြင့်သိရှိနိုင်သည်။ ဆေးသွင်းပြီးဓာတ်မှန်ရိုက်ခြင်းလဲပြုလုပ်နိုင်သည် ။ 


ကုသခြင်း

ပိတ်သည့်အူနေရာ ပမာဏပေါ်မူတည်၍ စောင့်ကြည့်ကုသခြင်း ၊ ဆေးပေးခြင်း ၊ ခွဲစိတ်ခြင်း ၊ မှန်ပြောင်းနှင့်ပြွန်ချောင်းထည့်ချဲ့ခြင်း များကုသနိုင်သည်။ 


Ref: Mayo Clinic 




Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18