Print

Inguinal Hernia (အူကျခြင်း)

  09-May-2017
Preview Image

အကျဉ်းရှင်းလင်းချက်

      အူကျခြင်းသည် ဝမ်းဗိုက်၏ ကြွက်သားများအားနည်းသည့်နေရာတွင် အူ၏အစိတ်အပိုင်းတစ်ခုခု ကျွံကျလာခြင်းဖြစ်သည်။ကျွံကျလာသည့်အူကို ပေါင်ခြံတွင် အလုံးတစ်လုံးအနေဖြင့်စမ်းမိိတတ်သည်။ ချောင်းဆိိုးသည့်အခါ၊ ခါးကိုင်းသည့်အခါ နှင့် အလေးအပင်မသည့်အခါများတွင် ထိုအလုံးရှိသည့် နေရာသည် နာကျင်တတ်သည်။

      အူကျခြင်းသည် နောက်ဆက်တွဲဆိုးကျိုးများမရှိသေးလျှင် ခွဲစိတ်စရာမလိုသေးပါ၊အန္တရာယ်မရှိပါ။အလုံးမှာ ကြီးလာခြင်း၊နာလာခြင်း နှင့် အခြားအူပိတ်သည့်လက္ခဏာများပေါ်လာလျှင်တော့ ခွဲစိတ်ကုသရမည်ဖြစ်သည်။


လက္ခဏာများ

- ပေါင်ခြံတစ်နေရာရာတွင် ဖောင်းနေခြင်း၊ အလုံးစမ်းမိခြင်း (ပေါင်ခြံနှစ်ဖက်စလုံးတွင်ဖြစ်နိုင်သည်) ထိုအလုံးသည် မတ်တပ်ရပ်သည့်အခါ၊ ချောင်းဆိုးသည့်အခါနှင့် အလေးအပင်မသည့်အခါများတွင် ကြီးလာခြင်း၊ သိသာလာခြင်း။

- အလုံးရှိသည့်နေရာတွင် နာခြင်း၊ခပ်တင်းတင်းခံစားရခြင်း(အထူးသဖြင့် ခါးကိုင်းခြင်း၊ ချောင်းဆိုးခြင်း၊ အလေးအပင်မခြင်းများ ပြုလုပ်သည့်အခါ ပိုဆိုးတတ်သည်)

- အူကျသည့်ဘက်မှ ကပ္ပယ်အိတ်မှာ ကြီးလာခြင်း၊နာခြင်း၊အလုံးစမ်းမိခြင်း။

- လဲလျောင်းသည့်အနေအထားဖြင့် ကျနေသော အူအစိတ်အပိုင်းကို ဝမ်းဗိုက်ထဲသို ့ ပြန်တွန်းတင်နိုင်ခြင်း


 အူပိိတ်ခြင်း၏လက္ခဏာများ

ကျနေသည့် အူအစိတ်အပိုင်းကို ဝမ်းဗိုက်အတွင်းသို ့တွန်းတင်၍ မရတော့သည့်အခါတွင် အူပိတ်ခြင်းဖြစ်နိုင်သည်။ပိတ်နေသောအူသို ့သွေးရောက်ရှိမှုနည်းသွားသည့်အခါတွင် ထိုအူအစိတ်အပိုင်းမှာ ပုပ်သွားနိုင်သည်။ထိုအခြေအနေသည် အရေးပေါ်ခွဲစိတ်ရမည့် အခြေအနေဖြစ်သည်။လက္ခဏာများမှာ--

- ပျို ့အန်ခြင်း

- အဖျားတက်ခြင်း

- ပေါင်ခြံရှိအလုံးရှိသောနေရာမှာ မခံမရပ်နို်င်အောင်နာကျင်ခြင်း၊ နီရဲလာခြင်း၊နီရာမှ တဖြည်းဖြည်း ခရမ်းရောင်၊ ပုပ်သည့်အရောင်ဖြစ်လာခြင်း

- ဝမ်းဗိုက်ဖောင်းလာခြင်း၊တင်းလာခြင်း

       အထက်ပါလက္ခဏာများရှိပါက နီးစပ်ရာဆေးရုံသို ့အမြန်ဆုံးသွားရမည်ဖြစ်သည်။


ကလေးများတွင် အူကျသည့်အခါတွေ ့ရမည့်လက္ခဏာများ

 မွေးကင်းစကလေးများနှင့်တစ်နှစ်အောက်ကလေးများတွင် အူကျခြင်းသည် မွေးရာပါ ဝမ်းဗိုက်ကြွက်သားများ အားနည်းခြင်းကြောင့်ဖြစ်သည်။ကလေးငိုသည့်အခါ၊ ချောင်းဆိုးသည့်အခါနှင့် ဝမ်းညှစ်သည့်အခါများတွင် ပေါင်ခြံရှိအလုံးကို မြင်နိုင်သည်။ထိုအလုံးကနာနေသည့်အခါများတွင် ကလေးမှာ ဂျီကျခြင်း၊ အစားနည်းခြင်းများဖြစ်တတ်သည်။

ကလေးကြီးများတွင် အူကျခြင်းကို ချောင်းဆိုးခြင်း၊ ဝမ်းညှစ်ခြင်း၊ အကြာကြီးရပ်နေသည့်အခါများတွင် တွေ ့နိုင်သည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

ပေါင်ခြံ၏မည်သည့်ဘက်တွင်မဆို ဖောင်းနေခြင်း၊နာနေခြင်းများရှိလျှင် ဆရာဝန်နှင့်ပြသသင့်သည်။ အလုံးမှာ ဝမ်းဗိုက်အတွင်းသို ့ပြန်သွင်း၍မရတော့ခြင်း၊ နာလာခြင်း၊ အရောင်ပြောင်းလာခြင်းများရှိလျှင် နီးစပ်ရာဆေးရုံ၊ဆေးခန်းသို ့သွားသင့်သည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

- ဝမ်းဗိုက်ထဲတွင် ဖိအားများလာခြင်း (နာတာရှည်ချောင်းဆိုးခြင်း၊ဝမ်းချုပ်ခြင်း၊ ရေဖျဉ်းဆွဲခြင်း၊ ဝမ်းဗိုက်အတွင်းကလီစာများတွင် ကင်ဆာဖြစ်ခြင်း)

- ဝမ်းဗိုက်ကြွက်သားများအားလျော့နေခြင်း

- ဝမ်းသွားသည့်ညှစ်၍ သွားရခြင်း၊ ဆီးညှစ်ရသွားရခြင်း (ဥပမာ-ဆီးကျိတ်ရှိသူများ)

- ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုလုပ်သူများ

- ကိုယ်ဝန်ဆောင်များ

- နာတာရှည် ချောင်ဆိုးနေသူများ၊နှာချေနေသူများ

       အူကျသည့်လူအများစုမှာ မွေးရာပါ ဝမ်းဗိုက်ကြွက်သားများ အားလျော့နေသောကြောင့်ဖြစ်သည်။အားလျော့နေသည့်နေရာတွင် ဝမ်းဗိုက်အတွင်းပိုင်းကို ကာကွယ်ပေးထားသော အလွှာပါးသည်လုံအောင် မပိတ်နိုင်တော့ခြင်းကြောင့်ဖြစ်သည်။ထိုအခါ အူကျခြင်းသည် မွေးကတည်းက သို ့မဟုတ် ကလေးဘဝတွင် ဖြစ်တတ်သည်။

         အချို ့သောသူများသည် အသက်ကြီးမှဖြစ်တတ်သည်။အကြောင်းရင်းမှာ အသက်ကြီးလာသည့်အခါ ကြွက်သားများအားလျော့လာခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများလုပ်ရခြင်း၊ ဆေးလိပ်သောက်ခြင်းများနှင့် ဆက်စပ်နေကြသည်။

       ဝမ်းဗိုက်ကြွက်သားများအားလျော့ခြင်းသည် ဝမ်းဗိုက်ပိုင်း ထိခိုက်ဒဏ်ရာရဖူးခြင်း၊ ခွဲစိတ်ဖူးထားခြင်းများနှင့်လည်း ဆက်စပ်နေသည်။

    

ဖြစ်နိုင်ချေများသူများ

- အမျိုးသားများ

- အသက်ကြီးသူများ

- အရှေ ့တိုင်းသားများ

- မျိုးရိုးရှိသူများ

- နာတာရှည်ချောင်းဆိုးနေသူများ(ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်နိုင်သည်)

- နာတာရှည်ဝမ်းချုပ်နေသူများ(ဝမ်းသွားသည့်အခါတိုင်း ညှစ်၍သွားရသောကြောင့်ဖြစ်သည်)

- ကိုယ်ဝန်ဆောင်များ(ကိုယ်ဝန်ဆောင်သည့်အချိန်တွင် ဝမ်းဗိုက်တွင်း ဖိအားများလာသောကြောင့်ဖြစ်သည်)

- ပေါင်မပြည့်၊ လမစေ့ဘဲမွေးသူများ

- အူကျဖူးသူများ၊ အူကျခြင်းကို ခွဲစိတ်ကုသထားသူများ


နောက်ဆက်တွဲ ပြဿနာများ

- ကျနေသော အူအစိတ်အပိုင်းသည် ကပ္ပယ်အိတ်ထဲထိ ရောက်သည့်အခါ ကပ္ပယ်အိိတ်ကြီးလာခြင်း၊ နာလာခြင်း

- အူပိတ်ခြင်း

- အူပုပ်ခြင်း


စစ်ဆေးမှုများ

- ဆရာဝန်မှ ပေါင်ခြံနေရာတွင် အလုံးရှိမရှိစမ်းသပ်ခြင်း၊ မတ်တပ်ရပ်ခိုင်းခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းညှစ်သည့် ပုံစံပြုလုပ်၍ အလုံးရှိမရှိ နှင့် အလုံးအရွယ်အစားကြီးလာခြင်းရှိမရှိကို စစ်ဆေးခြင်း၊

- အထက်ပါအတိုင်းစမ်းသပ်၍ ရောဂါကို တိတိကျကျ မသတ်မှတ်နိုင်ပါက ဝမ်းဗိုက်ကို တယ်လီဗေးရှင်းဓာတ်မှန်ရိုက်ခြင်း၊ ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန်ရိုက်၍ စစ်ဆေးခြင်း


ကုသခြင်း

 အူကျသည့်အလုံးမှာအရွယ်အစာသေးခြင်း၊ ပြန်သွင်း၍ရနေခြင်း နှင့် အခြားနောက်ဆက်တွဲ လက္ခဏာများမပြသေးလျှင် စောင့်ကြည့်ခို်င်းထားမည်ဖြစ်သည်။


 အူကျသည့်အလုံးမှာ ကြီးလာခြင်း၊ နာလာခြင်းများရှိလျှင် နောက်ဆက်တွဲဆိုးကျိုုးများဆက်မဖြစ်ရအောင်၊ နေရထိုင်ရသက်သာအောင် ခွဲစိိတ်ကုသပေးမည်ဖြစ်သည်။


ကာကွယ်ခြင်း

     မွေးရာပါ ဝမ်းဗိုက်ကြွက်သားအားလျော့ခြင်း မဖြစ်အောင်တော့ ကာကွယ်၍မရနိုင်ပါ။သို ့သော် ဝမ်းဗိုက်ကြွက်သားပေါ်တွင် အားသက်ရောက်ခြင်းမရှိရန် အနေအထိုုင်အပြုအမူများကို ဆင်ခြင်ရန်တော့လိုအပ်ပါသည်။

- သင့်တော်သော ကိုယ်ခန္ဓာအလေးချိန်ရအောင်နေထိုင်ပါ။

- ဝမ်းချုပ်ခြင်းမဖြစ်ရအောင် အမျှင်ဓာတ်ပါသော အစားအစာများများစားပါ။

- လေးလံသောပစ္စည်းများမသည့်အခါ သတိထားပါ။ဖြစ်နိုင်လျှင် မမပါနှင့်။

- ဆေးလိပ်ဖြတ်ပါ။

- အူကျသည့်သူများအတွက် အထူးပြုလုပ်ထားသည့် အတွင်းခံဘောင်းဘီများကို ဝတ်ဆင်ပါ။


Translated by Khin JyuJyu Ko

Ref: Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18