Print

Hyperhidrosis (ချွေးထွက်များခြင်း)

  09-May-2017
Preview Image

အကျဉ်းရှင်းလင်းချက်

အပူချိန်မြင့်ခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်းတို့နှင့် မသက်ဆိုင်ဘဲ အလွန်အမင်း ချွေးထွက်များခြင်းဖြစ်သည်။ချွေးအထွက်များပါက အကျီင်္တစ်ခုလုံး စိုရွှဲသွားသည်အထိ၊ ကိုယ်ခန္ဓာမှ စီးကျသည်အထိ ဖြစ်တတ်သည်။ ချွေးထွက်များခြင်းသည် တစ်နေ့တာ လုပ်ငန်းဆောင်တာများကိုထိခိုက်နိုင်ရုံမက စိုးရိမ်စိတ်များခြင်းနှင့် ရှက်ကိုးရှက်ကန်းဖြစ်ခြင်းတို့ဖြစ်နိုင်သည်။ချွေးထွက်များရသည့် အဓိက အကြောင်းရင်းကို ရှာပြီးကုသရသည်။ 


လက္ခဏာများ

လူအများစုမှာ ကိုယ်လက်လှုပ်ရှားလုပ်ခြင်း၊ ပူပြင်းသောရာသီဥတုတွင် နေခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း အစရှိသည်တို့တွင် ချွေးထွက်များကြသည်။ ပုံမှန်ထွက်သင့်သည့် ပမာဏထပ် ပိုများလေ့ရှိကြသည်။ အများအားဖြင့် လက်ဖဝါး၊ ခြေဖဝါး၊ ချိုင်း၊ မျက်နှာတို့တွင် ချွေးထွက်ကြပြီး တစ်ပတ်လျှင် အနည်းဆုံးတစ်ခါ၊ အထူးသဖြင့် အိပ်ရာထချိန်တွင် ဖြစ်လေ့ရှိသည်။ ကိုယ်ခန္ဓာ၏ နှစ်ဖက်လုံးတွင် ဖြစ်သည်။


ဖြစ်ပွားရသော အကြောင်းရင်းများ

ချွေးထွက်ခြင်းမှာ ကိုယ်ခန္ဓာကို ပြန်လည်အေးအောင်ထိန်းညှိပေးခြင်းဖြစ်သည်။ကိုယ်ခန္ဓာမှ အပူချိန်တက်လာသောအခါ သင့်ချွေးဂလင်းများမှ အလိုအလျောက် ပွင့်လာခြင်းဖြစ်သည်။စိတ်လှုပ်ရှားသောအခါများတွင် ပုံမှန်အားဖြင့် လက်ဖဝါးတွင် ချွေးထွက်လေ့ရှိသည်။ ချွေးထွက်များခြင်း Hyperhidrosis တွင်မူ ချွေးဂလင်းများကို တုံ့ပြန်စေသောအာရုံကြောများသည် ပုံမှန်ထပ်အလုပ်လုပ်ပြီး မလိုအပ်ဘဲ ချွေးထွက်ခြင်း အငွေ့ပြန်ခြင်းဖြစ်သည်။ စိတ်လှုပ်ရှားခြင်း၊ ဖိစီးမှုများခြင်းတို့တွင် အခြေအနေ ပိုဆိုးလေ့ရှိသည်။ 

(၁) အကြောင်းရင်းတိတိကျကျမရှိဘဲ ချွေးထွက်များခြင်းကို Primary hyperhidrosis ဟုခေါ်ပြီး လက်ဖဝါး၊ ခြေဖဝါး၊ တစ်ခါတရံမျက်နှာတို့တွင် ဖြစ်လေ့ရှိသည်။ မျိုးရိုးလိုက်တတ်ပြီး မိသားစုထဲတွင် ရောဂါတူတွေ့ရလေ့ရှိသည်။

(၂) အကြောင်းရင်းသိရသော ချွေးထွက်လွန်ခြင်းကို Secondary hyperhidrosis ဟုခေါ်ပြီး တစ်ကိုယ်လုံးနေရာအနှံ့ဖြစ်ပွားသည်။ဖြစ်ရခြင်း အကြောင်းရင်းများမှာ 

- အချို့သော ဆေးဝါးများ

- ဆီးချို

- အမျိုးသမီးများ ရာသီသွေးဆုံးခြင်း

- သွေးတွင်းအချိုဓာတ် လျော့နည်းခြင်း

- သိုင်းရိုက်ဂလင်းအလွန်အမင်း အလုပ်လုပ်ခြင်း

- ကင်ဆာအမျိုးအစားအချို့

- နှလုံးရောဂါ

- အာရုံကြောရောဂါများ

- ကူးစက်ရောဂါများ


နောက်ဆက်တွဲ ပြဿနာများ

- ရောဂါပိုးကူးစက်ခံရခြင်း(ချွေးထွက်များသူများသည် တခြားသူများထပ် ရောဂါပိုး ကူးစက်ခံရနိုင်ချေပိုများသည်)

- ချွေးစိုပြီး စေးကပ်နေသောလက်၊ ချွေးဖြင့် စိုရွှဲနေသော အဝတ်အစားများသည် အနှောင့်အယှက်ဖြစ်စေသည်။

- လူမှုရေးရာ ပြဿနာများခံစားရနိုင်သည်။

- အလုပ်အကိုင်နှင့် ပညာရေးများတွင်ပါ အနှောင့်အယှက်ဖြစ်စေနိုင်သည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

တစ်ခါတစ်ရံတွင် ချွေးထွက်လွန်ခြင်းသည် ကျန်းမာပြဿနာတစ်ခုဖြစ်နိုင်ပြီး အောက်ပါအခြေအနေများခံစားရပါက ဆရာဝန်နှင့်သွားရောက်ပြသသင့်သည်။

- ချမ်းတုန်ခြင်း

- ခေါင်းတစ်ရိပ်ရိပ်ဖြစ်ခြင်း

- ရင်ဘတ်အောင့်ခြင်း

- ပျို့ခြင်း

- အဖျားကြီးခြင်း ( ၁၀၄ ဒီဂရီဖာရင်ဟိုက်နှင့် အထက် )


အောက်ပါတို့တွင်လည်း ဆရာဝန်နှင့် တိုင်ပင်သင့်သည်။

- ချွေးထွက်များခြင်းသည် သင့်တစ်နေ့တာကို နှောင့်ယှက်သည့်အထိဖြစ်လာလျှင်

- ရုတ်တရက် ပုံမှန်ထပ်ပို၍ ချွေးထွက်များလာလျှင်

- အကြောင်းရင်းတိတိကျကျမရှိဘဲ ညဘက်ချွေးထွက်လျှင်


စစ်ဆေးမှုများ

- ရောဂါလက္ခဏာနှင့်ပတ်သက်၍ ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ခြင်း

- ကိုယ်ခန္ဓာကို စမ်းသပ်စစ်ဆေးခြင်း

- သွေးနှင့်ဆီးစစ်ဆေးခြင်း ( သိုင်းရွိက်ဂလင်းမှ ဟော်မုန်းအထုတ်များခြင်း၊ သွေးသွင်း အချိုဓာတ်လျော့နည်းခြင်း )

- ချွေးစစ်ဆေးခြင်း


ကုသခြင်း

- ကုသမှုတွင် အလွန်အမင်းချွေးထွက်ခြင်းကို ထိန်းချုပ်နိုင်ရန်ဖြစ်သည်။ဖြစ်စေသော ရောဂါအခြေခံကို ရှာဖွေဖော်ထုတ်ပြီး ရောဂါပြင်းထန်မှုပေါ်မူတည်၍ ကုသမှုပြောင်းလဲပါသည်။ ချွေးထွက်များခြင်းကို ကုသပြီးလျှင် ပြန်မဖြစ်ရန် အမြဲပြန်လည်စစ်ဆေးသင့်သည်။

(၁) ဆေးဖြင့်ကုသခြင်း

- အန့ံပျောက်ဆေး antiperspirant - အိပ်ယာသို့မဝင်မီ သုံးပေးပြီး မနက်အိပ်ယာထသောအခါ ပြန်ဆေးပေးနိုင်သည်။

- ချွေးထွက်မှုကို ထိန်းချုပ်ထားသော အာရုံကြောများကို ပိတ်သော သောက်ဆေးများ ( ဘေးထွက်ဆိုးကျိုးအနေဖြင့် ပါးစပ်ခြောက်ခြင်း၊ အမြင်ဝေဝါးခြင်း၊ ဆီးအိမ်ပြဿနာများ ခံစားရခြင်း )

- စိတ်ဓာတ်ကျရောဂါတွင် သောက်သောဆေးများ antidepressants ( ချွေးထွက်နည်းစေသည့်အပြင်၊ ချွေးထွက်ခြင်းကြောင့်ဖြစ်ပေါ်လာသော စိတ်ဖိစီးမှုများကို သက်သာစေသည်။ )

- Botox ( Botulinum toxin ထိုးခြင်း ) - ချွေးထွက်မှုကို ထိန်းချုပ်ထားသော အာရုံကြောများကို ပိတ်စေသည်။၆လမှ ၁နှစ်ခံကာ ကုသမှုကို ပြန်လုပ်ပေးရန်လိုအပ်သည်။(အဖြစ်များဆုံး ဘေးထွက်ဆိုးကျိုးမှာ ကုသသောနေရာတွင် ကြွက်သားများအားနည်းခြင်းဖြစ်တတ်သည်။)


(၂) ခွဲစိတ်ကုသမှုနည်းလမ်းများ

- လျှပ်စစ်လှိုင်းဖြင့်ကုသခြင်း Electrical current ( ကိုယ်ဝန်ဆောင်များနှင့် နှလုံးစက်ထည့်ထားသောသူများတွင်မူ မလုပ်သင့်ပေ )

- ချွေးဂလင်းများကို ထုတ်ပစ်ခြင်း Sweat gland removal ( Scraping(curettage) or liposuction )

- အာရုံကြောများကို ခွဲစိတ်ခြင်း


(၃) အခြားနည်းလမ်းသစ်များ 

- လေဆာဖြင့်ကုသခြင်း

- မိုက်ခရိုဝေ့ဖြင့် ကုသခြင်း

- အာထရာစောင်းဖြင့် ကုသခြင်း


(၄) အိမ်တွင်းကုထုံးများ

- အနံ့ပျောက်ဆေးများသုံးခြင်း

- နေ့စဉ်ပုံမှန် ရေချိုးပေးခြင်း

- ဖိနပ်နှင့် ခြေစွတ်တို့ကို သဘာဝပစ္စည်းဖြင့် ပြုလုပ်ထားသည်သာ သုံးခြင်း

- ဖိနပ်ကို အလှည့်ကျ ပြောင်းစီးခြင်း ( ညအချိန်အတွင်း ဖိနပ်မှ ချွေးခြောက်ဖို့ ခဲယဉ်းသည်ဖြစ်ရာ တစ်ရက်ခြားစီသာစီးပေးခြင်း ) 

- ခြေစွတ်ကို တစ်နေ့ကို တစ်ခါ သို့ နှစ်ခါလဲပေးခြင်း၊ ချွေးစုပ်ပေးသည့် ပေါင်ဒါအမှုန့်များသုံးပေးခြင်း 

- ခြေထောက်ကို အလွတ်ထားခြင်း ( တတ်နိုင်သမျှ ဖိနပ်ချွတ်ပေးခြင်း )

- တစ်နေ့တာ လုပ်ဆောင်မှုပေါ်မူုတည်၍ အဝတ်အစားဝတ်ဆင်ခြင်း ( ဥပမာ - ချည်ထည်ဖြင့် အားကစားလုပ်ခြင်း ) 

- ကိုယ်ခန္ဓာကို ဖြေလျှော့ပေးသည့် လေ့ကျင့်ခန်းများပြုလုပ်ခြင်း ( ဥပမာ - Yoga ကစားခြင်း၊ တရားထိုင်ခြင်း )


Ref ; Mayo clinic

Translated by Dr.YadanarPhooWaiAung (7887 Healthcare Call Center )



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18