Print

Ca Oesophagus (အစာရေမျိုပြွန်ကင်ဆာ)

  09-May-2017
Preview Image

အစာရေမျိုပြွန်ကင်ဆာသည် ကမ္ဘာပေါ်တွင် အဖြစ်များဆုံးကင်ဆာရောဂါများထဲမှ နံပါတ် ၆ နေရာတွင်ရှိပါသည်။အမျိုးသားတွေမှာ ပို၍အဖြစ်များပါသည်။ရောဂါဖြစ်ပွားနှုန်းသည် နေရာဒေသပေါ်လဲမူတည်ပါသည်။


လက္ခဏာများ

- အစာမျိုရခက်ခြင်း

- ကိုယ်အလေးချိန်ကျခြင်း

- ရင်ပူခြင်း

- ရင်ဘတ်အောင့်ခြင်း

- ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း

- ချောင်းဆိုးခြင်း

- အသံပြောင်းလာခြင်း

- အစာရေမျိုပြွန်ကင်ဆာသည် အစပိုင်းတွင် လက္ခဏာမပြတတ်ပါ။


ဖြစ်ပွားရသော အကြောင်းရင်းများ

အစာရေမျိုပြွန်ကင်ဆာ ဖြစ်စေသည့်အကြောင်းရင်းတိတိကျကျမရှိသော်လည်း ဗီဇပြောင်းလဲမှု (mutations) ကြောင့်ဖြစ်သည်ဟုလေ့လာချက်များအရ သိရှိရပါသည်။


ဖြစ်နိုင်ချေများသူများ

- အစာအိမ်အချဉ်ပြန်ခြင်း

- Barrett\'s esophagus ရောဂါရှိသူများ

- ဆေးလိပ်သောက်သူများ

- အဝလွန်သူများ

- အရက်သောက်သုံးသူများ

- အစာရေမျိုပြွန်ရှိ ကြွက်သားအားနည်းသည့်ရောဂါ (Achalaisa) 

- အပူလွန်ကဲသော အရည်များသောက်သုံးခြင်း

- အသီးအနှံနှင့်ဟင်းသီးဟင်းရွက် လုံလောက်မျှတစွာ မစားသုံးသောသူများ

- ဓာတ်ရောင်ခြည်ကုသမှုခံထားရသူများ


နောက်ဆက်တွဲ ပြဿနာများ

- အစာရေမျိုပြွန်ကျဉ်းမြောင်းခြင်း

- လည်မျိုနာကျင်ခြင်း

- သွေးအန်ခြင်း၊လည်ချောင်းသွေးပါလာခြင်း တို့ဖြစ်ပေါ်လာတတ်ပါသည်။


ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

အထက်ဖော်ပြပါ လက္ခဏာများခံစားရပါက ဆရာဝန်နှင့်တိုင်ပင်ပြသသင့်ပါသည်။

Barrett\'s esophagus သည်အစာရေမျိုပြွန်ကင်ဆာမဟုတ်ပေမယ့် နောက်ပိုင်းတွင် ကင်ဆာဖြစ်လာနိုင်ပါတယ်။အစာအိမ်ထဲမှ အချဉ်ရည်များ အစာရေမျိုပြွန်သို့ အထက်ဆန်တက်တာ ကြာလာလျှင် Barrett\'s esophagus ရောဂါဖြစ်တတ်ပါသည်။ထိုရောဂါကိုစစ်ဆေးတွေ့ရှိပါလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါသည်။


စစ်ဆေးမှုများ

- အစာရေမျိုပြွန်အတွင်းသို့ မှန်ပြောင်းထည့်၍စစ်ဆေးခြင်း

- အသားစယူခြင်း


ကုသခြင်း

ခွဲစိတ်ကုသခြင်း

ကင်ဆာအဆင့်ပေါ်မူတည်၍ခွဲစိတ်ကုသခြင်းနည်းလမ်းများကွဲပြားနိုင်ပါသည်။

- ကင်ဆာအကျိတ်ကို မှန်ပြောင်းမှတစ်ဆင့် ဖယ်ရှားခြင်း

- ကင်ဆာအကျိတ်ဖြစ်ပေါ်သည့်အစာရေမျိုပြွန်အပိုင်းအား ဖယ်ရှား၍ ကျန်ရှိသော

  အပိုင်းကို အစာအိမ်နှင့်ဆက်ခြင်း 

- ကင်ဆာအကျိတ်ဖြစ်ပေါ်သည့်အစာရေမျိုပြွန်နှင့် အစာအိမ်အပေါ်ပိုင်းအား 

  ဖယ်ရှား၍ကျန်ရှိနေသောအပိုင်းကို အူသိမ်ဖြင့်အစားထိုးကာ ဆက်ခြင်း


ခွဲစိတ်ကုသရာတွင် ခွဲစိတ်ကုသခြင်း၏နောက်ဆက်တွဲဆိုးကျိုးများဖြစ်သော ပိုးဝင်ခြင်း၊သွေးထွက်များခြင်းတို့ဖြစ်ပေါ်တတ်ပါသည်။


- ကင်ဆာဆေးသွင်းကုသခြင်း

- ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း

- ကင်ဆာဆေးနှင့်ဓာတ်ရောင်ခြည် ပေါင်းစပ်ကာ ကုသခြင်း

 

ကာကွယ်ခြင်း

- ဆေးလိပ်ရှောင်ခြင်း

- အရက်ရှောင်ခြင်း

- အသီးအနှံှနှင့်ဟင်းသီးဟင်းရွက်များ စားသုံးခြင်း

- ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း


အခြားသိသင့်သော အချက်များ (ရှိလျှင်)

အစာရေမျိုပြွန်ကင်ဆာအမျိုးမျျိုးရှိပါသည်။

- Adenocarcinoma

- Squamous call carcimoma 

- Small cell carcinoma 

- lymphoma 

- melanoma 

- choriocarcinoma


အဆင့် (၁) - ကင်ဆာဆဲလ်များ အစာရေမျိုပြွန်၏အပေါ်ယံအလွှာ၌သာတည်ရှိကာ

                 နီးစပ်ရာ ပြန်ရေကြောအကျိတ်များသို့ ပျံ့နှံ့ခြင်း

အဆင့် (၂) - ကင်ဆာဆဲလ်များ အစာရေမျိုပြွန်၏အတွင်းပိုင်းကြွက်သားအလွှာနှင့်

                 နီးစပ်ရာ ပြန်ရေကြောအကျိတ်များသို့ ပျံ့နှံ့ခြင်း

အဆင့် (၃) - ကင်ဆာဆဲလ်များ အစာရေမျိုပြွန်၏အတွင်းဆုံးအလွှာနှင့် နီးစပ်ရာ

                 ပြန်ရေကြောအကျိတ်များ၊နီးစပ်ရာ ဝမ်းတွင်းအင်္ဂါများသို့ပျံ့နှံ့ခြင်း

အဆင့် (၄) - ကင်ဆာဆဲလ်များ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့ခြင်း

 

Ref: Mayo Clinics 

Writer: Dr TMMH 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18