Print

Myocardial Ischemia (နှလုံးသွေးကြောကျဉ်းရောဂါ)

  21-Nov-2016
Preview Image

 

Myocardial Ischemia ရောဂါသည် နှလုံးသွေးကြောများ ကျဉ်းခြင်း/ပိတ်ခြင်းကြောင့် နှလုံးသို့သွေးစီးဆင်းမှုနည်းကာ အောက်ဆီဂျင် အလုံအလောက် မရရှိသောရောဂါဖြစ်သည်။

 

လက္ခဏာများ
အချို့သောလူများတွင် နှလုံးသွေးကြောကျဉ်းရောဂါသည် လက္ခဏာမပြတတ်သော်လည်း အတွေ့များသောလက္ခဏာများအနေဖြင့်
-    ဘယ်ဖက်ရင်ဘတ်အောင့်ခြင်း
-    လည်ပင်း/မေးရိုးနာကျင်ခြင်း
-    ပုခုံး/လက်မောင်း နာကျင်ခြင်း
-    နှလုံးခုန်မြန်ခြင်း
-    မောခြင်း
-    ပျို့အန်ခြင်း
-    ချွေးထွက်ခြင်းနှင့်
-    မောပန်းလွယ်ခြင်းများကို တွေ့ရတတ်သည်။

 

ဖြစ်ပွားရသောအကြောင်းရင်းများ
Myocardial Ischemia ကို 
. Coronary artery disease - နှလုံးသွေးကြောကျဉ်းခြင်း
. နှလုံးသွေးကြောထဲတွင် သွေးခဲဖြစ်ခြင်း
. Coronary artery spasm - နှလုံးသွေးကြော ရုတ်တရက် ကျုံးခြင်းဖြစ်ပေါ်ကာ သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေခြင်းတို့ကြောင့် ဖြစ်စေနိုင်သည်။

 

ဖြစ်နိုင်ချေများသူများ
Myocardial Ischemia ဖြစ်နိုင်ချေများသူများမှာ
-    ဆေးလိပ်သောက်သူများ
-    ဆီးချိုရောဂါရှိသူများ
-    သွေးတိုးရောဂါရှိသူများ
-    သွေးတွင်းကိုလက်စထရောတက်နေသူများ
-    အဝလွန်သူများ
-    ကိုယ်လက်လှုပ်ရှားမှု မရှိသူများဖြစ်သည်။

 

နောက်ဆက်တွဲပြဿနာများ
Myocardial Ischemia ရောဂါသည် မကုသဘဲထားပါက နောက်ဆက်တွဲရောဂါများအနေဖြင့် 
. နှလုံးလေသင်တုန်းဖြတ်ခြင်း
. နှလုံးခုန်မမှန်ခြင်း
. နှလုံးပျက်သွားခြင်းများ ဖြစ်နိုင်သည်။

 

ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ
ရင်ဘတ်အောင့်ခြင်းကို ကြာရှည်စွာ ခံစားနေရခြင်းနှင့် အခြားလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဆေးခန်းသို့ သွားရောက်ပြသသင့်ပါသည်။

 

စစ်ဆေးမှုများ
စစ်ဆေးမှုများအနေဖြင့် ရောဂါရာဇဝင်အကြောင်း မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများနှင့် နှလုံးစက်ဆွဲခြင်း၊ နှလုံးပုံရိပ်ဖမ်းခြင်း၊ နှလုံးကွန်ပျူတာဓာတ်မှန်ရိုက်ခြင်းနှင့် Cardiac angiography ( သွေးကြောထဲသို့ Dye ထည့်၍ ရိုက်ခြင်းများ ပြုလုပ်နိုင်သည်။)

 

ကုသခြင်း
Myocardial Ischemia အား ကုသရာတွင် သောက်ဆေးများဖြစ်သော သွေးကြဲဆေး၊ သွေးကြောကျယ်ဆေး၊ နှလုံးခုန်နှေးစေသောဆေး၊ သွေးတွင်းအဆီကျဆေးနှင့် သွေးကျဆေးများပေးခြင်းများအပြင် ခွဲစိတ်မှုများဖြစ်သော ကျဉ်းနေသောသွေးကြောထဲသို့ ပြွန်သေးသေးလေးထည့်၍ ကုသခြင်း၊ တခြားနေရာမှ သွေးကြောဖြင့် ကျဉ်းနေသောနေရာသို့ အစားထိုးကုသခြင်းများဖြင့် ကုသနိုင်ပါသည်။

 

ကာကွယ်ခြင်း
Myocardial Ischemia အား ကာကွယ်နိုင်ရန်အတွက်
-    အရက်၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်း
-    ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပေးခြင်း
-    ပုံမှန်ကိုယ်အလေးချိန်ရအောင် ထိန်းထားခြင်းတို့ကို လုပ်ဆောင်သင့်သည်။

 

Ref: Mayo Clinic

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18