Print

Malaria (ငှက်ဖျားရောဂါ)

  21-Nov-2016
Preview Image

 

ငှက်ဖျားရောဂါဆိုသည်မှာ Anopheles Mosquito ခြင်ကိုက်ခြင်းကြောင့် Malaria Parasite ငှက်ဖျားရောဂါပိုး ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ခြင်းကြောင့်ဖြစ်သည်။

 

လက္ခဏာများ
ရောဂါလက္ခဏာများသည် ရောဂါပိုးဝင်ပြီး ရရက်မှ ၁၈ ရက်အတွင်း ပေါ်နိုင်ပြီး အချို့သူများတွင် ရောဂါပေါ်ရန် ၁နှစ်အထိကြာမြင့်နိုင်သည်။
- အဖျားကြီးခြင်း
- ချမ်းတုန်ခြင်း
- ချွေးအလွန်ထွက်ခြင်း
- အန်ခြင်း စသည့် လက္ခဏာများသည်။
ဖြစ်စေသော အကောင်အမျိုးအစားပေါ်မူတည်၍ ၇၂နာရီခြား၊ ၄၈နာရီခြားတစ်ကြိမ်ပေါ်တတ်ပြီး ၆နာရီမှ ၁၂နာရီထိတိုင်အောင် ခံစားရတတ်သည်။
အခြားလက္ခဏာများအနေဖြင့် ကြွက်သားများနာကျင်ခြင်း။ ဝမး်လျှောခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်း စသည်တို့လည်းခံစားရနိုင်ပါသည်။

 

ဖြစ်ပွားရသော အကြောင်းရင်းများ
များစွာသော Plasmodium parasite အုပ်စုများထဲမှ လူတွင်ဖြစ်တတ်သော ၅မျိုးမှာ-
- Plasmodium falciparum- အဖြစ်အများဆုံးဖြစ်ပြီး ဆိုးရွားသော လက္ခဏာများကို ဖြစ်ပေါ်စေနိုင်ပါသည်။
- Plasmodium vivax
- Plasmodium ovale
- Plamodium malariae
- Plasmodium knowlesi

 

ကူးစက်ပျံ့နှံ့ပုံ
ရောဂါပိုးသယ်ဆောင်ထားသော အနော်ဖလီးခြင်မ(Female Anopheles mosquito) ကိုက်ခြင်းကြောင့်အဓိက ဖြစ်ပွားရပါသည်။ ရောဂါပိုး ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသောအခါ အသည်းတွင်ဝင်ရောက်ပွားပြီးနောက် သွေးထဲသို့ တဖန်ထွက်ကာ သွေးနီဥထဲတွင် ပွားများပြန်သည်။ ကြာသော သွေးနီဥများပေါက်ကွဲပြီး ရောဂါပိုးအများအပြား သွေးထဲသို့ရောက်ရှိပြီး လက္ခဏာများ ပေါ်ပေါက်လာသည်။ 
မှတ်ချက်။ ရောဂါပိုးသယ်ဆောင်ထားသောခြင် တစ်ခါကိုက်ရုံဖြင့် ရောဂါကူးနိုင်သည်။ လူလူချင်း မကူးစက်တတ်ပါ။ ထို့အပြင် ရောဂါပိုးရှိသောသွေးသွင်းခြင်း၊ အပ်၊ဓားမျှဝေသုံးစွဲခြင်းကြောင့်သွေးမှတဆင့်ကူးစက်နိုင်ပါသည်။

 

နောက်ဆက်တွဲ ပြဿနာများ
Anaemia- သွေးအားနည်းခြင်း
Cerebral malaria- ဦးနှောက်တွင်း ပိုးရောက်ခြင်း
အသည်းပျက်စီးခြင်းနှင့် အသားဝါခြင်း
Shock ရခြင်း
Pulmonary oedema (အဆုတ်တွင်းရေဝင်ခြင်း)
Acute respiratory distress syndrome (ARDS)
Hypoglycemia (သွေးတွင်း အချိုဓာတ်ကျခြင်း)
Kidney failure (ကျောက်ကပ်ပျက်စီးခြင်း)
Spleen (ဘေလုံးပျက်စီးခြင်း)
Dehydration (ရေဓာတ်ခန်းခြောက်ခြင်း)
Malaria in pregnancy (ကိုယ်ဝန်ဆောင်တွင် malaria ရောဂါဖြစ်ပွားပါက)
- မွေးချိန်မတိုင်ဘဲစောစီးစွာမွေးခြင်း
- ကလေးပေါင်မပြည့်ခြင်း
- ကိုယ်ဝန်ပျက်ကျခြင်း
- အသေမွေးခြင်း
- မိခင်သေဆုံးခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။

 

စစ်ဆေးမှုများ
သွေးစစ်ခြင်း- သွေးတွင်း malaria parasite ရှိမရှိစစ်ခြင်း
                 ဖြစ်စေသောပိုး အမျိုးအစားကိုပါ ခွဲဲခြားနိုင်သည်။
Rapid diagnosis test- လျှင်မြန်လွယ်ကူစွာစစ်သည့်နည်း ICT ဖြင့်စစ်ဆေးခြင်း။
အခြားလိုအပ်ပါက ဆီးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများပြုလုပ်ရပါမည်။

 

ကုသခြင်း
ACT –  3 Day Artemisinin based combination therapy
(အာတီမီစနင်း အခြေခံသော ၃ရက်သောက် ငှက်ဖျားပျောက်ဆေး) 
Complicated falciparum malaria နောက်ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်နေသော အမျိုးအစားဖြစ်ပါက သောက်ဆေးနှင့်သာမက ထိုးဆေးအစားထိုးရမည်

 

ကာကွယ်ခြင်း
ကာကွယ်ခြင်းတွင်အဓိက ခြင်အကိုက်မခံရစေရန်ကာကွယ်ခြင်းသည် အရေးအပါဆုံးဖြစ်သည်။
- ခြင်ထောင်ဖြင့်အိပ်ခြင်း
- ခြင်ဆေးလိမ်းခြင်း
- ခြင်ဆေးခွေထွန်းခြင်း
- ခြင်လုံဇကာများတပ်ခြင်း
- ခြင်ပေါက်ဖွားရာနေရာများကို သုတ်သင်ခြင်း
- စနစ်တကျစစ်ဆေးထားသောသွေးသွင်းခြင်း
Malaria ရောဂါပိုးရှိရာနေရာသို့ သွားရောက်မည်ဆိုပါက ကြိုတင်၍ ဆေးသောက်ခြင်းတို့ ပြုလုပ်ရပါမည်။

 

Ref: NHS choices
       Mayo clinic



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18