Print

ဖွံ့ဖြိုးပြီးနိုင်ငံ၏ ဆေးပညာအောင်မြင်မှုက လိင်တူချစ်သူများအတွက် အကျိုး...

  15-Aug-2020
Preview Image

          မကြာမီကာလက တရားဝင်အင်တာနက် ဆေးပညာသတင်းအရ ၎င်းမီဒီယာသတင်းတို့မှာ ၎င်းဖွံ့ဖြိုးပြီးနိုင်ငံမှာ အမျိုးသမီးတွေကို သားအိမ်အစားထိုးကုသနိုင်ပြီလို့ ဆိုပါတယ်။

          ဒီသတင်းကို ဖတ်မိတဲ့ GAY တစ်ဦးက GAY ရဲ့ ခန္ဓာကိုယ်ထဲမှာရော သားအိမ်ကို အစားထိုးလို့ မရနိုင်ဘူးလားလို့ မေးလာဖူးပါတယ်။


          သားအိမ်အစားထိုးတဲ့ အောင်မြင်မှုက ဖိုမဆေးပညာနယ်ပယ် Sexual Medical Field ရဲ့ အောင်မြင်မှုမဟုတ်ဘဲ သားဖွားမီးယပ်နယ်ပယ် OBSTETRIC & GYNAECOLOGY FIELD ရဲ့ အောင်မြင်မှုသာ ဖြစ်ပါတယ်။ Sex ကိစ္စနဲ့ သိပ်တော့မဆိုင်ပါဘူး။ မိန်းမစစ်စစ်များရဲ့ သားအိမ်ဟာ အကြောင်းတစ်ခုခုကြောင့်ပါ။ ဥပမာ ရောဂါကြောင့်ပဲဖြစ်ဖြစ်၊ ဒဏ်ရာရလို့ပဲဖြစ်ဖြစ်၊ ကိုယ်ဝန်မဆောင်နိုင်တော့တာမျိုးရှိပါတယ်။ ဒီတော့ သားအိမ် UTERUS ကို အစားထိုးပေးတယ်။ ရည်ရွယ်ချက်ကတော့ ကိုယ်ဝန်ဆောင်နိုင်စေရန် ဖြစ်ပါတယ်။


          သို့သော် သားအိမ်အစားထိုးထည့်သွင်းခြင်းခံယူသူ အမျိုးသမီးမှာ မျိုးရိုးဗီဇသားဥ OVUM ကို ထုတ်လုပ်တဲ့ သားဥအိမ်များ၊ OVARY တွေဟာ ကျန်းမာစွာ ရှိနေရပါမယ်။ သားဥအိမ်မရှိဘဲ သားအိမ်ပဲရှိနေရင်လည်း ကိုယ်ဝန်မရနိုင်ပါ။


          ဒါပေမယ့် GAY ကတော့ မူလကတည်းက သားအိမ်ရော၊ သားဥအိမ်ရော မရှိတာပါ။ ဒီတော့ GAY ရဲ့ ကိုယ်ထဲသို့ သားအိမ်ထည့်သွင်းပေးရင်လည်း ကိုယ်ဝန်မဆောင်နိုင်ပါဘူး။ ဒါကြောင့် သားဖွားမီးယပ်နယ်ပယ်က ဆေးပညာအောင်မြင်မှုတစ်ခုဟာ GAY တွေကို အကျိုးခံစားခွင့်ရဖို့တော့ လက်လှမ်းဝေးနေဆဲပါလို့ ဖြေခဲ့ဖူးပါတယ်။


          သို့သော် GAY ကို ဆက်လက်ရှင်းပြမိတာကတော့ ဖွံ့ဖြိုးဆဲနိုင်ငံမှာ GAY တွေ အဓိကရင်ဆိုင်ရတဲ့ ပြဿနာက ကျန်းမာရေးပြဿနာ MEDICAL PROBLEM မဟုတ်ဘူး။ GAY တွေဟာ သာမန်လူသားတွေပဲလို့ WHO ခေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အသိမှတ်ပြုထားပါတယ်။

 

         တကယ့်ပြဿနာစစ်စစ်က ဘာလဲလို့မေးရင် လူမှုရေးပြဿနာ SOCIAL PROBLEM ပဲဖြစ်ပါတယ်။ ဘာလဲဆိုရင် GAY တွေကို ခွဲခြားဆက်ဆံတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။

          ဖွံ့ဖြိုးဆဲနိုင်ငံတော်တော်များများမှာ လိင်တူလက်ထပ်တာကို အသိအမှတ်မပြုပါဘူး။ လိင်တူလက်ထပ်တာကို အသိအမှတ်မပြုတဲ့ဒေသမှာ GAY က ကိုယ်ဝန်ဆောင်လိုက်ရင် လူမှုရေးပြဿနာကို မရှင်းဘဲ ကလေးမရတဲ့ပြဿနာကို ရှင်းသလိုဖြစ်သွားပြီး ပြဿနာတော်တော်များများ တက်နိုင်ပါတယ်။

 

         လူမှုရေးပြဿနာကို ဖြေရှင်းဖို့ဆိုတာကတော့ GAY တွေအတွက် အလွန်ကြီးမားတဲ့ စိန်ခေါ်မှုကြီး ဖြစ်နေပြန်ပါတယ်။ ဂေးတွေ လိင်တူလက်ထပ်ခွင့်မရတာကို စိတ်ပျက်မိတယ်။ ဘယ်လိုလုပ်ရမလဲလို့ မေးဖူးတဲ့ ဂေးရှိပါတယ်။

 

         ဂေးက စိတ်ပျက်တယ်ဆိုတော့ ကောင်းဆဲလင်း (နှစ်သိမ့်အကြံပြုဆွေးနွေးခြင်း) လုပ်ရပါမယ်။ ဂေးဖြစ်နေလို့ ကောင်းဆဲလင်းလုပ်တာ မဟုတ်ဘဲ စိတ်ပျက်ခြင်း FRUSTRATION ကြောင့် ကောင်းဆဲလင်း လုပ်ရမှာပါ။

 

         ဒါပေမယ့် ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ နှစ်သိမ့်အကြံပေး ပြုဆွေးနွေးသူ (ကောင်းဆဲလာ) ဖြစ်ဖို့ လိုင်စင်လိုပါတယ်။

          ကောင်းဆယ်လာ တစ်ဦးဖြစ်ရန် စိတ်ပညာဘွဲ့ PSYCHOLOGY ဘွဲ့ရဖြစ်ရန်လိုပြီး အစိုးရအသိအမှတ်ပြု စိတ်ပညာကောင်စီက လိုင်စင်ထုတ်ပေးပါတယ်။


          ဒါကြောင့် GAY ရဲ့ စိတ်ပျက်မှု FRUSTRATION ကို ကောင်းဆဲလင်းမလုပ်ခဲ့ပါဘူး။ ကောင်းဆဲလင်း မလုပ်ခဲ့ပေမယ့် ဘဝမှာ သိခဲ့၊ တွေ့ခဲ့၊ မြင်ခဲ့၊ ကြားခဲ့၊ ကြုံခဲ့ရတာတွေကို မျှဝေခြင်းလုပ်ခဲ့ဖူးပါတယ်။ FRUSTRATION ဆိုတဲ့ လိုဘ မပြည့်ခြင်းဆိုတာ လူတိုင်းမှာ ရှိနိုင်ပါတယ်။


          တချို့ကလည်း လိုဘမပြည့်ခြင်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကျော်လွှားနိုင်ကြပြီး တချို့ကတော့ မကျော်လွှားနိုင်ဘဲ စိတ်ပိုင်းဆိုင်ရာ ပြဿနာပေါ်ခဲ့ရင်တော့ ကောင်းဆဲလင်း ခံယူသင့်ပါတယ်။

Credit : ဒေါက်တာ ထွန်းဝင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18